သကြားထွက်သီးနှံ ဌာနခွဲ

ဆက်သွယ်ရန် - ၀၆၇-၃၄၃၁၂၀၈

၁။ သကြားထွက်သီးနှံဌာနခွဲ ဖွဲ့စည်းဖြစ်ပေါ်လာပုံ
နိုင်ငံတော်အစိုးရအဖွဲ့၏ ၂၅.၅.၁၉၉၄ ရက် အစည်းအဝေးအမှတ် (၁၈/၉၄) အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ မြန်မာ့စားသောက်ကုန်လုပ်ငန်းရှိ သကြားစက်ရုံများနှင့် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ထုတ်နုတ်အင်အားဖြင့် မြန်မာ့ကြံလုပ်ငန်းအား သီးခြားဌာနတစ်ခုအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၁၉.၁၁.၂၀၀၆ ရက် အစည်းအဝေးအမှတ် (၃၉/၂၀၀၆) အရ လုပ်ငန်းဌာန (၅) ခု ပေါင်းစည်း ၍ မြန်မာ့စက်မှုသီးနှံဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီးနောက် လုပ်ငန်းဌာန လက်အောက်တွင် ကြံသီးနှံလုပ်ငန်းဌာနအဖြစ် ဖွဲ့စည်းခဲ့ပါသည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏ ၁၉.၁.၂၀၁၂ ရက် အစည်းအဝေးအမှတ် (၃/၂၀၁၂) အရ စက်မှု သီးနှံဖွံ့ဖြိုးရေးဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ဦးစီးဌာန လက်အောက်တွင် ကြံ သီးနှံပညာပေးရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဌာနခွဲအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထောင်စု အစိုးရ အဖွဲ့၏ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပေါင်းစည်း၍ စိုက်ပျိုးရေးဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ဦးစီးဌာနလက်အောက်တွင် သကြားထွက်သီးနှံဌာနခွဲအဖြစ် ဖွဲ့စည်းခဲ့ပါသည်။


၂။ သကြားထွက်သီးနှံဌာနခွဲ၏ လုပ်ငန်းတာဝန်များ

သကြားထွက်သီးနှံဌာနခွဲသည် အောက်ဖော်ပြပါလုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
(က) ကြံတောင်သူများ လိုအပ်သည့် ဒေသနှင့် သင့်တော်သော မျိုးကောင်းမျိုးသန့််များအား အပြည့်အဝဖြန့်ဖြူနိုင်ရေးစီစဉ်ဆောင်ရွက်ရန်၊ ကြံအထွက်နှုန်း၊ သကြားအထွက်နှုန်းကောင်းသည့် မျိုးများအား ဒေသအလိုက် ပွားများဖြန့်ဖြူးပေးရန်
(ခ) အထူးအထွက်တိုးစိုက်ပျိုးနည်းစနစ်များအား လိုက်နာကျင့်သုံး၍ တောင်သူများအထွက် တိုးစေရန်အတွက် သုတေသနနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်
(ဂ) သကြားထွက်သီးနှံဌာနခွဲ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကြံသုတေသနခြံများနှင့် ကြံသီးနှံမျိုးသန့်ခြံများ၏ လုပ်ငန်းများ အောင်မြင်စေရေးအတွက် စဉ်ဆက်မပြတ် ကြီးကြပ် ဆောင်ရွက်ရန်နှင့် လိုအပ်ချက်များ ပံ့ပိုးဆောင်ရွက်ရန်
(ဃ) တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ကြံစိုက်တောင်သူများ၏ အကျိုးအား အလေးထား ဆောင်ရွက်ရန်
(င) ခေတ်မီအသုံးချနည်းပညာများအား စဉ်ဆက်မပြတ် လေ့ကျင့်ပညာပေးရေးလုပ်ငန်း များ ဆောင်ရွက်ရန်
(စ) ကြံသီးနှံသုတေသနနှင့် မျိုးသန့်ခြံများနှင့် စိုက်ပျိုးပညာပေးရေးဝန်ထမ်းများ ပူးပေါင်း၍ ကြံသီးနှံနှင့် နည်းပညာဆိုင်ရာ စမ်းသပ်ကွက်/စံပြကွက်များအား စိုက်ပျိုးရေးနည်း ပညာပြန့်ပွားရေးကိစ္စများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန်
(ဆ) သကြားထွက်သီးနှံဌာနခွဲနှင့် သက်ဆိုင်သည့် လုပ်ငန်းဆောင်ရွက်ရာတွင် အုပ်ချုပ် ထောက်ပံ့မှုဆိုင်ရာ ကိစ္စများ အနီးကပ် တာဝန်ယူရန်
(ဇ) သကြားစက်ရုံများနှင့် ကြံစိုက်တောင်သူများ၏ Contract Farming ကိစ္စပူးပေါင်း ဆောင်ရွက်ရေး ညှိနှိုင်းပေးရန်
(ဈ) ကြံမှသကြားအပြင် Value Added ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် Value Chain တစ်လျှောက် လုပ်ငန်းစဉ်များအား စမ်းသပ်တီထွင်သည်မှ စီးပွားဖြစ်ထုတ်နိုင်သည် အထိ ဆောင်ရွက်ရန်
(ည) ကြံစိုက်ပျိုးသကြားထုတ်လုပ်မှုသည် လုပ်ငန်းများ မြှင့်တင်နိုင်ရန်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်