ဆန်မွှေးတင်ပို့မှု ပိတ်ပင်ခြင်းသည် စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုကို ကျဆင်းစေပါသလား?
- Thu, 13 July 2023
				 
				
ဟင်းသီးဟင်းရွက်၊  သစ်သီးဝလံ၊  အစာခြောက်၊  ဆန်နှင့်  
ဟင်းခတ်အမွှေးအကြိုင်များ  အပါအဝင် ကုန်ကြမ်းနှင့် ပြုပြင်ပြီး 
လယ်ယာထွက်ကုန်များ တင်ပို့မှုသည် ပြီးခဲ့သည့် ဘဏ္ဍာရေး နှစ်တွင် သိသိသာသာ 
ကျဆင်းသွားပြီး ပို့ကုန်လုပ်ငန်းရှင်များက အဓိကအားဖြင့် ဆန်မွှေး 
တင်ပို့ခြင်းကို ပိတ်ပင်ထားသောကြောင့်ဟု ယူဆကြပါသည်။
(၂၀၂၁-၂၂)ဘဏ္ဍာနှစ်တွင် 
 ပို့ကုန်ဝင်ငွေ  ကန်ဒေါ်လာ  (၉)သန်းခန့်သာ  ရရှိခဲ့သော  လယ်ယာထွက်ကုန်များ
 ကျယ်ပြန့်စွာ တင်ပို့ခြင်းတွင်  ဆန်မွှေးသည် အဓိက ကုန်ပစ္စည်းဖြစ်ကြောင်း 
ပြည်တွင်းကုန်သည်များက  ပြောပါသည်။ အာလူးနှင့် ဂေါ်ဖီထုပ် တင်ပို့မှု  
နည်းပါးခြင်းသည်လည်း  ပို့ကုန်ကျဆင်းမှုကို  ဖြစ်စေပါသည်။
ဘင်္ဂလားဒေ့ရှ်
   ပို့ကုန်မြှင့်တင်ရေးဗျူရို  (EPB)  ၏ အချက်အလက်များအရ   (၂၀၂၂-၂၃)  
ဘဏ္ဍာနှစ်တွင်  လယ်ယာထွက်ကုန်မှ  ကန်ဒေါ်လာ  (၁၃၉၄.၁၂)သန်းခန့်  
လျာထားသော်လည်း  လယ်ယာထွက်ကုန်တင်ပို့မှုမှ (၈၄၃) သန်းသာ 
တင်ပို့နိုင်ခဲ့သောကြောင့်  လျာထားချက်ထက်  (၃၉.၅၃%) လျော့နည်းခဲ့ပါသည်။
ထို့အပြင်
 လယ်ယာထွက်ကုန် တင်ပို့မှုမှာလည်း တစ်နှစ်ထက်တစ်နှစ် (၂၇.၄၇%) 
ကျဆင်းခဲ့ပါသည်။ EPB အချက်အလက်များအရ (၂၀၂၁-၂၂)ဘဏ္ဍာနှစ်တွင် ကုန်ပစ္စည်း 
တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁၁၆၂.၂၅)သန်း ရရှိခဲ့ပါသည်။
ရုရှား-ယူကရိန်းစစ်ပွဲ
 ဖြစ်ပွားပြီးနောက် ပြည်တွင်းဆန်ဈေးကွက်တွင် မငြိမ်မသက် ဖြစ်ခဲ့ပြီး 
၎င်း၏စျေးနှုန်းကို ထိန်းချုပ်ရန်အတွက် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် 
(၂၀၂၂)ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့တွင် ဆန်မွှေးတင်ပို့မှုအား 
တားမြစ်ခဲ့ပါသည်။
ပို့ကုန်လုပ်ငန်းရှင်များက ဆန်မွှေးတင်ပို့မှုကို 
ပိတ်ပင်ထားခြင်းအား ရုတ်သိမ်းရန် ထပ်ခါတလဲလဲ တောင်းဆိုနေသော်လည်း 
ပိတ်ပင်ထားဆဲဖြစ်ပြီး တားမြစ်ချက်ကို ရုတ်သိမ်းရန် 
လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်နေပါသည်။
ဘင်္ဂလားဒေ့ရှ်
 ကုန်သွယ်ရေးနှင့် အကောက်ခွန်ကော်မရှင်က ဆန်မွှေးများကို မေလ 
နှောင်းပိုင်းတွင် တင်ပို့ခွင့်ပြုရန် စီးပွားရေးနှင့် 
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ အကြံပြုချက် ပေးပို့ခဲ့ပါသည်။ 
တစ်လခွဲနီးပါး ကြာသွားပြီဖြစ်သော်လည်း ဝန်ကြီးဌာနက ခွင့်ပြုချက် ပေးသည့် 
လုပ်ငန်းစဉ်ကို အပြီးသတ်နိုင်ခြင်း မရှိသေးပေ။
Square Food and 
Beverage Limited ၏ ကြီးကြပ်ရေးအရာရှိချုပ် Parvez Saiful Islam က TBS သို့
 ပြောကြားရာတွင် ဆန်မွှေးသည် ပို့ကုန်တင်ပို့မှုတွင် ကြီးမားသော ထုတ်ကုန် 
တစ်ခုဖြစ်ကြောင်း၊ နိုင်ငံခြားငွေများစွာရရှိသော ကုန်ပစ္စည်းတစ်ခုဖြစ်ပြီး 
