Contact us
067-410490
သီးနှံကာကွယ်ရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ
- ပြုပြင်ပြောင်းလဲကျင့်သုံးလာသည့် စိုက်ပျိုးစီးပွားရေးစနစ်နှင့်လိုက်လျောညီထွေသည့် သီးနှံကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်သည့်မူဝါဒများချမှတ်ခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။
- ဘက်စုံကာကွယ်နည်းစနစ်များကိုအခြေခံသော Good Agriculture Practice (GAP) စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို အကောင်အထည်ဖော်ရာတွင် ပူးပေါင်း ဆောင်ရွက်ခြင်း။
- ကုန်သွယ်မှုတွင် အရေးပါသော ဖျက်ပိုးများနှင့် သီးနှံမျိုးစုံတွင် ကျရောက်သော ဖျက်ပိုးများအား ကွင်းဆင်းစစ်တမ်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်းနှင့် ကာကွယ်နှိမ်နင်းခြင်း လုပ်ငန်း များဆောင်ရွက်ခြင်း၊ တင်ပို့မည့်သီးနှံအတွက် ဖျက်ပိုးအန္တရာယ်စိစစ်ရန် လိုအပ်သော သတင်း အချက်အလက်များ (PRA information) ပေးပို့ခြင်း။
- ပိုးသတ်ဆေးဥပဒေနှင့် အပင်ပိုးမွှားကာကွယ်သည့်ဥပဒေများအရ အခြားဝန်ကြီးဌာန များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့်ကုန်သွယ်မှုတွင် လုပ်ငန်းစဉ်တလျောက် ပါဝင်ပတ်သက်နေသူ များကိုဆက်သွယ်ဆောင်ရွက်ရသောလုပ်ငန်းများအားတာဝန်ခံ ၍ ကြီးကြပ်ဆောင်ရွက်ခြင်း။
- PPD Website အား ၂၀၁၆ခုနှစ် သြဂုတ်လ(၂၉) ရက်နေ့တွင်လွှင့်တင်နိုင်ခြင်း၊
- SPS Enquiry Point အား၂၀၁၈ခုနှစ် မတ်လ(၂၉)ရက်နေ့တွင်ဖွင့်လှစ်နိုင်ခဲ့ပြီး၊ SPS-EP Website အား ၂၀၁၉ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့တွင် PPD Website အောက်တွင် ချိတ်ဆက်ခြင်း
- အကောက်ခွန်ဉီးစီးမှ ဆောင်ရွက်လျက်ရှိသည့် Myanmar Automated Cargo Clearance System (MACCS) နှင့် ချိတ်ဆက်ပြီး ပြည်ပမှတင်သွင်းလာသည့် အပင်နှင့်အပင်ထွက် ပစ္စည်းများနှင့် ပိုးသတ်ဆေးများ စစ်ဆေးခြင်းကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခြင်း
- PP Mobile Application ကို ၂၀၁၇ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း
သီးနှံကာကွယ်ရေးဌာနခွဲရှိ ဌာနစိတ်များ
- ကိမိလဗေဒဌာနစု
- အပင်ရောဂါဌာနစု
- - ဇီဝနည်းဖြင့် ကာကွယ်ခြင်းဌာနစု
- သီးနှံပိုးမွှားရောဂါပြန့်ပွားမှုထိန်းချုပ်ရေးဌာနစု
- ပိုးသတ်ဆေးဓါတ်ခွဲခန်းဌာနစု
- ပိုးသတ်ဆေးမှတ်ပုံတင်ဌာနစု
wejek
efaear
Registration is free and easy!