(၂၀၂၄ - ၂၀၂၅) ဘဏ္ဍာနှစ်၊ ပထမ သုံးလပတ်တွင် မြန်မာ့ရေထွက်ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ (၁၄၃)သန်းကျော်ရှိ
- Thu, 18 July 2024
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မှတ်ပုံတင်ထားပြီးဖြစ်သော မြန်မာ့ရေလုပ်ငန်းကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၁၁ ဒသမ ၉၈၄ သန်းတန်ဘိုးတင်ပို့နိုင်ခဲ့ရာမှ လက်ရှိဘဏ္ဍာရေးနှစ် ၂၀၂၄-၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ အမေရိကန်ဒေါ်လာ ၁၄၃ ဒသမ ၂၄၄ သန်းတန်ဖိုး တင်ပို့ နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်း ဇယားများအရ သိရှိရပါသည်။
ကိန်းဂဏန်းများအရ လွန်ခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ် ပါက အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၂၆ သန်း တိုးလာကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံသည် ရေကြောင်းကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ ရေ ထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့လျက်ရှိပါသည်။
မြန်မာ့ရေထွက်ကုန်များကို ဂျပန်၊ ဥရောပနိုင်ငံများ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းကြောင်းမှ တင်ပို့ပြီး ငါး၊ ပုစွန်ကြား၊ ဂျော့ပုစွန်နှင့် အခြား ပင်လယ်စာများ ကို အိမ်နီးချင်း နိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးစခန်းများ (မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်နှင့် မောင် တော)မှ တင်ပို့လျက်ရှိပါသည်။
ငါးသလောက်၊ ငါးမြစ်ခြင်း၊ ငါးခူနှင့် ပင်လယ်စာများ အပါအဝင် ငါးမျိုးစိတ် ၂၀ ကျော်ကို ပြည်ပ ဈေးကွက်သို့ တင်ပို့နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ မြန်မာနိုင်ငံသည် ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့နေပြီး အဓိကအားဖြင့် ထိုင်းနှင့် တရုတ်နိုင်ငံတို့ဖြစ်ကြောင်းကို (၉-၇-၂၀၂၄) ရက်နေ့ထုတ် Global New Light of Myanmar သတင်းအရသိရှိရပါသည်။
Source https://www.gnlm.com.mm/myanmars-fishery-exports-exceed-us143m-in-q1-2024-2025fy/#article-title
တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်
စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန










