၂၀၂၁ ခုနှစ်၊ မေလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်

၂၀၂၁ ခုနှစ်၊ မေလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်

၂၀၂၁ ခုနှစ်၊ မေလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်

(မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်း)


တင်ပြသူ -  ဦးထက်‌ဝေထွန်း -  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

…………………………………………………………………………….........................................

မင်္ဂလာပါခင်ဗျာ-

အခုတစ်ပတ်တင်ပြမှာကတော့ ၂၀၂၁ ခုနှစ်၊ မိုးရာသီကာလယေဘုယျခန့်မှန်းချက်၊ မိုးဦး ကာလခန့်မှန်းချက်နှင့် မေလအတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်များ ဖြစ်ပါတယ်။ 

အနောက်တောင်မုတ်သုံလေ ၀င်ရောက်ခြင်း၊ ဆုတ်ခွာခြင်းအ‌ခြေအနေကတော့ အနောက် တောင်မုတ်သုံလေဟာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့မှ (၈)ရက်နေ့ (မြန်မာ သက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၉)ရက်နေ့မှ (၁၄)ရက်နေ့အတွင်း မြန်မာနိုင်ငံ တစ်နိုင်ငံလုံးသို့ ၀င်ရောက်ဖွယ်ရာရှိပြီး၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ဒုတိယရက်သတ္တပတ် (မြန်မာ သက္ကရာဇ်၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်းခန့်)မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ပြန်လည်ဆုတ်ခွာ သွားဖွယ်ရာရှိ ပါတယ်။


အခုဆက်လက်ပြီး၊ မိုးရာသီကာလအတွက် ယေဘုယျခန့်မှန်းချက်များကို ဆက်လက် တင်ပြပါ့မယ်။ 


မိုးဦးကာလဟာ ၂၀၂၁ ခုနှစ်၊ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံအတွင်းသို့ စတင် ၀င်ရောက်သည့်နေ့မှ ဇွန်လကုန်ထိ ဖြစ်ပါတယ်။ မိုးဦးကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်‌၀န်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည် အားအသင့် အတင့်ရှိနိုင်ပါတယ်။ 


မိုးရွာသွန်းမှုအ‌ခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။ 


မိုးဦးကာလ မေလနဲ့ ဇွန်လတို့မှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဒုဋ္ဌဝတီမြစ်၊ မြစ်သာမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်၊ ကုလားတန် မြစ်၊ လေးမြို့မြစ်နဲ့ ဘီးလင်းမြစ်တစ်လျှောက်ရှိ မြို့များမျာ မြစ်ရေများဟာ လက်ရှိရေမှတ်များ အထက် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များရဲ့ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်နိုင်ဖွယ် မရှိပါ။


မိုးလယ်ကာလဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှ သြဂုတ်လကုန်အထိ ဖြစ်ပါတယ်။ မိုးလယ်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း (၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ ယင်းကာလ အတွင်း အနောက်တောင်မုတ်သုံလေဟာ အားအသင့်အတင့်မှ အားကောင်းနိုင်ပါတယ်။ 


မိုးရွာသွန်းမှု အ‌ခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ ရွာသွန်းမြဲအောက် လျော့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။


မိုးလယ်ကာလ ဇူလိုင်လနဲ့ သြဂုတ်လတို့မှာ ဧရာဝတီမြစ်ရေဟာ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နဲ့ ညောင်ဦးမြို့တို့မှာ (၁)ကြိမ်ခန့် စီ၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၂)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ဟုမ္မလင်းမြို့နဲ့ ဖောင်းပြင်မြို့တို့မှာ (၂)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁)ကြိမ်ခန့်၊ စစ်တောင်း မြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၂)ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဖားဆောင်းမြို့နဲ့ ဘားအံမြို့ တို့မှာ (၁)ကြိမ်ခန့်စီ၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ (၁)ကြိမ်ခန့်စီနဲ့ သာပေါင်းမြို့မှာ (၂)ကြိမ်ခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၂)ကြိမ်ခန့်၊ ကုလားတန်မြစ်ရေဟာ ကျောက်တော်မြို့မှာ (၁)ကြိမ်ခန့်၊ လေးမြို့ မြစ်ရေဟာ မြောက်ဦးမြို့မှာ (၁)ကြိမ်ခန့်၊ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၁)ကြိမ်ခန့် ယင်းမြို့များရဲ့ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါတယ်။



