အရည်အသွေးကောင်းမျိုးစေ့ထုတ်လုပ်ပွားများစိုက်ပျိုးနိုင်ရန်ဖိတ်ခေါ်ခြင်း

အရည်အသွေးကောင်းမျိုးစေ့ထုတ်လုပ်ပွားများစိုက်ပျိုးနိုင်ရန်ဖိတ်ခေါ်ခြင်း

အရည်အသွေးကောင်းမျိုးစေ့ထုတ်လုပ်ပွားများစိုက်ပျိုးနိုင်ရန်ဖိတ်ခေါ်ခြင်း

 

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ကာ အကျိုးအမြတ်ရရှိရေးအတွက် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် အထွက်နှုန်း မြင့်မား၍ အရည်အသွေးကောင်းမွန်သော စပါးသီးနှံအပါအဝင် သီးနှံများ၏ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်ပွားများပြီး၊ လွယ်လင့်တကူ ရယူစိုက်ပျိုးနိုင်ရေးမှာ အထူးပင် လိုအပ်လျက် ရှိပါသည်။

          သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးနှင့် အရည်အသွေးကောင်းသီးနှံများ ထုတ်လုပ် နိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတော်ပိုင် ခြံ/စိုက်ကွင်းများမှ ထုတ်လုပ်ခြင်း၊ နိုင်ငံတော်ပိုင်ခြံ/စိုက်ကွင်းများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်း၍ မျိုးစေ့ထုတ်လုပ်ခြင်း၊ တောင်သူအစုအဖွဲ့အလိုက် မျိုးစေ့ထုတ်အသင်းများ ထူထောင်၍ မျိုးစေ့ထုတ်လုပ်ခြင်း နည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အရည်အသွေးမီ မျိုးကောင်း မျိုးသန့်ရရှိရေးအတွက် မျိုးစေ့ထုတ်လုပ်မှု နည်းပညာများအား စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ မျိုးစေ့ထုတ်အသင်းအဖွဲ့များနှင့် ပုဂ္ဂလိက မျိုးစေ့ထုတ်လုပ်သူများအတွက် မျိုးစေ့ထုတ်လုပ်ငန်းများတွင် လိုအပ်သော ထွန်ယက်ရေး စက်ကိရိယာများ၊ အခြောက်ခံစက်များ၊ မျိုးစေ့သန့်စင်စက်များ၊ မျိုးစေ့ သိုလှောင်ရုံနှင့် ထုတ်ပိုးစက် များအား အလွယ်တကူ ဝယ်ယူရရှိ အသုံးပြုနိုင်ရေးအတွက် နိုင်ငံတကာလယ်ယာသုံး စက်ကိရိယာ အရောင်းကုမ္ပဏီများ၊ ပြည်တွင်းအရောင်း စင်တာများ နှင့် ချိတ်ဆက်နိုင်ရေး ကူညီဆောင်ရွက်ပေးမည် ဖြစ်သည့်အပြင် လိုအပ်သော ငွေကြေးအရင်း အနှီးများအား ချေးယူနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက် ပေးသွားမည်လည်း ဖြစ်ပါသည်။

          သို့ဖြစ်ပါ၍ မျိုးစေ့ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံ လိုသူ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ပါရန် ဖိတ်ခေါ် အပ်ပါသည်။ အသေးစိတ် သိရှိလိုပါက နီးစပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနရုံးများနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ)၊ နေပြည်တော်ရုံးချုပ်၊ ဖုန်းနံပါတ် ၀၆၇-၄၁၀၂၃၉/၄၁၀၅၆၈ တို့သို့ ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း အသိပေး အပ်ပါသည်။

 

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန