ဆီထွက်သီးနှံများ ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် အထူးဇုန်(၂)တာဝန်ခံမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

  • Mon, 25 March 2024




၂၀၂၄_၂၀၂၅ခုနှစ်ဆီထွက်သီးနှံများ ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် အထူးဇုန်များသတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းများအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အထူးဇုန်(၂)တာဝန်ခံ၊ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ဦးဇော်ဝင်းထွန်း၊တိုင်းဒေသကြီးမြေအသုံးချရေးတာဝန်ခံ၊ဒေါ်သက်သက်ထွန်း၊တိုင်းဒေသကြီးမျိုးစေ့တာဝန်ခံ၊ဒေါ်မင်းမင်းသွင်၊တိုင်းဒေသကြီးသီးနှံကာကွယ်ရေးတာဝန်ခံ၊ဒေါ်သင်းသင်းထက်၊ခရိုင်မြေအသုံးချရေးတာဝန်ခံ၊ဒေါ်မိုးမိုးစိုး၊တံတားဦးမြို့နယ်ဦးစီးမှူး၊ဦးကနေဒီထွန်း၊ငါန်းဇွန်မြို့နယ်ဦးစီးမှူး၊ဦးအောင်ဆန်းလင်း၊ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှဒုတိယဦးစီးမှူး၊ဦးထွန်းနောင်ဝင်းတို့မှမန္တလေးတိုင်းဒေသကြီး၊တံတားဦးခရိုင်၊တံတားဦးမြို့နယ်နှင့်ငါန်းဇွန်မြို့နယ်များမှအကျိုးဆောင်တောင်သူများနှင့်တွေ့ဆုံ၍ဆီထွက်သီးနှံထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက်အထူးဇုန်များသတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေများ၊တောင်သူများအားစည်းရုံးဆောင်ရွက်ခြင်းနှင့်မြေပဲ၊နှမ်း၊နေကြာသီးနှံအလိုက်စိတ်တူကိုယ်တူတောင်သူအစုအဖွဲ့များဖွဲ့စည်းခြင်းလုပ်ငန်းများ၊မျိုးကောင်းမျိုးသန့်ပြောင်းလဲစိုက်ပျိုးခြင်းလုပ်ငန်းများ၊စိုက်နည်းစနစ်မှန်ကန်ရေးလုပ်ငန်းများ၊နှမ်းပေါင်ကြီးတင်စနစ်စိုက်ပျိုးခြင်းနည်းစနစ်များ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်သွင်းအားစုအချိန်ကိုက်အချိုးကျထည့်သွင်းနိုင်ရေးလုပ်ငန်းများ၊ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများ၊အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးအတွက်စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း(GAP)များလိုက်နာကျင့်သုံးဆောင်ရွက်ရေးလုပ်ငန်းများအားတွေ့ဆုံဆွေးနွေးခဲ့ပြီးတောင်သူများ၏မေးမြန်းမှုအပေါ်ဖြေကြားခြင်းနှင့် လိုအပ်ချက်များအပေါ်ချိတ်ဆက် ဆောင်ရွက်ပေး ခြင်း၊ပေါင်းစပ်ညှိနှိုင်းပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။