စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင် လစ်လပ် လျှက်ရှိသော အောက်ဖော်ပြပါရာထူးနေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။
- ကုဒ်နံပါတ်: EENO1
၁။ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင် လစ်လပ် လျှက်ရှိသော အောက်ဖော်ပြပါရာထူးနေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။
စဉ် ရာထူး/လစာနှုန်း(ကျပ်) လစ်လပ်နေရာ ပညာအရည်အချင်း
(က) ဒုတိယဦးစီးမှူး(စိုက်ပညာရှင်)
(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၇၁)နေရာ B.Agr.Sc
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) ( ၂၈- ၂- ၂၀၂၀ )ရက်နေ့တွင် အသက်(၃၀)နှစ်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
( ဂ ) မဟာဘွဲ့ရပြီးသူများအတွက် အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(ဃ) အနည်းဆုံးလုပ်သက် တစ်ဆက်တည်း(၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
( င ) ကျန်းမာရေးကောင်းမွန်ပြီး ဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။
လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက်အထားများ
ပူးတွဲလျှက် စိုက်ပျိုးရေးဦးစီးဌာန၊ ရုံးအမှတ်(၄၃)၊ နေပြည်တော်သို့
(၂၈-၂-၂၀၂၀)ရက်နေ့ အရောက်ပေးပို့လျှောက်ထားရမည်။
(က) ဘွဲ့လက်မှတ်မိတ္တူ (လူတွေ့စစ်ဆေးခြင်းဖြေဆိုသည့်အခါ အောင်လက်မှတ်မူရင်း တင်ပြရန်)
(
ခ ) အသက်အထောက်အထားအတွက် အခြေခံပညာအထက်တန်းအောင်/တက္ကသိုလ်
ဝင်တန်းအောင်လက်မှတ်မိတ္တူ (လူတွေ့စစ်ဆေးခြင်းဖြေဆိုသည့်အခါ အောင်လက်မှတ်
မူရင်းတင်ပြရန်)
( ဂ ) လျှောက်လွှာပိတ်ရက်မတိုင်မီ(၆)လအတွင်း
သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံထား သည့် ပြစ်မှု၊ မှုခင်းကင်းရှင်းကြောင်း
ထောက်ခံချက်မူရင်း
(ဃ) လျှောက်လွှာပိတ်ရက်မတိုင်မီ(၁)လအတွင်း
ရိုက်ကူးထားသော ရောင်စုံလိုင်စင် ဓါတ်ပုံ(၂)ပုံ (နောက်ကျောတွင်အမည်နှင့်
နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ရေးသားဖော်ပြရန်)
( င ) ပြင်ပမှလျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်မိတ္တူ
( စ ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်း
-၂-
၄။
လျှောက်လွှာများကို နေပြည်တော်၊ ရုံးအမှတ်(၄၃)၊ စိုက်ပျိုးရေးဦးစီးဌာန၊
မူဝါဒ၊စည်းမျဉ်းနှင့် ဝန်ထမ်းရေးရာဌာနခွဲ၊
ဝန်ထမ်းရေးရာဌာနစိတ်(၇)နှင့်တိုင်းဒေသကြီး/ပြည်နယ်၊ခရိုင်၊ စိုက်ပျိုးရေး
ဦးစီးဌာနရုံးများတွင် ရရှိနိုင်ပါသည်။
၅။ လျှောက်လွှာပိတ်ရက်ထက်
ကျော်လွန်ပေးပို့လာသော လျှောက်လွှာများနှင့်အချက်အလက် များပြည့်စုံစွာ
ဖြည့်စွက်ဖော်ပြထားခြင်းမရှိသော လျှောက်လွှာများကို လက်ခံမည်မဟုတ်ပါ။
၆။
အရည်အချင်းစစ်ရေးဖြေစာမေးပွဲအား စိုက်ပျိုးရေးတက္ကသိုလ်(ရေဆင်း)တွင်
မြန်မာစာ၊ အထွေထွေဗဟုသုတ၊ အင်္ဂလိပ်စာတို့အား မေးခွန်းတစ်ခုလျှင်
(၂)နာရီဖြင့် အောက်ပါနေ့ရက်များ အတိုင်းဖြေဆိုရမည်ဖြစ်သည်။
စဉ် ဖြေဆိုရမည့်ဘာသာရပ် နေ့ရက် အချိန်
(က) မြန်မာစာ ၇- ၃- ၂၀၂၀ ( ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီထိ )
( ခ ) အထွေထွေဗဟုသုတ ။ ( ၁၃:၀၀ နာရီမှ ၁၅:၀၀ နာရီထိ )
( ဂ ) အင်္ဂလိပ်စာ ၈- ၃- ၂၀၂၀ ( ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီထိ )
၇။
ရေးဖြေစာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို(၆-၃-၂၀၂၀)ရက်(သောကြာနေ့)တွင်
နေပြည်တော် ရုံးအမှတ်-၄၃၊ စိုက်ပျိုးရေးဦးစီးဌာန၊ မူဝါဒ၊စည်းမျဉ်းနှင့်
ဝန်ထမ်းရေးရာဌာနခွဲ၊ ဝန်ထမ်းရေးရာ ဌာနစိတ်(၇)၌ ဖြေဆိုမည့်သူကိုယ်တိုင်
နိုင်ငံသားစိစစ်ရေးကတ်ပြား ပြသ၍ ရုံးချိန်အတွင်းထုတ်ယူ ရပါမည်။
၈။
ရေးဖြေအောင်မြင်သူများအား လူတွေ့စစ်ဆေးမည့်အစီအစဉ်ကို ထပ်မံအကြောင်းကြား
မည်ဖြစ်ပြီး သိရှိစုံစမ်းလိုပါက စိုက်ပျိုးရေးဦးစီးဌာန Website
www.doa.gov.mmနှင့် အပိုဒ်(၉)ပါ ဖုန်းနံပါတ်များကို
ဆက်သွယ်စုံစမ်းနိုင်ပါသည်။
၉။ အသေးစိတ်သိရှိလိုပါက
စိုက်ပျိုးရေးဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၄၁၀၃၂၅/
၀၆၇-၄၁၀၅၁၇/၀၆၇-၄၁၀၅၇၈ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန