နွေစပါးစိုက်ခင်းတွင် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးမှု လက်တွေ့ပြသရန်အတွက် ပျိုးဗန်းများဖြင့် ပျိုးထောင်ထားရှိမှုအား ကွင်းဆင်းလမ်းညွှန်

  • Wed, 6 March 2024


တံတားဦးမြို့နယ်၊ မီးသွေးတိုက်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၃၁၈ တောင်သူဦးခင်မောင်ရင်၏ နွေစပါးစိုက်ခင်းတွင် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးမှု လက်တွေ့ပြသရန်အတွက် ပျိုးဗန်းများဖြင့် ပျိုးထောင်ထားရှိမှုအား မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဆရာဦးတိုးမင်းမှ ကွင်းဆင်း၍ သန်မာသောပျိုးရရှိရေး၊ ပိုးမွှားကာကွယ်ရေး၊ အစိုဓာတ်မပြတ်ရေး၊ သမန်းပြင်ရာတွင် ညီညာကောင်းမွန်ရေးနှင့် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးသည့် စိုက်ခင်းစနစ်တကျပြုစုခြင်းနည်းလမ်းများကို ဆွေးနွေးလမ်းညွှန်မှုပြုခဲ့ပါသည်