ဆီထွက်သီးနှံထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် အထူးဇုန်များသတ်မှတ်အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲအခန်းအနား( ဆီထွက်သီးနှံအထူးဇုံ(၂)

  • Tue, 2 April 2024


2.4.2024နေ့တွင် ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးရုံး၌ ၂၀၂၄-၂၀၂၅ခုနှစ်၊ဆီထွက်သီးနှံထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် အထူးဇုန်များသတ်မှတ်အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲအခန်းအနားသို့မန္တလေးတိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုံ(၂)တာဝန်ခံ၊ဒုတိယတိုင်းဒေသကြီးဦးစီးမူး၊ဦးဇော်ဝင်းထွန်း၊တိုင်းမြေအသုံးချရေးတာဝန်ခံ၊ဒေါ်သက်သက်ထွန်း၊တိုင်းမျိုးစေ့တာဝန်ခံ၊ဒေါ်မင်းမင်းသွင်၊တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ၊ဒေါ်သင်းသင်းထက်၊ညောင်ဦးခရိုင်ဦးစီးမှူး၊ဦးကိုကိုနိုင်၊ညောင်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး၊ဦးနန်းတင့်၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ၊ဒေါ်တင်ဝင်လှိုင်၊ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ၊ဒေါ်ချယ်ရီသန်း၊ ညောင်ဦးမြို့နယ်ဦးစီးမှူး၊ ဒေါ်ခင်ဌေးရီ၊ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနဦးစီးမှူး၊ဦးအောင်ဇော်မင်း၊စက်မှုလယ်ယာဦးစီးမှူး၊ဦးဥာဏ်လင်းလက်၊ဆည်မြောင်နှင်းရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှAEဦးမြင့်န်ိုင်၊မြို့နယ်ရုံး ဝန်ထမ်းများနှင့်အကျိုးဆောင်တောင်သူများ တက်ရောက်၍ဆွေးနွေးခဲ့ကြပါသည်။ဆွေးနွေးပွဲတွင်မျိုးကောင်းမျိုးသန့်များပြောင်းလဲအသုံးပြု စိုက်ပျိုးရေး၊စိုက်နည်းစနစ်မှန်ကန်ရေး၊နှမ်းပေါင်ကြီးတင်စနစ်စိုက်ပျိုးနိုင်ရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့်သွင်းအားစုများအချိန်ကိုက်အချိုးညီထည့်သွင်းရေး ၊သီးနှံကာကွယ်ရေးလုပ်ငန်းများ၊အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း(GAP)များအား GAP Guideline နှင့်အညီလိုက်နာ ဆောင် ရွက်ပြီးမြန်မာ (GAP)အသိအမှတ်ပြုလက်မှတ်များ ကျယ်ကျယ်ပြန့်ပြန့်ထုတ်ပေးနိုင်ရေး၊ စိုက်ပျိုးရေနှင့်ဖြည့်စွက်ရေ ရရှိရေးလုပ်ငန်းများအားတွေ့ဆုံဆွေးနွေးပြီးတောင်သူများ၏မေးမြန်းမူ့အပေါ်ပြန်လည်ဖြေကြားခြင်းနှင့်လိုအပ်ချက်များချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ပေါင်းစပ်ညှိနှိုင်းခြင်းများဆောင်ရွက်ခဲ့ပါသည်။