၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်

တင်ပြသူ    - ဦးထက်ဝေထွန်း
-    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
…………………………………………………………………………………………………….
ယခုတစ်ပတ်တင်ပြမှာကတော့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် မိုးလေဝသနဲ့ ဇလဗေဒ ခန့်မှန်းချက်များဖြစ်ပါတယ်။ အဲဒီခန့်မှန်းချက်များကို မတင်ပြမီ ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်း မြန်မာနိုင်ငံအရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသနဲ့ ဇလဗေဒအခြေအနေများကို ဦးစွာပထမ တင်ပြလိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ဘင်္ဂလားပင်လယ်အော် အခြေအနေများမှာ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန် ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက် ပိုခဲ့ပြီး၊ တနင်္သာရီတိုင်းဒေသကြီးမှာ ရွာသွန်းမြဲခန့်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲကို မပြည့်မီပဲ ရွာသွန်းမြဲအောက် လျော့နည်းကာ မိုးထစ်ချုန်း ရွာသွန်းခဲ့ပါတယ်။
မိုးရွာရက်များ အနေနဲ့ကလည်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁)ရက်မှ (၃)ရက်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ (၄)ရက်မှ (၆)ရက် မိုးထစ်ချုန်း ရွာသွန်းခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာ မိုးရွာသွန်းခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။
ညအပူချိန်အခြေအနေများမှာ  နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်း ဒေသကြီး(အနောက်ပိုင်း)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဇန်နဝါရီလရဲ့ ပုံမှန်အပူချိန်ထက် ပိုခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတို်ငးဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ အရှေ့ ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ဇန်နဝါရီလရဲ့ ပုံမှန်အပူချိန်ခန့်သာ ရှိခဲ့ပါတယ်။
မြူအခြေအနေကလည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၂၀)ရက်မှ (၂၈)ရက်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ (၉)ရက်မှ (၁၆)ရက် နံနက်ပိုင်းအချိန်တွေမှာ မြူထူများ ဆိုင်းခဲ့ပြီး၊ မကွေး တိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ မြူထူဆိုင်းခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။





ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့မှာ ယင်းမြို့ရဲ့ ရေနည်းသတိပေးမှတ် (၃၆၀)စင်တီမီတာ အောက်သို့ (၅.၁၂.၂၀၂၁)ရက်နေ့ (၀၆:၃၀)နာရီအချိန်မှာ စတင်ရောက်ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း (၁)ပေခန့် ကျဆင်းခဲ့ကာ ရေနည်းသတိပေးမှတ်အောက်မှာ ဆက်လက်တည် ရှိနေပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း မန္တလေးမြို့ရဲ့ ဧရာဝတီမြစ်ရေ ရေနည်းမည့် အခြေ အနေသတင်း (၃)ကြိမ် ထုတ်ပြန်ပေးခဲ့ပါတယ်။
ယခုဆက်လက်ပြီး လာမည့် ဖေဖော်ဝါရီလအတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက် များကို တင်ပြလိုပါတယ်။ လာမည့် ဖေဖော်ဝါရီလအတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်‌၀န်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါတယ်။
မိုးအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် နဲ့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်း ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
မိုးရွာရက်များ အနေနဲ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ (၄)ရက်မှ (၇)ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁)ရက်မှ (၃)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
ညအပူချိန်ခန့်မှန်းချက်အနေနဲ့ကတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန် ခန့်သာ ရှိနိုင်ပါတယ်။
မြူအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁၉)ရက်မှ (၂၆)ရက် ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊  ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ (၁၁)ရက်မှ (၁၈)ရက်ခန့်နဲ့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ (၃)ရက်မှ (၁၀)ရက်ခန့်  နံနက်ပိုင်းမှာ မြူထူများ ဆိုင်းနိုင်ပါတယ်။
