စပါးသီးနှံ ဌာနခွဲ

Contact us : 067-3410070

စပါးသီးနှံဌာနခွဲ ဖွဲ့စည်းဖြစ်ပေါ်လာပုံ
ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၇-၁၂-၂၀၁၅ ရက်စွဲပါစာအမှတ် ၊ ၁/၁၉၀ (ဆ) (၃) (၂၅၇၉/၂၀၁၅) အရ စိုက်ပျိုးရေးဦးစီးဌာနလက်အောက်တွင် စပါးသီးနှံဌာနခွဲအဖြစ် ဖွဲ့စည်းခဲ့ ပါသည်။ စိုက်ပျိုးရေးဦးစီးဌာန၏ ဖွဲ့စည်းပုံအသစ်အရ စပါးသီးနှံဌာနခွဲအဖြစ် (၁-၁-၂၀၁၆) ရက်နေ့မှ စ၍ စပါးသီးနှံဌာနခွဲအဖြစ် ဖွဲ့စည်းခဲ့ပါသည်။


စပါးသီးနှံဌာနခွဲ၏ ရည်ရွယ်ချက်

ပြည်သူများ စားနပ်ရိက္ခာဖူလုံ၍ တောင်သူများဝင်ငွေတိုးတက်ကာ စီးပွားရေး အကျိုး အမြတ်ရရှိမှုမှသည် ပတ်ဝန်းကျင်ဆိုင်ရာ တည်တံ့ခိုင်မြဲပြီး အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဆန်စပါးကဏ္ဍ ပေါ်ထွန်းလာရေး


စပါးသီးနှံဌာနခွဲ၏လုပ်ငန်းတာဝန်များ
(၁) နိုင်ငံတော်၏ ပင်မသီးနှံဖြစ်သည့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာ နှစ်တို/ နှစ်ရှည် စီမံချက်များရေးဆွဲ အကောင်အထည်ဖော်ခြင်း
(၂) စပါးစီးပွားဖြစ်မျိုးစေ့ထုတ်လုပ်ခြင်း၊ ပွားများခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်/ သယ်ပို့/ ရောင်းချခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်များကို ရေးဆွဲခြင်းနှင့် လက်တွေ့အကောင်အထည်ဖော် ခြင်းနှင့် တောင်သူလယ်သမားပါဝင်သော မျိုးစေ့ထုတ်လုပ်သူများ အသင်းများ (Seed Grower Associations) ဖွဲ့စည်းဆောင်ရွက်ရာတွင် ပါဝင်ကူညီ ခြင်း
(၃) ဒေသနှင့်ကိုက်ညီသော စပါးမျိုးကောင်းမျိုးသန့်မျိုးသစ်များ ကျယ်ပြန့်စွာ စိုက်ပျိုးနိုင် ရန် လက်တွေ့ပြသ စည်းရုံးပညာပေးခြင်း
(၄) ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များကျရောက်ပါက စပါးစိုက် တောင်သူများအတွက် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံ ပြောင်းလဲ ချမှတ်နိုင်ရေး  သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း
(၅) စပါး(၁)ဧက တင်း(၁၀၀)နှုန်းအထက်ထွက်ရန် လိုက်နာဆောင်ရွက်ရမည့်သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များကို စပါးသီးနှံစိုက်ပျိုးသူ တောင်သူလယ်သမားများအား လက်တွေ့ လိုက်နာဆောင်ရွက်လာစေရန်၊ နည်းပညာပြန့်ပွားရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း
(၆) တောင်သူလယ်သမားများအတွက် အကျိုးအမြတ်ရရှိစေနိုင်မည့် မျိုး၊ စိုက်စနစ်၊ သီးနှံ ပုံစံ စသည့် သီးနှံစံပြကွက် များကို တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော (Farmer Participatory Approach) ပုံစံဖြင့် ဆောင်ရွက်ပြီး နည်းပညာ ပြန့်ပွားစေခြင်း
(၇) စပါးသီးနှံအရည်အသွေးကောင်းမွန်ရေးအတွက် မျိုးရွေးချယ် စိုက်ပျိုးခြင်းမှ ရိတ်သိမ်း  သည်အထိ စနစ်တကျဆောင်ရွက်ခြင်း၊ ရိတ်သိမ်းပြီးနောက်ပိုင်းတွင် လေလွင့်  ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ရိတ်သိမ်းချိန်လွန် နည်းပညာဆိုင်ရာ ပညာပေးလုပ်ငန်းများ  လက်တွေ့ပြသ စည်းရုံးပညာပေးခြင်း
(၈) စပါးသီးနှံ စျေးကွက်ရရှိရေးအတွက် စျေးကွက်စစ်တမ်းများကောက်ယူခြင်း၊ စျေးကွက် ရရှိရေး ဖော်ဆောင်ပေးခြင်းနှင့် စျေးကောင်းရရှိစေသည့် သီးနှံပုံစံ စိုက်ပျိုးစေရေး နည်းပညာပေးခြင်း
(၉) စပါးသီးနှံအခြေပြု တန်ဖိုးမြင့် ထုတ်ကုန်များ (Rice Value Added Products) တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ နှင့် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
(၁၀) ဆန်အရည်အသွေး တိုးတက်ကောင်းမွန်ရေးအတွက် ခေတ်မီအဆင့်မြင့် ဆန်စက်၊ အရောင်တင်စက်၊ ဆန်နီကောက်စက်၊ မြေဆွဲအားသုံးကျောက်ခဲဖယ်စက် စသည့် အရည် အသွေးထိန်းသိမ်းသည့် စက်ပစ္စည်းများ တိုးတက်သုံးစွဲရေးအတွက် နည်းပညာပေး လုပ်ငန်း များ ဆောင်ရွက်ခြင်း
(၁၁) မျိုးစပါးသိုလှောင်ရန် အအေးခန်း သိုလှောင်ရုံများ၊ ထုတ်ပိုးပစ္စည်း စက်ရုံများ၊ သန့်စင် စက်များ၊ ဆန်အရည်အသွေးစစ်ဆေးရေးဓါတ်ခွဲခန်းများ (Paddy Quality Control) တည်ဆောက် အကောင်အထည်ဖော်နိုင်ရေးအတွက် စီမံချက်များချမှတ် ဆောင်ရွက်ခြင်း
(၁၂) တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်တွင် တောင်သူများကိုယ်တိုင် စပါး မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရန်နှင့် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ အသုံး ပြုရန် ကူညီခြင်း ဆန်အရည်အသွေး ကောင်းမွန်ရေးအတွက် တောင်သူများ၊ စပါးပွဲစားများနှင့် ဆန်စက်ပိုင်ရှင်များအား စပါးသိုလှောင်/ သယ်ယူ/ ဖြန့်ဖြူးမှုဆိုင်ရာ ပညာပေးသင်တန်းများ ဆောင်ရွက်ခြင်း         
(၁၃) စပါးသီးနှံ၊ ဘက်စုံသီးနှံကာကွယ်ရေး မဟာဗျူဟာအား တောင်သူများ လက်တွေ့ အသုံးချ စေရန် တောင်သူလယ်သမား သင်တန်းကျောင်းများ ဖွင့်လှစ်ပေးခြင်း
(၁၄)ဆန်စပါးပြည်တွင်းဖူလုံရေးနှင့် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးအတွက် စပါးကျွမ်းကျင် ပညာရှင်များနှင့်ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ရေး ပြည်တွင်း/ပြည်ပ သင်တန်းများ စေလွှတ်၍ လူ့စွမ်းအားအရင်းအမြစ်များ မွေးမြူခြင်း