မျိုးစေ့ဌာနခွဲ

ဆက်သွယ်ရန် - ၀၆၇-၄၁၀၃၈၅


မျိုးစေ့ဌာနခွဲ၏ လုပ်ငန်းတာဝန်များ

- အရည်အသွေး ကောင်းမွန်သော စပါးအပါအဝင် အရေးကြီးသီးနှံများ၏ စိုက်ပျိုးရေး သုတေသနလုပ်ငန်းများ ဆောင်ရွက်ပြီး ဒေသနှင့်ကိုက်ညီသည့် အထွက်ကောင်း မျိုးကောင်း မျိုးသန့်များ ထုတ်လုပ်ခြင်း၊ မျိုးစေ့အဆင့်ဆင့်ပွားများ ထုတ်လုပ်ခြင်း ၊

- ထုတ်လုပ်ရရှိသော မျိုးစေ့များအား သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများ နှင့် ညီညွတ်စေရန်အတွက် မျိုးစေ့အရည်အသွေးစစ်ဆေးခန်းများတွင် စစ်ဆေးပြီး အရည် အသွေး ပြည့်မီမှသာ ဖြန့်ဖြူးခြင်း၊

- ပြည်တွင်းပြည်ပမှ ပုဂ္ဂလိက မျိုးစေ့ထုတ် ကုမ္ပဏီများ၊ အကျိုးဆောင်တောင်သူများ နှင့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ ထုတ်လုပ်ခြင်းလုပ်ငန်းကို စိုက်ပျိုးပညာပေးရေး ဌာနခွဲ နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

- မျိုးစေ့ထုတ်လုပ်သည့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုက်နာကျင့်သုံး လာစေရေး အတွက် ဝန်ထမ်းများ၊ တောင်သူများနှင့် ပုဂ္ဂလိက မျိုးစေ့ထုတ် ကုမ္ပဏီများအား သင်တန်းများ၊ ဆွေးနွေးပွဲများနှင့် သီးနှံသရုပ်ပြပွဲများ ကျင်းပပြုလုပ်ခြင်း၊

- ထုတ်လုပ်ရရှိသောမျိုးစေ့များအရည်အသွေးကောင်မွန်စေရန်အတွက် မျိုးစေ့သန့်စင် ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊

- မျိုးသစ်များထုတ်လုပ်ခြင်းနှင့် စီးပွားဖြစ်မျိုးစေ့လုပ်ငန်းများ စနစ်တကျဖြစ်စေရန် အတွက်  မျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီထိန်းချုပ်ခြင်း၊

- မျိုးစေ့ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီမျိုးစေ့လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေး နှင့် တောင်သူအကျိုးရှိသောမျိုးစေ့ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေး ဆောင်ရွက်ခြင်း၊

- မျိုးစေ့အရည်အသွေးစစ်ဆေးခန်းများ ဖွင့်လှစ်ခွင့်နှင့် မျိုးစေ့အရည်အသွေး ထောက်ခံ ချက်ပေးခြင်းလုပ်ငန်းများကို မျိုးစေ့ဥပဒေနှင့်အညီ စိစစ်ခြင်း

          

မျိုးစေ့ဌာနခွဲ၏ ရည်ရွယ်ချက်

- အရည်အသွေးကောင်း သီးနှံမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးရန်၊

- မျိုးစေ့အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊

- မျိုးကောင်းမျိုးသန့်မျိုးစေ့လုံလောက်စွာ ရရှိရေးအတွက် နိုင်ငံတော် နှင့် ပုဂ္ဂလိက မျိုးစေ့ထုတ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မျိုးစေ့ကဏ္ဍ ဖွံဖြိုးတိုးတက် လာစေရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်၊

- မျိုးစေ့လုပ်ငန်းများစနစ်တကျဆောင်ရွက်ရန်အတွက် မျိုးစေ့ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့်အညီ ထိန်းကျောင်းကြီးကြပ်ရန်၊



.