နှစ်ရှည်ပင်သီးနှံ ဌာနခွဲ

ဆက်သွယ်ရန် -၀၆၇-၃၄၃၁၂၀၃


စိုက်ပျိုးရေးဦးစီးဌာန၏ မျှော်မှန်းချက်များအပေါ် နှစ်ရှည်သီးနှံဌာနခွဲ၏ ရည်ရွယ်ချက်များမှာ-

(က) နှစ်ရှည်ပင်စိုက်ပျိုးသူ တောင်သူများဝင်ငွေတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ရန်အတွက် ဈေးကွက်ဝင်နှစ်ရှည်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရန် ရာသီဥတု ရေမြေဒေသနှင့် ကိုက်ညီသည့် အရည်အသွေးနှင့် အထက်နှုန်း ကောင်းမွန်သော မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးရန်နှင့် ပုဂ္ဂလိကဏ္ဍမှလည်း ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး နည်းပညာပေး၍ ပူးပေါင်းကူညီ ဆောင်ရွက်ပေးရန်။

(ခ) စီးပွားရေးတွက်ချေကိုက်သော နှစ်ရှည်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေးနှင့် ဈေးကွက်၌ ယှဉ်ပြိုင်နိုင်သည့် အရည်အသွေးပြည့်ဝသော တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်။

(ဂ)     နှစ်ရှည်သီးနှံစိုက်ပျိုးခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများ တိုးတက် အောင် ဆောင်ရွက်ရန်နှင့် စိုက်ပျိုးပညာပေးရေးလုပ်ငန်း ထိရောက်စွာ ဆောင်ရွက်ရန်။

(ဃ) စားနပ်ရိက္ခာဖူလုံရေးအတွက် ပြည်တွင်းစားသုံးဆီဖူလုံရန် အထွက်နှုန်း ကောင်းမွန်သော ဆီအုန်းစိုက်ပျိုးထုတ်လုပ်သူ ပုဂ္ဂလိကလုပ်ငန်းရှင်များ အား ကူညီဆောင်ရွက်ရန်။

နှစ်ရှည်သီးနှံဌာနခွဲသည် စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးကို ဆောင်ရွက်လျှက်ရှိသော ဌာနဖြစ်သည်။ နှစ်ရှည်သီးနှံ ဌာနခွဲလက်အောက်တွင်နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ရော်ဘာ) ခြံ(၆)ခြံ၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံ(ဆီအုန်း)ခြံ(၇)ခြံ၊ နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေး (မက္ကဒေးမီးယား) စခန်း(၃)ခု၊ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေး ဌာန(၅)ခုတို့ဖြင့် နှစ်ရှည်ပင်ဆိုင်ရာ သုတေသနများ ပြုလုပ်ဆောင်ရွက်လျှက်ရှိပါသည်။