ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ၊ ၂၀၁၇ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်
အကြောင်းအရာ။ သတင်းစာလျှောက်လွှာခေါ်ယူသည့် နည်းပြ(စိုက်ပျိုးရေး)/ နည်းပြ(မွေးမြူရေး)နှင့် ဒုတိယနည်းပြ(သိပ္ပံ)ရာထူးများအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားထုတ်ယူရန်ကိစ္စ
၁။ စိုက်ပျိုးရေးသိပ္ပံများတွင် လစာနှုန်း(ကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)အဆင့်ရှိ နည်းပြ(စိုက်ပျိုးရေး)/နည်းပြ(မွေးမြူရေး)နှင့် လစာနှုန်း(ကျပ် ၁၆၅၀၀၀-၂၀၀၀-၁၇၅၀၀၀)အဆင့်ရှိ ဒုတိယနည်းပြ(သိပ္ပံ)ရာထူးများခန့်ထားရေးအတွက် အရည်အချင်းစစ်ရေးဖြေစာမေးပွဲအား စိုက်ပျိုးရေးတက္ကသိုလ်(ရေဆင်း)တွင် (၂၆-၈-၂၀၁၇)နှင့်(၂၇-၈-၂၀၁၇)ရက်နေ့တို့တွင် ဖြေဆိုရမည်ဖြစ်ကြောင်း သတင်းစာကြော်ငြာတွင် ဖော်ပြထားရှိပြီး ဖြစ်ပါသည်။
၂။ သို့ပါ၍ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို (၂၅-၈-၂၀၁၇)ရက်နေ့(သောကြာနေ့)တွင် နေပြည်တော်၊ ရုံးအမှတ်-၄၃၊ စိုက်ပျိုးရေးဦးစီးဌာန၊ မူဝါဒ၊စည်းမျဉ်းနှင့်ဝန်ထမ်းရေးရာဌာနခွဲ၊ ဝန်ထမ်းရေးရာဌာနစိတ်-၇၌ ဖြေဆိုမည့်သူကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြသ၍ ရုံးချိန်အတွင်း ထုတ်ယူရေးအတွက် ရာထူးလျှောက်ထားဖြေဆိုမည့်သူများ သိရှိနိုင်ပါရန် အကြောင်းကြားပါသည်။
Registration is free and easy!