မှိုမျိုးစုံမွေးမြူ စိုက်ပျိုးထုတ်လုပ်နည်း သင်တန်းဖွင့်လှစ်

မှိုမျိုးစုံမွေးမြူ စိုက်ပျိုးထုတ်လုပ်နည်း သင်တန်းဖွင့်လှစ်

အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မှိုစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် အချိန်တိုအတွင်း ဝင်ငွေရရှိစေရန်အတွက် မှိုမျိုးစုံမွေးမြူ စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဘက်စုံစိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်း (၁၀)မိုင်၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်ဦး တက်ရောက်၍ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မိသားစုတစ်ပိုင် တစ်နိုင် လုပ်ငန်းမှ စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်နိုင်မှု အခွင့်အလမ်းများကို ရှင်းလင်းပြောကြား ခဲ့သည်။


အဆိုပါသင်တန်းကို စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ က တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး သင်တန်းသို့ ရန်ကုန် ၊ ပဲခူး ၊ မကွေး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ မှိုစိုက်ပျိုးရေး လုပ်ငန်း စိတ်ပါဝင်စားသူများတက်ရောက်လျက်ရှိပြီး ၊ Covid-19ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဒီဇင်ဘာလ(၁၅)ရက်နေ့ မှ (၂၁)ရက်နေ့အထိ (၇)ရက်အတွင်း စာတွေ့လက်တွေ့ပို့ချပေးမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက မိမိဒေသတွင် လက်တွေ့ လုပ်ကိုင်နိုင်ကြရန် လိုအပ်သော မှိုမျိုးထုပ်များ ပံ့ပိုးပေးသွားမည်ဖြစ်ပြီး လက်တွေ့ ဆောင်ရွက်စဉ် အခက်အခဲကြုံတွေ့ရပါက သင်တန်းကျောင်းနှင့်ဆက်သွယ်အကူအညီ ရယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။




စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ အနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများဖြန့်ဝေပေးရေးလုပ်ငန်းများ၊ တောင်သူလက်တွေ့သင်တန်းများ ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနများ၊ မိတ်ဘက်အဖွဲ့အစည်းများ နှင့် ပူးပေါင်း ၍ ဒေသအရောက် စိုက်ပျိုးနည်းပညာပေး စာတွေ့လက်တွေ့သင်တန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။