၂၀၂၄-၂၀၂၅ ခုနှစ်၊ကြံရာသီ သကြားစက်ရုံများ၏ ကြံဝယ်ယူရေး သယ်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
  • Mon, 11 November 2024

၂၀၂၄-၂၀၂၅ ခုနှစ်၊ကြံရာသီ သကြားစက်ရုံများ၏ ကြံဝယ်ယူရေး သယ်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


၂၀၂၄-၂၀၂၅ ခုနှစ်၊ကြံရာသီ သကြားစက်ရုံများ၏ ကြံဝယ်ယူရေး သယ်ယူရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ ၁၁ ရက်နေ့ က နေပြည်တော် ရုံးအမှတ်(၅၀) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဥက္ကဌ နှင့် သကြားစက် လုပ်ငန်းရှင် ကုမ္ပဏီများမှ တာဝန်ရှိသူများ ၊ သကြားစက်ရုံမှူးများ ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးများ၊ ကြံသီးနှံ ခြံတာဝန်ခံများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် က စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးလျက် ရှိသည့် ကြံမျိုးကောင်း မျိုးသန့်ရရှိရေး ၊ စိုက်နည်းစနစ်များ နည်းပညာပေးခြင်းလုပ်ငန်းများ ၊ ပြည်ပသို့ သကြားတင်ပို့ခြင်းနှင့် စက်အရန်ပစ္စည်းများ တင်သွင်းရန် အသင်း၏ ထောက်ခံချက်လိုအပ်ပါက ဆောင်ရွက်ပေး လျက်ရှိမှု တို့ကို ဆွေးနွေးပြောကြားသည်။ 

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက ယခုနှစ် ကြံရာသီတွင် ကြိတ်ဝါးရန် ကြံလျာထား တန်ချိန်ပမာဏ ၊ ကြံဝယ်ဈေးနှုန်း ၊ ကြံဝယ်ယူ ကြံသယ်ယူမည့်အစီအစဉ်များ ၊ ကြံတောင်သူများနှင့် ပူးပေါင်း၍ အကျိုးတူ Contract Farming ဆောင်ရွက်မည့်အစီအစဉ်များ ၊ ယခုနှစ်ကြိတ်ဝါးရာသီတွင် သကြားစက်ရုံများ လည်ပတ်နိုင်ရေး အတွက် လုပ်ငန်းလိုအပ်ချက်များ၊ ၂၀၂၄-၂၀၂၅ ကြံရာသီအတွက် အခြေခံကြံဝယ်ဈေးနှုန်းသတ်မှတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြ ကြောင်းသတင်းရရှိသည်။