မူဝါဒ၊ စည်းမျဉ်းနှင့် ဝန်ထမ်းရေးရာ ဌာနခွဲ

ဆက်သွယ်ရန် - ၀၆၇-၃၄၁၀၀၆၇


မူဝါဒ၊ စည်းမျဉ်းနှင့်ဝန်ထမ်းရေးရာဌာနခွဲ၏ လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိသောဌာနစိတ်များ

    မူဝါဒ၊ စည်းမျဉ်းနှင့်ဝန်ထမ်းရေးရာဌာနခွဲတွင် အရာထမ်း၊ အမှုထမ်းဝန်ထမ်းပေါင်း ၂၄၀၃၂ ဦးရှိပြီး၊ ၎င်းတို့အား ညွှန်ကြားရေးမှူးမှ ဦးဆောင်ပါသည်။ မူဝါဒ၊ စည်းမျဉ်းနှင့်ဝန်ထမ်းရေးရာ ဌာနခွဲအား အောက်ဖော်ပြပါ ဌာနစု(၃)စုဖြင့် ဖွဲ့စည်းထားပါသည်။

(၁)

ဝန်ထမ်းရေးရာဌာနစု

(၂)

စည်းမျဉ်းဌာနစု

(၃)

မူဝါဒဌာနစု

         အဆိုပါ ဌာနစု (၃) ခုအား ၎င်းတို့၏ လုပ်ငန်း သဘာဝနှင့် လိုအပ်ချက်အရ ထပ်မံ၍ ဌာနစိတ် (၁၁) ခုဖြင့် ဖွဲ့စည်းထားပါသည်။ ဌာနစိတ် အသီးသီး၏ တာဝန်နှင့် ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။


ဝန်ထမ်းရေးရာဌာနစိတ်-၁

-

ဖွဲ့စည်းပုံရေးဆွဲခြင်းနှင့် ဝန်ထမ်းခန့်ထားခြင်း၊

-

စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းအားလုံးမှတ်တမ်းနှင့်ဝန်ထမ်းတစ်ဦးချင်း မှတ်တမ်း ထိန်းသိမ်းခြင်း၊

-

ဝန်ထမ်းခန့်ထားခြင်း/ဝန်ထမ်းပြုန်းတီးမှုစိစစ်ခြင်း

-

လစဉ်ဝန်ထမ်းအင်အားစာရင်း အစီရင်ခံတင်ပြခြင်း


 ဝန်ထမ်းရေးရာဌာနစိတ်-၂

-

ဌာနခွဲနှင့်သက်ဆိုင်သော စည်းကမ်းထိန်းသိမ်းခြင်း၊

-

ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရန်အဖွဲ့ ဖွဲ့စည်းပေးခြင်းနှင့် ဌာနဆိုင်ရာအပြစ်ပေး အရေးယူဆောင်ရွက်ပေးခြင်း၊

-

အယူခံမှုများ စိစစ်တင်ပြခြင်း၊


ဝန်ထမ်းရေးရာဌာနစိတ်-၃

-

ဝန်ထမ်းပြောင်းရွှေ့တာဝန်ပေးအပ်ခြင်း၊

-

စီမံကိန်းဝန်ထမ်းများခန့်ထားခြင်း (or) SMS ဝန်ထမ်းများခန့်ထားခြင်း၊

-

ဝန်ထမ်းနှုတ်ထွက်ခွင့်၊

-

ကွယ်လွန်ရပ်စဲခြင်း၊

-

နိုင်ငံခြားပညာသင်များခွင့်ပြုခြင်း၊


ဝန်ထမ်းရေးရာဌာနစိတ်-၄

-

ခွင့်

-

နှစ်တိုး

-

ပင်စင်

-

လုပ်သက်ဆက်စပ်ခွင့်ပြုခြင်း

-

အမည်ဖြည့်စွက်ခွင့်ပြုခြင်း

-

မွေးသက္ကရာဇ်အတည်ပြုခြင်း


ဝန်ထမ်းရေးရာဌာနစိတ်-၅

-

အမှုထမ်းသက်စာအုပ်ထိန်းသိမ်းခြင်း

-

နိုင်ငံတော်မှ ချီးမြှင့်သော ဆုတံဆိပ်များအတွက် သင့်တော်သော ဝန်ထမ်းများအား ထောက်ခံချက် ပေးခြင်း၊


ဝန်ထမ်းရေးရာဌာနစိတ်-၆

-

ပြည်တွင်း/ပြည်ပသင်တန်းသား ရွေးချယ်စေလွှတ်ခြင်း၊

-

ပညာသင်စေလွှတ်ခြင်း၊

-

ပြည်တွင်းပြည်ပတွင် ကျင်းပသော အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲ၊ ညီလာခံ ပညာသင်နောက်ပိုင်း ဆက်စပ်နှီးနှောဖလှယ်ပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနမှ ကိုယ်စားလှယ်များ စေလွှတ်တက်ရောက်စေခြင်း၊


ဝန်ထမ်းရေးရာဌာနစိတ်-၇

-

ရာထူးတိုးမြှင့်နေရာချထားပေးခြင်း၊

-

အလုပ်သင်ခန့်ထားခြင်း၊

-

ရာထူးတိုးမြှင့်ပေးခြင်း

-

နေရာချထားခြင်း၊


ဝန်ထမ်းရေးရာဌာနစိတ်-၈

-

မူဝါဒ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊

-

အဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊


စီမံ-ငွေစာရင်းဌာနစိတ်

-

မူဝါဒ၊ စည်းမျဉ်းနှင့်ဝန်ထမ်းရေးရာဌာနခွဲရှိ ဝန်ထမ်းများ၏ ဝန်ထမ်းရေးရာကိစ္စရပ် များ ဆောင်ရွက်ပေးခြင်း၊

-

ငွေစာရင်းဘတ်ဂျက်ရေးဆွဲခြင်း၊

-

ခွင့်ပြုမိန့်/အသုံးစရိတ်/လစာထုတ်ပေးခြင်း၊


ကွန်ပျူတာဌာနစိတ်

-

GPMS စနစ်ဖြင့် စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းကိုယ်ရေးအချက်အလက်များ up to date ပြုလုပ်ခြင်း၊


 ဗဟိုစာပေးစာယူဌာနစိတ်

-

ဝင်စာများမှတ်ပုံတင်ခြင်း၊ ပေးပို့ရန်စာများ(ထွက်စာ)မှတ်ပုံတင်ခြင်း၊

-

ထွက်စာများအား တိုင်းဒေသကြီး/ပြည်နယ်ရုံးများသို့ ပေးပို့ခြင်း၊