
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နေပြည်တော် တွင် တည်ဆောက်လျက်ရှိသည့် ISO အသိအမှတ်ပြု ဓာတ်ခွဲခန်း တည်ဆောက်ရေး လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး
စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း သည် နိုဝင်ဘာလ ၂၄ ရက် ညနေပိုင်းတွင်
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင် ၊ ညွှန်ကြားရေးမှူး ဦးသိန်းတန် နှင့် တာဝန်ရှိသူများလိုက်ပါလျက်
နေပြည်တော် ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေး သိပ္ပံကျောင်းဝန်းအတွင်း၌ တည်ဆောက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ
စံချိန်စံညွှန်း သတ်မှတ်ရေးအဖွဲ့ ISO အသိအမှတ်ပြု ဓာတ်ခွဲခန်း တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးရာ
တာဝန်ယူ တည်ဆောက်လျက်ရှိသည့် ယွန်းပိုးသံစဉ်ကုမ္ပဏီ မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ် က သတ်မှတ်စံချိန် စံညွှန်းပြည့်မီရေး ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်
Covid ကာလ ကျန်းမာရေးဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ယခုတည်ဆောက်လျက်ရှိသည့် ISO အသိအမှတ်ပြု ဓာတ်ခွဲခန်း တွင် ပိုးမွှားရောဂါ ဆိုင်ရာများ၊ စိုက်ပျိုးရေး သွင်းအားစု တင်သွင်းတင်ပို့ခြင်းဆိုင်ရာ ထောက်ခံချက် ထုတ်ပေး နိုင်ရေးအတွက် လိုအပ်သော ဓာတ်ခွဲ အတည်ပြုခြင်းဆိုင်ရာလုပ်ငန်းများ၊ ပြည်ပပို့ကုန်များတွင် ဓာတု ဓာတ်ကြွင်း ပါဝင်မှု စစ်ဆေးခြင်းဆိုင်ရာများ စသည့် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး ဌာနခွဲက ဆောင်ရွက်လျက်ရှိသည့် ဓာတ်ခွဲခန်းလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် တည်ဆောက် ခြင်း ဖြစ်ကြောင်း ၊ အလားတူ ISO အသိအမှတ်ပြု ဓာတ်ခွဲခန်း ကို မန္တလေးမြို့တွင် တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
- ဖော်ပြသည့် နေရာ: သတင်း
- ပေးပို့သည့်နေ့ရက်: 2020-11-25
- ဖတ်ပြီးသည့် အကြိမ်အရေအတွက်: 134
- မှတ်ချက်: 0
အမျိုးအစားတူသော သတင်းများ
- ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးဆိုင်ရာ တန်ဖိုးကွင်းဆက်(CFAVC) စီမံကိန်း၊ ဈေးနှုန်းတောင်းခံလွှာများ ဖိတ်ခေါ်ခြင်း နှင့် GD-01 Office Furniture အတွက် တင်သွင်းရန် တိုးမြှင့်သတ်မှတ်ခြင်း
- စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေး လုပ်ငန်းစီမံချက်
- ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးဆိုင်ရာ တန်ဖိုးကွင်းဆက်(CFAVC) စီမံကိန်း၊ ဈေးနှုန်းတောင်းခံလွှာများ ဖိတ်ခေါ်ခြင်း
- ပယ်ဖျက်မြေဩဇာမှတ်ပုံတင်များအား ကြေငြာခြင်း
- မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်း(NFASP) ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာစီမံခန့်ခွဲမှု မူဘောင်အကျဉ်းချုပ်အစီရင်ခံစာ
- မြေဩဇာကော်မတီအစည်းအဝေးမှ ပယ်ဖျက်ခွင့်ပြုသည့် ပြည်တွင်းပြည်ပမှ ထုတ်လုပ်/တင်သွင်းသော မြေဩဇာမှတ်ပုံတင်လက်မှတ်များ
- တောင်သူအခြေပြု ဈေးကွက်သတင်းအချက်အလက်စနစ်၏ Data Analysis ( Online Training) သင်တန်းဖွင့်ပွဲ
- လစာနှုန်း(ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)အဆင့်ရှိ နည်းပြရာထူးနေရာများသို့ သွတ်သွင်းခန့်ထားခြင်းခံရသည့် ဝန်ထမ်းများစာရင်း
- လစာနှုန်း(ကျပ်၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)အဆင့်ရှိ နည်းပြရာထူးသို့သွတ်သွင်းခန့်ထားရေးလူတွေ့ဖြေဆိုရန်
- စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ ဦးလှမြင့်အောင်မှ ISO Lab (နေပြည်တော်) တည်ဆောက်ရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။
Tags တူသော ဆက်စပ်သတင်းများ
- ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးဆိုင်ရာ တန်ဖိုးကွင်းဆက်(CFAVC) စီမံကိန်း၊ ဈေးနှုန်းတောင်းခံလွှာများ ဖိတ်ခေါ်ခြင်း နှင့် GD-01 Office Furniture အတွက် တင်သွင်းရန် တိုးမြှင့်သတ်မှတ်ခြင်း
- စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေး လုပ်ငန်းစီမံချက်
- ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးဆိုင်ရာ တန်ဖိုးကွင်းဆက်(CFAVC) စီမံကိန်း၊ ဈေးနှုန်းတောင်းခံလွှာများ ဖိတ်ခေါ်ခြင်း
- ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ဒုတိယ(၁ဝ)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်
- ပယ်ဖျက်မြေဩဇာမှတ်ပုံတင်များအား ကြေငြာခြင်း
- မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်း(NFASP) ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာစီမံခန့်ခွဲမှု မူဘောင်အကျဉ်းချုပ်အစီရင်ခံစာ
- ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ပထမ(၁ဝ)ရက်ပတ်အတွက် မိုးလေဝသ ခန့်မှန်းချက်
- မြေဩဇာကော်မတီအစည်းအဝေးမှ ပယ်ဖျက်ခွင့်ပြုသည့် ပြည်တွင်းပြည်ပမှ ထုတ်လုပ်/တင်သွင်းသော မြေဩဇာမှတ်ပုံတင်လက်မှတ်များ
- (၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
- တောင်သူအခြေပြု ဈေးကွက်သတင်းအချက်အလက်စနစ်၏ Data Analysis ( Online Training) သင်တန်းဖွင့်ပွဲ
မှတ်ချက်ရေးရန်