မြန်မာနိုင်ငံအလယ်ပိုင်းမှ ပဲတီစိမ်းအသစ်များ မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ် စည်ကားကောင်းမွန်လျက်ရှိ
- Wed, 15 May 2024
မြန်မာနိုင်ငံ အလယ်ပိုင်းမှ ပဲတီအစိမ်းသစ်များ ဝင်ရောက်လာမှု့နှင့်အတူ ကုန်သည်များက မန္တလေးဈေးကွက်တွင်ကျယ်ကျယ်ပြန့်ပြန့် အရောင်းအ၀ယ်ပြုလုပ်နေကြပါသည်။မြန်မာနိုင်ငံမှ ပဲတီစိမ်းကို တရုတ်၊ အိန္ဒိယ၊ နယ်သာလန်၊ အိုင်ယာလန်၊ ယူကေနှင့် ဂျာမနီသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့လျက်ရှိနေပါသည်။ ပြီးခဲ့ သော ဘဏ္ဍာရေးနှစ် ၂၀၂၃ - ၂၀၂၄ (ဧပြီမှ မတ်) တွင် အမေရိကန်ဒေါ်လာ ၃၃၆.၈၉ သန်း တန်ဖိုးရှိ ပဲတီစိမ်းတန်ချိန် ၅၀၃,၉၇၀ ကျော်ကို ကမ္ဘာတစ်ဝှမ်းသို့ တင်ပို့နိုင်ခဲ့ပါသည်။မြန်မာနိုင်ငံမှ ပဲတီစိမ်းသည် နိုင်ငံခြားဈေးကွက်သို့ ကျယ်ပြန့်လာပြီး၊ ပဲတီစိမ်းတန်ချိန် ၈၀၀၀ ကျော်ကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဆီသို့ တင်ပို့ခဲ့ပါသည်။စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနတို့သည် ပဲတီစိမ်းများကို ဥရောပနိုင်ငံများသို့ ၂၀၁၅ ခုနှစ်မှ စတင်တင်ပို့ရန် သဘော တူညီခဲ့ကြောင်းကို (၉-၅-၂၀၂၄)ရက်နေ့ထုတ် Global New Light of Myanmar သတင်းအရ သိရှိ ရပါသည်။
Source https://www.gnlm.com.mm/mandalay-market-sees-bustling-trade-of-new-green-gram-from-central-myanmar/#article-title
တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ မေလ (၁၅) ရက်
စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန





-80x80.jpg)




