ဆက်သွယ်ရန်ဖုန်း - ၀၆၇ - ၃၄၁၀၁၄၆
စီမံကိန်းရေးဆွဲစိစစ်သုံးသပ်ရေးဌာနခွဲ ဖွဲ့စည်းပုံဖြစ်ပေါ်လာခြင်း
- ၁၉၇၉ခုနှစ်တွင်လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်းအောက်တွင်ယာယီဖွဲ့စည်းပုံဖြင့်စတင်ဖွဲ့စည်းခဲ့။ (စီမံကိန်းလုပ်ငန်းများစနစ်တကျရေးဆွဲစိစစ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နှင့် ပြည်ပစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်)
- အရာထမ်း(၂၃)ဦး၊အမှုထမ်း(၁၃၉)ဦး၊ပုတ်ပြတ်/နေ့စား(၇)ဦး စုစုပေါင်းဝန်ထမ်း(၁၆၉)ဦးဖြင့်စတင်ဆောင်ရ္ပက်ခဲ့။
- ၁၉၈၉ခုနှစ်၊ဧပြီလ(၁)ရက် - မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအမည်ပြောင်းခဲ့။
- ၂၀၁၂ခုနှစ်၊ ဧပြီလတွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ စိုက်ပျိုးရေးဦးစီးဌာန သို့ပြောင်းလဲဖွဲ့စည်းခဲ့။
- ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင်စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းဖွဲ့စည်းခဲ့။
- ယနေ့အထိ အရာထမ်း(၃၃)ဦး၊ အမှုထမ်း(၁၁၉)ဦး စုစုပေါင်း(၁၅၂)ဦး ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့။
စီမံကိန်းရေးဆွဲစိစစ်သုံးသပ်ရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ- ဝန်ကြီးဌာနမှချမှတ်ထားသော လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှု မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့်အညီ (၃)လပတ်(၆)လပတ်နှင့် နှစ်ချုပ်အစီရင်ခံစာများအားပြုစု၍ ဝန်ကြီးဌာနမှတစ်ဆင့် MOPF သို့တင်ပြခြင်း
- - နိုင်ငံတော်မှချမှတ်ထားသောMSDP ၏ နှစ်စဉ်၊ ကာလတို၊ ကာလလတ်၊ ကာလရှည် စီမံကိန်းများနှင့် ချိတ်ဆက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား စုစည်းပြုစု သုံးသပ်တင်ပြခြင်း- ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် တိုးတက်မှုပန်းတိုင်(SDGs) (၁၇)ခု၏ ပန်းတိုင် (၂)၊ (၁၃)၊ (၁၅) တို့ အပေါ်အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ အား စုစည်းပြုစုသုံးသပ်တင်ပြခြင်း
- သီးနှံစိုက်ပျိုးမှုဆိုင်ရာ ကိန်းဂဏန်းများ၊ မိုးလေဝသသတင်းအချက်အလက်များ၊ သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များအား ကွင်းဆင်းစစ်တမ်းကောက်ယူ၍ စိစစ်ပြုစု တင်ပြခြင်း
- - ဌာနတွင်း Information Technology, e-Government ဆိုင်ရာလုပ်ငန်းများ တိုးတက်လာစေရေး ဆောင်ရွက်ခြင်း
- ဈေးကွက်သတင်းအချက်အလက်ဆိုင်ရာစနစ်(MIS) အားကောင်းလာစေရေးWorking Group Leaders/ Members များနှင့် ဖွဲ့စည်းချိတ်ဆက်ဆောင်ရွက်ခြင်း၊ ဈေးကွက် ဈေးနှုန်း သတင်းကောက်ယူ စိစစ် ဖြန့်ဖြူးခြင်း- INGO, NGO, Regional, International Organizations, Bilaterals ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ခြင်း၊MOU, LOA, ROD, MOM ရေးထိုးခြင်း အတွက် ညှိနှိုင်းဆောင်ရွက်ပေးခြင်း- ပြည်ပချေးငွေ/ နည်းပညာအကူအညီ အထောက်အပံ့တို့ဖြင့် ဆောင်ရွက်ဆဲစီမံကိန်းများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား စုစည်းပြုစု၍ လစဉ်၊ (၃)လပတ် အစီရင်ခံစာများ အား ဝန်ကြီးဌာနသို့ တင်ပြခြင်း- ဆောင်ရွက်ပြီးသော ပြည်တွင်း/ ပြည်ပစီမံကိန်းများ၏ ပြီးမြောက်ကြောင်း အစီရင်ခံစာများအား အကောင်အထည်ဖော်သည့် ဌာနခွဲများ နှင့် စီမံကိန်းများသို့ တောင်းခံ၍ ဝန်ကြီးရုံးသို့ တင်ပြခြင်း
- စီမံကိန်းကာလလယ်နှင့် ပြီးဆုံးသောစီမံကိန်းများအပေါ် M & E ဆောင်ရွက်၍ ညွှန်ကြားရေးမှူးချုပ် နှင့် ဝန်ကြီးဌာနသို့တင်ပြခြင်း
- နိုင်ငံခြားသားပညာရှင်များ ပြည်ဝင်ခွင့်ရရှိရေး၊ မြန်မာနိုင်ငံတွင်းနေထိုင်ခွင့်ရရှိရေး၊ နေထိုင်ခွင့် သက်တမ်း တိုးခြင်း၊ခရီးစဉ်လုံခြုံမှုရရှိရေးကိစ္စများဆောင်ရွက်ခြင်း
စီမံကိန်းရေးဆွဲစိစစ်သုံးသပ်ရေးဌာနခွဲအောက်တွင်ဌာနစု ( ၉ ) ခု ဖြင့် လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါသည်။
(က) ပြည်တွင်းစီမံကိန်းဌာနစု
(ခ) ဒေသတွင်း နှင့် NGOs, INGOs စီမံကိန်းများ ဌာနစု
(ဂ) အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှု ဌာနစု
(ဃ) နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ဌာနစု
(င) MIS ဌာနစု
(စ) M & E ဌာနစု
(ဆ) စီမံဌာနစု
(ဇ) ငွေစာရင်းဌာနစု
(ဈ) ဗဟိုစာကြည့်တိုက်
Registration is free and easy!