ဆက်သွယ်ရန် - ၀၆၇-၃၄၁၀၃၈၃
ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၏ လုပ်ငန်းတာဝန်များ
- ရေမြေဒေသနှင့်ကိုက်ညီသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစိုက်ပျိုးနည်းပညာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် မျိုးကောင်းမျိုးသန့်မျိုးစေ့၊ ပျိုးပင်များ ထုတ်လုပ် ဖြန့်ဖြူးရန်
- အပင်ဇီဝနည်းပညာနှင့်သုတေသနလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်
- ရိတ်သိမ်းချိန်လွန်နည်းပညာဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်
- ပန်းမာန်နှင့်မြေယာအလှနည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်
- စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (Good Agricultural Practices) နည်းပညာများ ပြန့်ပွားအောင်ဆောင်ရွက်ရန်
- မြန်မာ့အော်ဂဲနစ် (Myanmar Organic Agriculture) စိုက်ပျိုးနည်းပညာပြန့်ပွားရေး ဆောင်ရွက်ရန်
ဥယျာဉ်-ဇီဝဌာနခွဲလက်အောက်ရှိ လုပ်ငန်းဌာနများ
- VFRDC (ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစိုက်ပျိုးခြင်းနှင့် သုတေသနပြုလုပ်ခြင်း)
- Bio-Tech (မျိုးရိုးဗီဇ ခွဲခြားစိစစ်ပေးခြင်း၊ သီးနှံ မျိုးသစ်ထုတ်လုပ်ပေးခြင်း၊ မျိုးပွားခြင်း၊ မျိုးထိန်းသိမ်းခြင်း၊ Tissue Culture နှင့် ပတ်သက်သော သုတေသနများ ပြုလုပ်ခြင်း)
- PHTTC (ဌာနဆိုင်ရာဝန်ထမ်းများနှင့်တောင်သူများအား ရိတ်သိမ်းချိန်လွန် နည်းပညာများ ကို ပို့ချပေးခြင်း)
- PHRI (ရိတ်သိမ်းချိန်လွန် သုတေသနတွေ့ရှိချက်များကို စာတမ်းဖတ်ပွဲများနှင့် သင်တန်း ပေးခြင်းများမှ တဆင့် ဖြန့်ဝေခြင်း)
- VFDC ( အော်ဂဲနစ် ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်ခြင်း)
Registration is free and easy!