မိုးနှောင်းကာလဟာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှ အနောက်တောင်မုတ် သုံလေ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ပြန်လည်ဆုတ်ခွာသွားသည့် နေ့အထိဖြစ်ပါတယ်။ မိုးနှောင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း (၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ ယင်းကာလအတွင်း အနောက် တောင်မုတ်သုံလေဟာ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပါတယ်။ မိုးရွာသွန်းမှုအ‌ခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။ 


မိုးနှောင်းကာလ စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့တို့မှာ (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့နဲ့ သာပေါင်းမြို့တို့မှာ (၁)ကြိမ်ခန့်နဲ့ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ကြိမ်ခန့် ယင်းမြို့များရဲ့ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါတယ်။ 


ယခုဆက်လက်ပြီး ၂၀၂၁ ခုနှစ်၊ မိုးဦးကာလအတွက် မိုးလေ၀သနဲ့ ဇလဗေဒခန့်မှန်းချက် များကို တင်ပြလိုပါတယ်။

၂၀၂၁ ခုနှစ်၊ မိုးဦးကာလ သတ်မှတ်ခြင်းအနေနဲ့ကတော့ မိုးဦးကာလဟာ မြန်မာနိုင်ငံ အတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင် ဝင်ရောက်သည့်နေ့မှ ၂၀၂၁ ခုနှစ်၊ ဇွန်လကုန်အထိ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ မုတ်သုံလေ ဝင်ရောက်နိုင်မှုအ‌ခြေအနေကတော့ အနောက်တောင် မုတ်သုံလေ သည် မြန်မာနိုင်ငံအရပ်ရပ်သို့ အောက်ပါအတိုင်း ဝင်ရောက်ဖွယ်ရာ ရှိပါတယ်-

(က) မေလ (၁၆ -၂၁)ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊

(ခ) မေလ (၂၂ - ၂၇)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ၊

  (ဂ) မေလ (၂၈)ရက်နေ့မှ ဇွန်လ (၂)ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနဲ့

(ဃ) ဇွန်လ (၃ - ၈)ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများကို ဝင်ရောက်ဖွယ်ရာ ရှိပါတယ်။


ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်‌၀န်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေဟာ အားအသင့်အတင့် ရှိနိုင်ပါတယ်။


မိုးရွာသွန်းမှုအ‌ခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။


မိုးဦးကာလ မေလနဲ့ ဇွန်လတို့မှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဒုဋ္ဌဝတီမြစ်၊ မြစ်သာမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်၊ ကုလားတန် မြစ်၊ လေးမြို့မြစ်နဲ့ ဘီးလင်းမြစ်တစ်လျှောက်ရှိ မြို့များမှာ မြစ်ရေများဟာ လက်ရှိရေမှတ်များ အထက် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များရဲ့ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်နိုင်ဖွယ် မရှိပါ။


အခုဆက်လက်ပြီး၊ လာမည့်မေလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်များကို ဆက်လက် တင်ပြပါမယ်။ 

အနောက်တောင်မုတ်သုံလေဟာ မေလ (၁၆ - ၂၁)ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်း ဒေသများသို့လည်းကောင်း၊ မေလ (၂၂ - ၂၇)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်း ကောင်း၊ မေလ (၂၈)ရက်နေ့မှ ဇွန်လ (၂)ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ လည်းကောင်း အသီးသီး၀င်ရောက်နိုင်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်‌၀န်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ‌ရောက်ရှိနိုင်ပါတယ်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေဟာ အားအသင့်အတင့်ရှိနိုင်ပါတယ်။ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။


မိုးရွာသွန်းမှုအ‌ခြေအနေမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာရက်များ အနေနဲ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁၅)ရက်မှ (၂၂)ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ကယား ပြည်နယ်တို့မှာ (၇)ရက်မှ (၁၄)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။


