ဘဏ္ဍာနှစ်အလိုက် တိုးချဲ့စိုက်ပျိုးလာမည့် နေကြာသီးနှံ ဧရိယာအတွက် လိုအပ်လာမည့် မျိုးစေ့ပမာဏ ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်း
  • Tue, 21 March 2023

ဘဏ္ဍာနှစ်အလိုက် တိုးချဲ့စိုက်ပျိုးလာမည့် နေကြာသီးနှံ ဧရိယာအတွက် လိုအပ်လာမည့် မျိုးစေ့ပမာဏ ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်း


နေကြာမျိုးစေ့ထုတ်လုပ်ရာတွင် ဆောင်ရွက်ရမည့်အစီအစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြုရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ဆွေလင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်၊ ဒေါက်တာရဲတင်ထွန်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ‌‌‌ဒေါက်တာနိုင်ကြည်ဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွား ဒုတိယဝန်ကြီးက နိုင်ငံတော်၏ လယ်ယာကဏ္ဍဆိုင်ရာမူဝါဒများနှင့်အညီ စားရေး ရိက္ခာဖူလုံပိုလျှံရေးနှင့် လယ်ယာကုန်ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ဖွံဖြိုးတိုးတက်ရေး အတွက် မိမိတို့ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှုနှင့် ဆောင်ရွက်ပေးလို မှုကို တောင်သူများ၊ ပုဂ္ဂလိကများ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက် လာရေးအတွက် မီဒီယာအားကိုးထိထိရောက်‌ရောက် အသုံးချရန်လိုအပ်ကြောင်း၊ ပြည်တွင်းစား သုံးဆီလိုအပ်ချက်ကို စိုက်ပျိုးရာသီ တစ်ရာသီ နှစ်ရာသီအတွင်းဖြည့်ဆည်းပေးနိုင်ရန် ဆီထွက်သီးနှံနေကြာအား တိုးချဲ့စိုက်ပျိုးလျက်ရှိရာ တစ်ဧကနေကြာအထွက်နှုန်းနှင့် ဆီထွက် ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ အသုံးပြုစိုက်ပျိုးနိုင်ရေးအတွက် စီမံကိန်းဦးစီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများအလိုက် နေကြာမျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းအတွက် ပညာရှင်ဝန်ထမ်းများ သီးခြားတာဝန်ချထားပေးနိုင်ရေး၊ တိကျသည့် လုပ်ငန်းကာလနှင့် ရန်ပုံငွေအသုံးပြုနိုင်ရေး၊ ဒေသအလိုက် ရာသီအလိုက် နေကြာမျိုးစေ့ထုတ်လုပ်သွားမည့် အစီအစဉ်များနှင့် ရန်ပုံငွေအသုံးပြုနိုင်ရေး၊ ဒေသအလိုက် ရာသီအလိုက် နေကြာမျိုးစေ့ ထုတ်လုပ်မည့် အစီအစဉ်များနှင့် ထွက်ရှိလာသည့် မျိုးစေ့များ သိုလှောင်မည့် အအေးခန်း သိုလှောင်ရုံ အသုံးပြုနိုင်ရေး နေကြာမျိုးသန့်မျိုးပွားဆောင်ရွက်မည့် တောင်သူများအား မျိုးစေ့သန့်စင်စက် အသုံးပြုနိုင်ရေးအတွက် စီမံ‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။ 

ထို့နောက် ဦးစီးဌာနအလိုက် တာဝန်ရှိသူများက ဘဏ္ဍာနှစ်အလိုက် တိုးချဲ့စိုက်ပျိုး လာမည့် နေကြာသီးနှံဧရိယာအတွက် လိုအပ်ချက်အရ မျိုးစေ့ပမာဏ ပြည်မီအောင် ဖြည့်ဆည်း ပေးနိုင်ရေး၊ နေကြာမျိုးစေ့ထုတ်လုပ်ငန်းစဉ်တစ်လျှောက်ဆောင်ရွက်ရမည့် အစီအစဉ်များ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာက ထုတ်လုပ်ထားသည့် ရေဆင်းစပ်မျိုး နေကြာ-၁ နှင့် ဆင်းရွှေကြာ-၂ နေကြာမိဘလိုင်များ ဆောင်ရွက်ထားရှိမှု၊ စပ်မျိုး(F1) မျိုးစေ့ထုတ်လုပ်နိုင်မည့် အခြေအနေနှင့် ဆင်းရွှေကြာ-၂ မျိုးသန့်ပွားများမှုနှင့် ဖြန့်ဖြူးပြီးစီးမှု၊ စိုက်ပျိုးရေးဦးစီးဌာန မျိုးသန့်ခြံများမှ နေကြာမျိုးများ ဖြန့်ဖြူးပေးမည့်အစီအစဉ်များ၊ မျိုးစေ့စီးဆင်းမှုမှန်ကန်ရေးနှင့် တောင်သူများ ပူးပေါင်းပါဝင်သော နေကြာမျိုးသန့်ပွားများ ပြန့်ပွားရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။