ရိတ်သိမ်းချိန်လွန် နည်းပညာ(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၁) ဝန်ထမ်း(၃)ရက် သင်တန်းဖွင့်လှစ်

ရိတ်သိမ်းချိန်လွန် နည်းပညာ(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၁) ဝန်ထမ်း(၃)ရက် သင်တန်းဖွင့်လှစ်

ရိတ်သိမ်းချိန်လွန်နည်းပညာ(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၁) Virtual Training ဝန်ထမ်း (၃)ရက် သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၂၈)ရက် နေ့ နံနက် (၉)နာရီအချိန် က စိုက်ပျိုးရေးဦးစီးဌာန၊ ထုံးဘို-ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်း ၌ ကျင်းပရာ အခမ်းအနား တွင် မူဝါဒစည်းမျဉ်းနှင့်ဝန်ထမ်းရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်၊ ဥယျာဉ်ခြံ၊ ဟင်းသီး ဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲ ညွှန်ကြားရေးမှူး ဦးမျိုးဇော်  တို့က သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။




အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးတိုးမင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမိခိုင် ၊ သင်တန်းဆရာ ဆရာမများ နှင့် မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တို့မှ သင်တန်းသား(၃၀)ဦး၊ စုစုပေါင်း(၄၈)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ စက်တင်ဘာလ(၂၈)ရက်နေ့မှ (၃၀)ရက် နေ့အထိ (၃)ရက် ကြာမြင့်မည်ဖြစ်သည်။




ထုံးဘို၊ ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်း အနေဖြင့် နည်းပညာသင်တန်းများ စဉ်ဆက် မပြတ် ဖွင့်လှစ်ပို့ချပေးလျှက်ရှိရာ ၂၀၁၄-၂၀၁၅ခုနှစ်မှ ယနေ့အချိန်ထိ သင်တန်းအကြိမ်ရေ စုစုပေါင်း(၁၄၀)ကြိမ်၊ တောင်သူပေါင်း (၁၃၇၂)ဦး၊ ဝန်ထမ်းပေါင်း(၂၇၄၁)ဦး၊ သင်တန်းသားဦးရေ စုစုပေါင်း(၄၄၇၃)ဦးအား နည်းပညာများဖြန့်ဖြူးပေးခဲ့ပြီး ရိတ်သိမ်းချိန်လွန်နည်းပညာ(TOT) သင်တန်းတက်ပြီးသော ဝန်ထမ်းများမှ မိမိတို့တာဝန်ကျရာဒေသများတွင် ဆင့်ပွားသင်တန်းများ ပြုလုပ်လျှက်ရှိရာ ဆင့်ပွားသင်တန်းအကြိမ်ရေပေါင်း(၄၄၅)ကြိမ်၊ တောင်သူပေါင်း (၈၄၅၁)ဦး၊ ဝန်ထမ်းပေါင်း(၆၁၁၇)ဦး၊ စုစုပေါင်း(၁၄၅၆၈)ဦးတို့အား ရိတ်သိမ်းချိန်လွန်နည်းပညာများ ဖြန့်ဝေပြီး ဖြစ်ကြောင်း သတင်းရရှိသည်။