စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ (စိုက်ပညာရှင်) များ လုပ်ငန်းဝင် သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ(၂၇)ရက်နေ့ နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်မြင့်ထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ သင်တန်းမှူးများနှင့် လုပ်ငန်းဝင် ဦးစီးအရာရှိ သင်တန်းသားများ တက်ရောက်ကြသည်။
စိုက်ပျိုးရေးဦးစီးဌာန တွင်တာဝန်ထမ်းဆောင်မည့် အရာထမ်းအမှုထမ်းများ၏ စွမ်းဆောင်ရည်ပြည့်ဝရေး နှင့် တစ်ဦးချင်း၏ လုပ်ငန်းခွင်ကျွမ်းကျင်မှုမြင့်မားရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းဝင် သင်တန်းများ၊ မွမ်းမံသင်တန်းများနှင့် သင်တန်းဆွေးနွေးပွဲများကို စီမံချက်များရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့ကျင်းပပြုလုပ်သည့် ဦးစီးအရာရှိ (စိုက်ပညာရှင်) များ လုပ်ငန်းဝင် သင်တန်း ကို စက်တင်ဘာလ(၂၇)ရက်နေ့ မှ အောက်တိုဘာလ(၆)ရက်နေ့အထိ ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက အွန်လိုင်းစနစ်ဖြင့် ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Registration is free and easy!