၂၀၂၂ ခုနှစ်၊ ဇွန်လအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်(မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)တင်ပြသူ - ဦးထက်ဝေထွန်း - မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမင်္ဂလာပါခင်ဗျာ-အခုတစ်ပတ်တင်ပြမှာကတော့ ၂၀၂၂ ခုနှစ်၊ ဇွန်လ လပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒ ခန့်မှန်းချက်များ ဖြစ်ပါတယ်။ အဲဒီခန့်မှန်းချက်များကို မတင်ပြမီ ပြီးခဲ့တဲ့ မေလအတွင်း မြန်မာနိုင်ငံ အရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးလေ၀သနဲ့ ဇလဗေဒအခြေအနေများကို ဦးစွာပထမ တင်ပြလိုပါတယ်။
ပြီးခဲ့တဲ့ မေလ (၁၃)ရက်နေ့မှာ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတောင်ပိုင်း ဒေသများ၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့ လည်းကောင်း၊ မေလ (၁၉)ရက်နေ့မှာ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများ၊ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းသို့ လည်းကောင်း၊ မေလ (၂၅)ရက်နေ့မှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းသို့လည်းကောင်း ဝင်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။
ဘင်္ဂလားပင်လယ်အော် အခြေအနေကတော့ ပြီးခဲ့တဲ့ မေလ (၆)ရက်နေ့မှာ ကပ္ပလီပင်လယ် ပြင်တောင်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့မှာ လေဖိ အားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ခဲ့ပြီး၊ (၇)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင် ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ အားကောင်းတဲ့ လေဖိအား နည်းရပ်ဝန်းအဖြစ်သို့လည်းကောင်း၊ အဲ့ဒီနေ့ ညနေပိုင်းမှာ မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ ညပိုင်းမှာတော့ အားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ (၈)ရက်နေ့မှာတော့ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ” အဖြစ်သို့လည်းကောင်း၊ ညပိုင်း မှာတော့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ” အဖြစ်သို့လည်းကောင်း ရောက်ရှိခဲ့ ပါတယ်။ အဆိုပါ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ”ဟာ (၁၁)ရက်နေ့မှာ ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း၊ ညပိုင်းမှာ တော့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေအနီး) မှာ အားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ (၁၂)ရက်နေ့မှာတော့ အိန္ဒိယနိုင်ငံ၊ မာချီလီပတ္တနမ်မြို့အနီးမှာ မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ ထို့နောက် အိန္ဒိယနိုင်ငံ၊ အင်ဒရာ ပရာဒေ့ရှ်ကမ်းခြေမှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း အဖြစ်သို့လည်းကောင်း၊ ညပိုင်းမှာ တော့ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ တဖြည်းဖြည်း အားပျော့ပျက်ပြယ်သွားခဲ့ပါတယ်။ (၁၉)ရက် နေ့မှာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း(မုတ္တမပင်လယ်ကွေ့)မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင် ဖြစ်ပေါ်ခဲ့ပြီး၊ (၂၀)ရက်နေ့မှာတော့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း (မုတ္တမကမ်းလွန်အနီး)မှာ အား ကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့လည်းကောင်း၊ မွန်းလွဲပိုင်းမှာ မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊ ညနေပိုင်းမှာတော့ မုန်တိုင်းငယ်အဖြစ်နဲ့ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး၊ ကုန်းတွင်းမုန်တိုင်းအဖြစ် ညပိုင်းမှာ ကရင်ပြည်နယ်၊ ဘားအံမြို့ အနီးသို့လည်းကောင်း၊ ထို့နောက် လှိုင်းဘွဲ့မြို့အနီးသို့လည်းကောင်း၊ (၂၁)ရက်နေ့မှာ မနက်ပိုင်း ရှမ်းရွာသစ်အနီးသို့လည်းကောင်း ဆက်လက်ရွေ့လျားခဲ့ကာ ထိုင်းနိုင်ငံ၊ မြောက်ပိုင်းသို့ရောက်ရှိခဲ့ပြီး အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့လည်းကောင်း၊ ထို့နောက် လေဖိအားနည်းရပ်ဝန်း အဖြစ်သို့လည်းကောင်း တဖြည်းဖြည်း အားလျော့သွားခဲ့ပါတယ်။ ပထမ (၁၀)ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ် ခဲ့ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါတယ်။ ဒုတိယ (၁၀)ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း တို့မှာ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းခဲ့ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ် အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါတယ်။ တတိယ (၁၀)ရက်ပတ်အတွင်း ကပ္ပလီ ပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းခဲ့ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ ချင်းပြည်နယ်မှာ ရွာသွန်းမြဲအောက် လျော့နည်းခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုပြီး မိုးထစ်ချုန်း ရွာသွန်းခဲ့ပါတယ်။
