ငွေစာရင်း ဌာနခွဲ

ဆက်သွယ်ရန် - ၀၆၇-၃၄၁၀၁၄၀



ငွေစာရင်းဌာနခွဲ၏ အဓိကလုပ်ငန်းတာဝန်များမှာ -


- စိုက်ပျိုးရေးဦးစီးဌာန၏ နှစ်စဉ် ရသုံးမှန်းခြေစာရင်း၊ ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီး ခန်းမှန်းခြေစာရင်းများ ပြင်ဆင်ရေးဆွဲခြင်း


-  နှစ်စဉ်ရသုံးခန့်မှန်းခြေစာရင်းအား ကြီးကြပ်ဆောင်ရွက်ခြင်း


-  လစဉ် ဌာနဆိုင်ရာ ငွေစာရင်းများနှင့် နှစ်ချုပ်စာရင်းများ ပြင်ဆင်ရေးဆွဲခြင်း


-  ရုံးချုပ်ရှိ ဌာနခွဲ(၁၅) ခု၏ ရငွေနှင့် အသုံးစရိတ်များကို စစ်ဆေးခြင်း


-  ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲသော ဘဏ်စာရင်း (၁၆၈)ခုကို  တစ်နှစ် (၂)ကြိမ် စစ်ဆေးခြင်း


- တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ၊ ခြံစိုက်ကွင်းများ သင်တန်းကျောင်းနှင့် စိုက်သိပ္ပံ ကျောင်းများကို ငွေကြေးသုံးစွဲခွင့်အာဏာ ထုတ်ပေးခြင်း


-   ဌာန၏ ပုံသေပိုင် ပစ္စည်းများ ဖျက်သိမ်းခြင်း


- စာရင်းရေးသွင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်း အမိန့် ညွှန်ကြားချက် များနှင့် အညီ ဆောင်ရွက်ခြင်း



အထက်ဖော်ပြပါ လုပ်ငန်းတာဝန်များအား ဝန်ထမ်းအင်အား (၁၆၄) ဦး ၊ ဌာနစိတ် (၈)ခုဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။