ဗီယက်နမ်နိုင်ငံအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် ထုတ်လုပ်မှု နှင့် ယှဉ်ပြိုင်နိုင် စွမ်းအားရှိ မှု တိုးတက်စေရန် ပြည်သူများကို လေ့ကျင့်ပေးလျက်ရှိ
- Thu, 20 July 2023
				 
				
ဗီယက်နမ်နိုင်ငံသည်  စိုက်ပျိုးရေးကဏ္ဍတွင် 
ယှဉ်ပြိုင်နိုင်စွမ်းအား တိုးတက်စေရန် လူ့စွမ်းအားအရင်းအမြစ် 
ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသည်ဟု ယူဆကြောင်း ဟနွိုင်းမြို့၌  
အင်္ဂါနေ့က  ကျင်းပခဲ့သည့်  ညီလာခံတွင်  စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ 
ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး Lê Minh Hoan က ပြောကြားခဲ့သည်။
စိုက်ပျိုးရေးနှင့် 
 ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန  ( MARD )   မှ  ကြီးမှူး 
ကျင်းပသော စိုက်ပျိုးရေးနှင့် ကျေးလက် ဒေသများရှိ  ပြည်သူများကို 
လေ့ကျင့်ပေးခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု့ တွင် 
ပူးပေါင်းဆောင်ရွက်ရေး  ဆွေးနွေးပွဲကို  အဓိကကျသည့်  ဝန်ကြီးဌာနများ၊ 
ဌာနဆိုင်ရာများ နှင့်  စီးပွားရေးလုပ်ငန်းများမှ တက်ရောက်သူ စုစုပေါင်း 
(၃၀၀)ကျော် ရှိခဲ့ပါသည်။
အဆိုပါ  ဆွေးနွေးပွဲသည်  
ကော်ပိုရေးရှင်းများ၊  အဖွဲ့အစည်းများနှင့်  ဝန်ကြီးဌာန၏ ဌာနတွင်း နှင့် 
ဌာနပြင်ပ နှစ်ခုလုံးရှိ လေ့ကျင့်ရေးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေး 
ဆိုင်ရာ သဘောတူညီချက်များ ကို ချမှတ်ရာတွင် အထောက်အကူဖြစ်စေရန် 
မျှော်လင့်ပါသည်။
အခမ်းအနားတွင် ဝန်ကြီးက ကျေးလက်ဒေသ 
ဖွံ့ဖြိုးတိုးတက်ရေး၌ လေ့ကျင့် သင်ကြားပေးခြင်း နှင့် လူ့စွမ်းအား 
အရင်းအမြစ်ကဏ္ဍ တို့သည် ကုန်ထုတ်စွမ်းအား နှင့် လုပ်သား 
စွမ်းဆောင်ရည်တိုးတက်ရေးအပြင် ယှဉ်ပြိုင်နိုင်စွမ်းအားရှိရေး တို့အတွက် 
အရေးကြီးသော အချက်များဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးဌာန၏ အဆိုအရ 
စိုက်ပျိုးရေး၊  သစ်တော၊ ငါးလုပ်ငန်းနှင့် ဆည်မြောင်း ဆိုင်ရာ 
အထူးပြုသင်ကြားပို့ချပေးသည့် တက္ကသိုလ် နှင့် လေ့ကျင့်ရေးသင်တန်းကျောင်း  
(၅၀ )ခန့် ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် 
စိုက်ပျိုးရေးလုပ်ငန်းအတွက် လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ရေး သင်တန်းသည် 
ကန့်သတ်ချက်များ၊အတားအဆီးများ နှင့် ရင်ဆိုင်နေရပြီး  အဆိုပါ ဘာသာရပ်ကို 
လျှောက်ထားသည့် ကျောင်းသားဦးရေသည်လည်း ကျဆင်းလာနေပါသည်။
စိုက်ပျိုးရေး၊
 သစ်တော၊ ဆည်မြောင်း နှင့် ငါးလုပ်ငန်းဘာသာရပ်တို့တွင်  လျှောက် ထားသည့်   
ကျောင်းသား အရေအတွက် သည် (၂၀၂၂)  ခုနှစ်၏ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  စာရင်းသွင်းထားသော ကျောင်းသားစုစုပေါင်း (၅၂၀,၀၀၀) ၏ (၂%) အောက်သာ  ရှိသည်။ 
၎င်းသည်  စိုက်ပျိုးရေးသုတေသန လုပ်ငန်းများ၊ သိပ္ပံ နှင့် နည်းပညာ 
ဖြန့်ဝေခြင်း လုပ်ငန်းများ၊  စိုက်ပျိုး ထုတ်လုပ်မှု့၊  ပြုပြင် 
ထုတ်လုပ်သည့်လုပ်ငန်းများ နှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက်
 လူသားအရင်းအမြစ်များ၏ စွမ်းဆောင်ရည် နိမ့်ကျလာသည့် သက်ရောက်မှုများ 
ရှိနေပါသည်။
  