မိုးရွာရက်များအနေနဲ့ကလည်း မကွေးတိုင်းဒေသကြီးမှာ (၉)ရက်၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရှမ်း ပြည်နယ်(မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ (၁၃)ရက်မှ (၁၇)ရက်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁၈)ရက်မှ (၂၅)ရက် မိုးထစ်ချုန်းရွာခဲ့ပါတယ်။
နေ့အပူချိန်များအနေနဲ့ကတော့ မန္တလေးတိုင်းဒေသကြီးမှာ မေလရဲ့ ပုံမှန်အပူချိန်အောက် လျော့နည်းခဲ့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း
မိုးရွာရက်များ အနေနဲ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၂၃)ရက် မှ (၂၈)ရက်ခန့်၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ (၁၆)ရက်မှ (၂၂)ရက်ခန့်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ (၉)ရက်မှ (၁၅)ရက် ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
မြစ်ရေအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း ဧရာဝတီမြစ်ရေ ဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ (၁၂)ပေမှ (၁၄)ပေခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၁၀)ပေမှ (၁၂)ပေခန့် လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။
ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၁၃)ပေမှ (၁၈)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပါတယ်။
ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ (၂)ပေခန့်၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ (၅)ပေမှ (၇)ပေခန့်၊ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၁၀)ပေခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့ တို့မှာ (၃)ပေမှ (၆)ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၃)ပေခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူ မြို့နဲ့ ပဲခူးမြို့တို့မှာ(၆)ပေမှ (၈)ပေခန့်၊ သံလွင်မြစ်ရေဟာ ဖားဆောင်းမြို့နဲ့ ဘားအံမြို့တို့မှာ (၇)ပေ မှ (၈)ပေခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၄)ပေခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ (၁၀)ပေခန့်၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ (၂)ပေမှ (၄)ပေခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၄)ပေခန့်၊ ကုလားတန်မြစ်ရေဟာ ပလက်ဝမြို့မှာ (၈)ပေခန့်နဲ့ ကျောက်တော်မြို့တို့မှာ (၃)ပေခန့်၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့မှာ (၃)ပေခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၈)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။
အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမည့်ဇွန်လဟာ ရာသီကာလအပိုင်းအခြားအနေနဲ့ မိုးဦးကာလသို့ရောက်ရှိလာပြီဖြစ်ပါတယ်။ မိုးဦးကာလသတ်မှတ်ပုံအနေနဲ့ကတော့ အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်သည့်အချိန်မှ ဇွန်လကုန်အထိဖြစ်ပါတယ်။ အနောက် တောင်မုတ်သုံလေဟာ ဇွန်လ ပထမ (၁၀)ရက်ပတ်အတွင်း မြန်မာနိုင်ငံ တစ်နိုင်ငံလုံးသို့ ဝင်ရောက် သွားဖွယ်ရာရှိပြီး မုတ်သုံဝင်စကာလမျိုးမှာ ဖြစ်ပေါ်တတ်တဲ့ မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်း၊ မိုးထစ်ချုန်းခြင်းနှင့်အတူ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်ပါ သဖြင့် လေကြောင်းပျံသန်းရေး၊ ရေကြောင်းသွားလာရေး၊ ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်များနဲ့ လယ်ယာလုပ်ငန်းခွင် လုပ်ကိုင်သူများအနေဖြင့် ကြိုတင်သတိပြုဖို့ လိုအပ်ပါတယ်။ မုတ်သုံလေ ဝင်ရောက်ပြီးနောက် အဆိုပါ ဖြစ်စဉ်များဟာ တစ်ဖြည်းဖြည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဇွန်လအတွင်း မြစ်ရေတိုးလာနိုင်သည့်အတွက် မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများအနေဖြင့် ဂရုပြုသင့်ပါကြောင်းနဲ့ မြစ်ရေနည်းစဉ် သဲသောင်ခုံများမှာ စိုက်ပျိုးနေထိုင်ကြသူများအနေဖြင့်လည်း ဂရုပြုနေထိုင်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။
အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနှင့် ပတ်သက်၍ ကြိုတင် သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။
မိုးလေဝသ၊ ဇလဗေဒသတင်းများနှင့် ပတ်သက်၍ သိရှိလိုပါက မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ facebook သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့ လည်းကောင်း၊ Call Center 1876 (ext no 5) သို့လည်းကောင်း၊မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FMရေဒီယိုများမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ် ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။
Registration is free and easy!