စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို  ဇူလိုင်လ (၂၄) ရက်နေ့ နံနက်ပိုင်း က နေပြည်တော် ရုံးအမှတ်(၁၅)ရှိ ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်ပပြုလုပ်ရာ အခမ်းအနား တွင် ပျဉ်းမနားမြို့ မဟာလယ်တီစံကျောင်းတိုက်၏ ပဓာနနာယက ဝိနယဓရ ဘဒ္ဒန္တဣန္ဒဝံသ ထံမှ  ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဝန်ထမ်းမိသားစုများက  ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များရွတ်ပွားကြသည့် ပရိတ်တရားတော်များ ကို နာယူကြသည်။




ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ က ပျဉ်းမနားမြို့ မဟာလယ်တီစံကျောင်းတိုက် နှင့် လယ်ဝေးမြို့နယ် မှ ကျောင်းတိုက်(၉)ကျောင်း တွင် ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်အရှင်မြတ် များအား ဝါဆိုသင်္ကန်း နှင့် ပစ္စည်း(၄)ပါး နဝကမ္မအလှူတော်ငွေများကို ဆက်ကပ် လှူဒါန်းကြသည်။






ထို့နောက် ပျဉ်းမနားမြို့ မဟာလယ်တီစံကျောင်းတိုက်၏ ပဓာနနာယက ဝိနယဓရ ဘဒ္ဒန္တဣန္ဒဝံသ က အနုမောဒနာတရားချီးမြှင့်တော်မူပြီး ကုသိုလ်ကောင်းမှုအစုစုကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ပရိတ်သတ်များက ရေစက်သွန်းချ အမျှပေးဝေ ကြသည်။

အခမ်းအနားအပြီးတွင် ပင့်သံဃာ(၁၁)ပါး အား ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က နေ့ဆွမ်းဆက်ကပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။