မြစ်ရေအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နဲ့ ကသာမြို့တို့မှာ ပေဝက်မှ (၁)ပေခွဲ ခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ပေဝက်မှ (၁)ပေခန့် လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။
ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့နဲ့ ဖောင်းပြင်မြို့တို့မှာ ပေဝက်ခန့် လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ပေဝက်မှ (၁)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။
ဒုဋ္ဌဝတီမြစ်ရေဟာ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ပေဝက်မှ (၁)ပေခန့် လက်ရှိရေမှတ်များ အထက် မြင့်တက်လာနိုင်ပြီး၊ သီပေါမြို့မှာ ပေဝက်ခန့်၊ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၁)ပေ ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၁)ပေခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ပေဝက်ခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ ပေဝက်မှ (၁)ပေခန့်၊ သံလွင်မြစ်ရေဟာ ဖားဆောင်းမြို့နဲ့ ဘားအံမြို့တို့မှာ ပေဝက်မှ (၁)ပေခန့်၊ သောင်ရင်းမြစ်ရေ သည် မြဝတီမြို့မှာ ပေဝက်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့ တို့မှာ (၁)ပေမှ (၁)ပေခွဲခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ပေဝက်ခန့်၊ ကုလားတန်မြစ်ရေဟာ ပလက်ဝမြို့နဲ့ ကျောက်တော်မြို့တို့မှာ ပေဝက်ခန့်စီ၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့မှာ (၁) ပေခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ ပေဝက်ခန့် လက်ရှိရေမှတ်များအောက် ကျဆင်း လာနိုင်ပါတယ်။
အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမည့်ဖေဖော်ဝါရီလဟာ ဆောင်းရာသီကာလရဲ့ နောက်ဆုံးလ ဖြစ်ပါတယ်။ များသောအားဖြင့် အေးပြီးခြောက်သွေ့တဲ့ ရာသီကာလ ဖြစ်သော် လည်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်မှုများ ရှိနိုင်ပါသေးတယ်။ အဲဒီလို ကာလမျိုးမှာ နောက်ထပ် ကြုံတွေ့နိုင်တဲ့ မိုးလေဝသ ဖြစ်စဉ်များအနေနဲ့ကတော့ နံနက်ပိုင်းအချိန်အခါများမှာ မြူထူများ ကျဆင်းတတ်ခြင်းနဲ့ မြူထူများ ဆိုင်းနေတာကြောင့် အဝေးမြင်တာ (၁)မိုင်အောက် လျော့နည်းသွားတတ်တဲ့အတွက် ပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ ပြည်တွင်းရေကြောင်း သွားလာရေးတို့မှာ အထူးဂရုပြုကြဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မြစ်ရေများ လျော့နည်းလာခြင်း ကြောင့် ရေယာဉ်များအနေနဲ့လည်း အထူးသတိပြု မောင်းနှင်သင့်ပါတယ်။
နောက်ထပ်တင်ပြလိုတာကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း အချိန်အခါမဟုတ် မိုးရွာ သွန်းမှု ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သလို လာမည့်ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသ တွေမှာ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများနဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသ တွေမှာ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများ ဖြတ်သန်းနိုင်တာကြောင့် လည်းကောင်း၊ ဘင်္ဂလား ပင်လယ်အော်မှ လေနွေးများနဲ့ တရုတ်ပြည်မကြီးမှ တိုးဝင်လာတဲ့ လေအေးများ တွေ့ဆုံမှုကြောင့် လည်းကောင်း မိုးအနည်းငယ် ရွာသွန်းနိုင်ပါတယ်။ အဲဒီလိုအချိန်အခါမဟုတ် မိုးရွာသွန်းနိုင်မည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်တယ်ဆိုရင်ဖြင့် ကြိုတင်သတိပေးချက်များကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။
အဲ့ဒီလို ထူးခြားတဲ့မိုးလေဝသအခြေအနေများနှင့် ပတ်သတ်၍ ကြိုတင်သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့ လည်းကောင်း၊ Call Center 1876(ext no 5)သို့ လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများ၊ တိုင်းဒေသကြီး များနဲ့ ပြည်နယ်အသီးသီးတို့မှာ နေ့စဉ် ထုတ်လွှင့်လျက်ရှိတဲ့ FMရေဒီယိုများမှလည်း မိုးလေဝသ နဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ်ဆိုတဲ့အကြောင်း တင်ပြ ရင်း နိဂုံးချုပ်အပ်ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။