ဆက်သွယ်ရန် - ၀၆၇-၃၄၁၀၅၈၇
ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ
ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးဌာန(CARTC)နှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းများသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၏ အုပ်ချုပ်မှုအောက်တွင် တည်ရှိပါသည်။
၁။ နိဒါန်း
စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးသိပ္ပံများသည် မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်အတွက် အလယ်အလတ်အဆင့်စိုက်ပျိုးရေးပညာရှင် (စိုက်ပျိုးရေးဒီပလိုမာလက်မှတ်ရ) များကို လေ့ကျင့်မွေးထုတ်ပေးလျှက်ရှိပါသည်။
၂။ တည်နေရာ
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးသိပ္ပံကျောင်း (၁၄)ကျောင်းရှိပါသည်။ စိုက်ပျိုးရေးသိပ္ပံများသည်ကွဲပြားခြားနားသောနေရာဒေသအသီးသီးတွင် တည်ရှိပါသည်။
၃။ စိုက်ပျိုးရေးသိပ္ပံများတည်ထောင်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်
(က) စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးထုတ်လုပ်မှုလုပ်ငန်းများ တွင်လိုအပ်သည့်အလယ်အလတ်အဆင့်စိုက်ပျိုးရေးအတတ်ပညာရှင်များနှင့် ကျွမ်းကျင်သူများမွေးထုတ်ပေးရန်
(ခ) ဒေသ၏ စံပြစိုက်ကွင်းများဖြစ်စေရန်
(ဂ) သင်ကြားတတ်မြောက်ထားသည့် ပညာရပ်ဖြင့် တောင်သူလယ်သမားများအား ခေတ်မီစိုက်ပျိုးရေးနည်းပညာများပြန်လည်ဆင့်ပွားပညာပေးရန်
(ဃ) ဒေသတွင်းရှိလယ်ယာကဏ္ဍထုတ်ကုန်မှ တောင်သူဝင်ငွေတိုးတက်ရန်နှင့်လူနေမှု ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုရန်
၄။ သင်တန်းကာလ
စိုက်ပျိုးရေးသိပ္ပံများ၏ သင်တန်းကာလမှာ(၃)နှစ်ဖြစ်ပါသည်။
၅။ ကျောင်းဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်
စိုက်ပျိုးရေးသိပ္ပံဝင်ခွင့်လျှောက်ထားသူများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရ ပါမည်။
(၁) အခြေခံပညာအထက်တန်းအောင်မြင်ရပါမည်။
(၂) မြန်မာနိုင်ငံသားဖြစ်ရပါမည်။
(၃) အသက်(၂၂)နှစ်အောက် ဖြစ်ရပါမည်။
(၄) အကျင့်စာရိတ္တကောင်းမွန်ရပါမည်။
(၅) ကွင်းလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ကျန်းမာရေးကောင်းမွန်ရပါမည်။
၆။ ချီးမြှင့်သောအောင်လက်မှတ်
သင်တန်းကာလအောင်မြင်ပြီးမြောက်ပါကစိုက်ပျိုးရေးဒီပလိုမာ (Diploma in Agriculture) အောင်လက်မှတ်ကိုချီးမြှင့်ပါသည်။
၇။ စိုက်ပျိုးရေးတက္ကသိုလ် ပေါင်းကူးတက်ရောက်ခြင်း
စိုက်ပျိုးရေးသိပ္ပံများမှ ထူးချွန်စွာအောင်မြင်သူများအနက်(၁၀%)သည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ တက်ရောက်ရန်အတွက် ဝင်ခွင့်စာမေးပွဲဖြေဆိုရန် အခွင့်အလမ်းရရှိမည် ဖြစ်ပါသည်။
၈။ စိုက်ပျိုးရေးသိပ္ပံများမှဘွဲ့ရဦးရေ
ယခုအချိန်ထိစိုက်ပျိုးရေးသိပ္ပံများမှ ကျောင်းသား ၊ ကျောင်းသူဦးရေစုစုပေါင်း (၂၀၉၄၂)ဦး လေ့ကျင့်မွေးထုတ်ခဲ့ပြီးဖြစ်ပါသည်။
Registration is free and easy!