ထိုကဲ့သို့ ဖြစ်ရသည့် အကြောင်းရင်းမှာ စိုက်ပျိုးရေး၊ 
သစ်တောနှင့် ငါးလုပ်ငန်းတို့တွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ၏ 
လုပ်ခလစာ နည်းပါးခြင်း ကြောင့်ဖြစ်ပြီး ကုန်ထုတ် လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့်
 ဝန်ဆောင်မှု လုပ်ငန်းများနှင့်  နှိုင်းယှဉ်ပါက ထက်ဝက်ခန့်သာ ရှိနေသည်။
စိုက်ပျိုးရေး
 နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန  (MARD) သည် 
စျေးကွက်တောင်းဆိုမှုများနှင့် နီးကပ်စွာ ချိတ်ဆက် နိုင်သော 
အရည်အသွေးရှိသည့်  အစီအစဉ်များကို  ပံ့ပိုးပေးနိုင်ရန်အတွက် သင်တန်းပေးသည့်
 အဖွဲ့အစည်းများတွင် ရင်းနှီး မြှုပ်နှံခြင်းကို ဦးစားပေးဆောင်ရွက်ရမည် 
ဖြစ်သည်။ 
MARD ၏ အဆိုအရ (၂၀၃၀)ခုနှစ်တွင် နိုင်ငံတော်သည် 
ကျေးလက်ဒေသရှိ အလုပ် သမား (၁.၅)သန်းခန့်အတွက် နှစ်စဉ် 
အသက်မွေးဝမ်းကျောင်းသင်တန်းများ ပြီးမြောက် စေရန် ရည်မှန်းထားပြီး  
လေ့ကျင့်သင်ကြားထားပြီးသော  စိုက်ပျိုးရေးလုပ်သား (၇၀%) ထက် ပိုနိုင်ပါသည်။
MARD
 သည် အခြေခံပညာအဆင့် သို့မဟုတ် အဆင့်မြင့်ပညာရေး အောင်မြင် 
ပြီးမြောက်သူများထဲမှ အသိအမှတ်ပြုလက်မှတ်နှင့် ဘွဲ့လက်မှတ်များရရှိပြီး 
စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းတို့တွင် အလုပ်လုပ်ကိုင်နေသည့် 
ဝန်ထမ်းဦးရေအချိုးကို (၂၀၂၀) ခုနှစ်တွင် (၄.၆%) ရှိခဲ့ရာ မှ (၂၀၃၀) 
ခုနှစ်တွင် (၁၀%) အထိ တိုးမြှင့်လာရန် ရည်မှန်းထား ပါသည်။
 အဆိုပါ   ရည်မှန်းချက်များ   အောင်မြင်စေရန်  ဝန်ကြီးဌာနသည်  အရည်အသွေး 
မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များတိုးတက်စေရန် 
လေ့ကျင့်သင်ကြားပေးရေးနှင့် ဂျပန်နိုင်ငံ၏ နည်းစနစ်များကဲ့သို့ 
ကောလိပ်အဆင့်များတွင်  သုတေသန  နှင့်  သင်တန်းများကို  တိုးချဲ့ ဆောင်ရွက်ရန်
  နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းများမှ  အရင်းအမြစ်များကို  စုစည်းဆောင်ရွက် 
ရမည် ဖြစ်သည်ကို (၁၃.၇.၂၀၂၃) ရက်နေ့က ဖတ်ရှုခဲ့ရသည့် 
https://vietnamnews.vn ကွန်ယက်၏ သတင်းဆောင်ပါး မှ တဆင့် သိရှိခဲ့ရသည်။
Source  
 
 https://vietnamnews.vn/society/1551010/viet-nam-must-train-people-in-agriculture-to-improve-productivity-competitiveness
.html
တင်ပြသူ    ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ        ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်
တည်းဖြတ်သူ    ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
စစ်ဆေးသူ        ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန




-80x80.jpg)





