Department of Agriculture

မြေသြဇာများထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်းမှတ်ပုံတင်လျှောက်ထားရာတွင် လိုက်နာဆောင်ရွက်ရန်ကိစ္စ။

၁။ မြေသြဇာကော်မတီသည် မြေသြဇာသုံးစွဲသူ တောင်သူလယ်သမားများ အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်းကိုက်ညီသည့် မြေသြဇာများကို သုံးစွဲနိုင်ရန်အတွက် မြေသြဇာဥပဒေ၊ မြေသြဇာဥပဒေဆိုင်ရာ
လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျှက်ရှိရာတွင် ကုမ္ပဏီများမှ မှတ်ပုံတင်ရန်လျှောက်ထားလာသော မြေသြဇာများကို မြေသြဇာဆိုင်ရာ နည်းပညာကော်မတီနှင့် မြေသြဇာကော်မတီအဆင့်ဆင့်သို့ တင်ပြ၍ မြေသြဇာအမျိုးအစားလိုက် အာဟာရဓာတ်ပါဝင်မှု မှန်ကုန်စေရေး၊ အရည်အသွေးပြည့်ဝစေရေးစိစစ်၍ မှန်ကုန်မှုရှိပါက မြေသြဇာကော်မတီဆုံးဖြတ်ချက်ဖြင့် မှတ်ပုံတင်ခွင့်ပြုခြင်းဖြစ်သည်။

၂။ မှတ်ပုံတင်လျှောက်ထားသူများအနေဖြင့် မြေသြဇာမှတ်ပုံတင် လျှောက်ထားရာတွင် မြေသြဇာအမျိုးအစားအလိုက် လျှောက်လွှာပုံစံ၊ ဓာတ်ခွဲစစ်ဆေးချက်အအဖြေ၊ ထုပ်ပိုးပစ္စည်းဓာတ်ပုံ၊ ထုတ်လုပ်မြေသြဇာများဖြစ်ပါက ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ရွက်ဖျန်းနှင့် ဇီဝမြေသြဇာများဖြစ်ပါက သီးနှံစမ်းသပ် စိုက်ပျိုးခြင်း Field Trial Test စမ်းသပ်တွေ့ရှိချက်စသည်တို့ပါဝင်လျှက် မြေသြဇာကော်မတီသို့ လျှောက်ထားရမည်ဖြစ်ပါသဖြင့် ပူးတွဲဖော်ပြပါ အချက်အလက်များ ပြည့်စုံစွာပါဝင်၍ မြေသြဇာမှတ်ပုံတင်ဌာနစိတ်သို့ တင်ပြချက်စာတမ်း (၁၅)စုံ ပြုစုပေးပို့ရန်နှင့် မြေသြဇာဆိုင်ရာနည်းပညာကော်မတီ အစည်းအဝေး မကျင်းပမီ (၇)ရက် ခန့်ကြိုတင်ပြီး ပေးပို့ရန် အကြောင်းကြားပါသည်။ ( တင်ပြချက်အား pyidaungsu font ၊ font size 13/14ဖြင့် ရိုက်နှိပ်၍ တင်ပြရမည်ဖြစ်ပါသည်။


  • ရေးသူ: doauser01
  • ဖော်ပြသည့် နေရာ: သတင်း
  • ပေးပို့သည့်နေ့ရက်: 2019-05-30
  • ဖတ်ပြီးသည့် အကြိမ်အရေအတွက်: 1139
  • မှတ်ချက်: 0

Tags:

အမျိုးအစားတူသော သတင်းများ

Tags တူသော ဆက်စပ်သတင်းများ

မှတ်ချက်ရေးရန်