နေ့အပူချိန်များအနေနဲ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ် တို့မှာ မေလပုံမှန် အပူချိန်ရဲ့ (၁.၅)ဒီဂရီစင်တီဂရိတ်နဲ့အထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မေလရဲ့ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်ပါတယ်။


မြစ်ရေအခြေအနေ ခန့်မှန်းချက်မှာ ၂၀၂၁ ခုနှစ်၊ မေလအတွင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊  ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ (၇)ပေမှ (၁၀)ပေခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၃)ပေမှ (၆)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။


ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့နဲ့ ကလေးဝမြို့ တို့မှာ (၅)ပေမှ (၇)ပေခန့်၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၃)ပေမှ (၅)ပေခန့် လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။


မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၂)ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ (၁)ပေခန့်၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ (၃)ပေမှ (၅)ပေခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက် မြို့တို့မှာ (၁)ပေခွဲမှ (၃)ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၁)ပေခွဲခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့မှာ (၂)ပေခန့်နဲ့ ပဲခူးမြို့တို့မှာ (၄)ပေခန့်၊ သံလွင်မြစ်ရေဟာ ဖားဆောင်းမြို့နဲ့ ဘားအံမြို့တို့မှာ (၂)ပေမှ (၃)ပေခွဲခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁)ပေခန့်၊ ငဝန်မြစ် ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ (၁)ပေမှ (၂)ပေခွဲခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၃)ပေခန့်၊ ကုလားတန်မြစ်ရေဟာ ပလက်ဝမြို့နဲ့ ကျောက်တော်မြို့တို့မှာ (၁)ပေမှ (၂)ပေခန့်၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့မှာ (၁)ပေခွဲခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၃)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။


အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမည့်မေလဟာ မိုးကြိုကာလမှ မိုးဦးကာလကို ကူးပြောင်းတဲ့ ကာလ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဒေသအချို့မှာ နေ့အပူချိန် မြင့်တက်နေမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ပြီး အပူချိန်မြင့်မားမှုကြောင့် မွန်းလွဲ/ညနေပိုင်း အချိန်အခါများတွင် မိုးတိမ် တောင်ကြီးများဖြစ်ပေါ်ခြင်း၊ လေပြင်းများတိုက်ခတ်တတ်ခြင်း၊ မိုးထစ်ချုန်းခြင်းနှင့် လျှပ်စီးလက် ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးများ ကြွေကျတတ်ခြင်း၊ ‌ခေတ္တမျှမိုးသည်းထန်ခြင်းတို့ ဖြစ်ပေါ်တက် ပါတယ်။ ဒါ့အပြင် အနောက်တောင်မုတ်သုံ စတင်ဝင်ရောက်ချိန်တွင် ထစ်ချုန်း မိုးသက်လေပြင်း ဖြစ်စဉ်များ နေရာကွက်ကျား ဖြစ်ပေါ်နိုင်ပြီး၊ အနောက်တောင်မုတ်သုံလေ ဝင်ရောက်ပြီး ၎င်းဖြစ်စဉ် များဟာ တစ်ဖြည်းဖြည်းလျော့ကျလာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မေလဟာ မိုးကြိုရာသီမှာ ဖြစ်ပေါ် တတ်တဲ့ မိုးကြိုမုန်တိုင်းအခြေအနေများကို စောင့်ကြည့်သတိထားရမယ့် ကာလဖြစ်သလို မြစ်ချောင်း များအနီး နေထိုင်ကြသူများအဖို့ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့လည်း လိုအပ်ပါတယ်။


အဲဒီလို ထူးခြားသည့် မိုးလေဝသအခြေအနေများနှင့် ပတ်သက်၍ ကြိုတင်သတိပေး ထုတ်ပြန်ချက် များကို မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေး ညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။


မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့Facebookသို့လည်းကောင်း၊ နေပြည်တော်မှာရှိတဲ့ အလိုအလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ သို့လည်းကောင်း၊ Call Center 1876 (ext no 5) သို့လည်း ကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ် သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှာ နေ့စဉ်ထုတ် လွှင့်လျက်ရှိတဲ့ FM ရေဒီယိုများမှလည်း မိုးလေဝသနဲ့ဇလဗေဒ သတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင် နိုင်ပါ တယ် ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။


ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေခင်ဗျာ။