၎င်းပို့ကုန်အပေါ် တားမြစ်ခြင်းသည် လယ်ယာထွက်ကုန်တင်ပို့ခြင်းမှ ရရှိသည့် 
စုစုပေါင်းဝင်ငွေအပေါ် အကျိုး သက်ရောက်မှုရှိကြောင်း၊ ဆန်မွှေးတင်ပို့မှု 
ခွင့်ပြုမိန့်ရရှိရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ကုန်သွယ်မှုနှင့်
 အကောက်ခွန်ကော်မရှင်၏ အကြံပြုချက်အရ ပြီးခဲ့သည့်  ဘဏ္ဍာရေး  နှစ်တွင်  
ဆန်မွှေးတန်ချိန်  (၁၈.၃၅)သိန်းခန့် ထုတ်လုပ်ခဲ့ပြီး  ယင်းမှာ 
ပြည်တွင်းဝယ်လိုအားထက် တန်ချိန် သိန်းပေါင်းများစွာ  ပိုမိုများ 
ပြားခဲ့ပါသည်။ သို့သော် ထုတ်ကုန်၏တင်ပို့မှုသည် တန်ချိန် (၁၀,၀၀၀)အောက်တွင်
 ရှိပါသည်။ ထို့ကြောင့် တင်ပို့ခွင့်ပြုမည်ဆိုလျှင်လည်း ဆန်စားသုံး သူများ၏
 ၀ယ်လိုအားအပေါ် အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ပေ။
Square၊ ACI 
နှင့် Bombay Sweets အပါအဝင် ကုမ္ပဏီ (၄၀) ကျော်သည် ပိတ်ပင်မှုကြောင့် 
တင်ပို့နိုင်ခြင်း မရှိဘဲ ခွင့်ပြုချက် အမြန်မပေးပါက 
လက်ရှိဘဏ္ဍာရေးနှစ်တွင် ပို့ကုန်ဝင်ငွေကို ထိခိုက်စေမည် ဖြစ်ကြောင်း 
သက်ဆိုင်ရာ ကုန်သည်များက ပြောပါသည်။
ဆန်မွှေးကို အာရပ်စော်ဘွားများ 
ပြည်ထောင်စု (UAE)၊ အမေရိကန်၊ ဗြိတိန်၊ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း၊ 
တောင်ကိုရီးယားနှင့် ဥရောပနိုင်ငံများ အပါအဝင် ကမ္ဘာ့ နိုင်ငံပေါင်း 
(၁၃၆)နိုင်ငံသို့ တင်ပို့လျက်ရှိပါသည်။
EPB အချက်အလက်အရ လက်ဖက်၊ 
ဆေးရွက်ကြီးနှင့် ဟင်းခတ်အမွှေးအကြိုင်များ စသည့် 
စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုတွင် ကောင်းမွန်စွာ 
ဆောင်ရွက်နိုင်ခဲ့ပါသည်။ သို့သော် (၂၀၂၃)ဘဏ္ဍာနှစ်တွင် 
အစာခြောက်တင်ပို့မှုမှ (၁၉.၈၄%)၊ သစ်သီးဝလံမှ (၈၁.၁၀%)နှင့် 
ဟင်းသီးဟင်းရွက်မှ (၃၈.၈၀%) ကျဆင်းခဲ့ပါသည်။
ထို့အပြင်  (၂၀၂၃) ဘဏ္ဍာနှစ်တွင် အေးခဲအစားအစာ တင်ပို့မှုသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက (၂၀.၇၆%)ကျဆင်းခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ် 
 သစ်သီးဝလံ၊  ဟင်းသီးဟင်းရွက်နှင့် ဆက်စပ်ထုတ်ကုန်များအား တင်ပို့သူများ 
အသင်း၏  အကြံပေးတစ်ဦးဖြစ်သည့် Md Manjurul Islam က လယ်ယာ  ထွက်ကုန်များ 
တင်ပို့မှု  တိုးမြှင့်ရန်အတွက်   ထုပ်ပိုးခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့်
 ဓာတ်ခွဲခန်း များတွင် စမ်းသပ်ခြင်း အပါအဝင် နယ်ပယ်အသီးသီး၌ 
ပိုမိုထိရောက်မှုရှိရန် လိုအပ်ကြောင်း (၈.၇.၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော
 The Business Standard သတင်း ဆောင်းပါးအရ သိရှိရပါသည်။
Source    https://www.tbsnews.net/economy/aromatic-rice-ban-dragging-down-agri-exports-661826?amp=
တင်ပြသူ          ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ              ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက
စစ်ဆေးသူ        ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
     




-80x80.jpg)





