Warning: unlink(D:/Apache24/mis_storage/cache/cache.catalog.language.1762167976): Permission denied in D:\Apache24\htdocs\mis\system\library\cache\file.php on line 68 မြန်မာနိုင်ငံသည် GI အဆင့်ဖြင့် မြန်မာ့ပေါ်ဆန်းဆန်ကို ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းနေ

မြန်မာနိုင်ငံသည် GI အဆင့်ဖြင့် မြန်မာ့ပေါ်ဆန်းဆန်ကို ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းနေ

  • Wed, 4 December 2024

မြန်မာနိုင်ငံသည် GI အဆင့်ဖြင့် မြန်မာ့ပေါ်ဆန်းဆန်ကို ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းနေ


မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က မြန်မာနိုင်ငံသည် ကမ္ဘာ့ ဈေးကွက်တွင် မြန်မာ့ပေါ်ဆန်းဆန်အတွက် Geographical Indication (GI) အဆင့်ရရှိရန် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ 

ယခင်က ကြိုးပမ်းအားထုတ်မှုများဖြစ်သည့် ရွှေဘိုပေါ်ဆန်းစပါးအတွက် GI မှတ်ပုံတင် ခြင်းဖြင့် လုံခြုံစေခဲ့ပြီး ယခုအခါ နိုင်ငံတကာဈေးကွက်တွင် ဆွဲဆောင်နိုင်စေရန် အလားတူ အသိ အမှတ်ပြုမှုကို မြန်မာ့ပေါ်ဆန်းဆန်တွင် ဆောင်ရွက်လျက်ရှိကြောင်း ဦးရဲမင်းအောင်က ရှင်းပြသည်။

ပေါ်ဆန်းဆန်၏ ထူးခြားသော အနံ့အရသာကောင်းမွန်မှုကြောင့် ပေါ်ဆန်းဆန်ကို ကမ္ဘာ့ ဈေးကွက်တွင် မိတ်ဆက်ရန် လိုအပ်လျက်ရှိပါသည်။ ဥပမာအားဖြင့် ပါကစ္စတန်နိုင်ငံသည် ၎င်း၏ ဘာစမာတီဆန်ကို တစ်ကမ္ဘာလုံးတွင် အောင်မြင်စွာဖြင့် စျေးကွက်ဝင်တင်ပို့နိုင်ခဲ့သည်။ ဘာစမာတီ ဆန်ကို ပါကစ္စတန်နိုင်ငံတွင်သာမက အိန္ဒိယနှင့် နီပေါနိုင်ငံတို့တွင်လည်း စိုက်ပျိုးကြပြီး ကမ္ဘာ တစ်ဝှမ်းမှ ကောင်းစွာလက်ခံထားပြီးဖြစ်ပါသည်။ အလားတူ ထိုင်းနိုင်ငံသည် စံပယ်ဆန် (Jasmine Rice) ကို နိုင်ငံတကာ အမှတ်တံဆိပ်တစ်ခုအဖြစ် ထူထောင်နိုင်ခဲ့ပါသည်။

“ကျွန်တော်တို့အနေဖြင့် မြန်မာ့ပေါ်ဆန်းဆန်ကိုလည်း ထူးခြားသည့် ရွှေဘိုပေါ်ဆန်းဆန် အတွက် GI မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ထားပြီးဖြစ်သကဲ့သို့ အမှတ်တံဆိပ်တစ်ခုအနေဖြင့် မြှင့်တင်ရမှာဖြစ်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောခဲ့သည်။

လက်ရှိတွင် MRF သည် ပြည်တွင်း၌ လူကြိုက်နည်းသော ဧည့်မထဆန်ကို တင်ပို့ရန် အာရုံစိုက်၍ ဆောင်ရွက်နေပါသည်။ အသင်းချုပ်သည် ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆန်တန်ချိန် (၂) သန်းတင်ပို့ရန် ရည်မှန်းထားသည်။ အောက်တိုဘာလတစ်လတည်းတွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၄၀၀,၀၀၀ တင်ပို့ခဲ့ပြီး ဘဏ္ဍာနှစ်၏ လွန်ခဲ့သည့်ခုနစ်လအတွင်း လစဉ်တင်ပို့မှုအများဆုံး ပမာဏ အဖြစ် မှတ်တမ်းဝင်ခဲ့သည်ကို (၂၉.၁၁.၂၀၂၄)ရက်နေ့က ဖတ်ရှုခဲ့ရသည့် Global New Light of Myanmar  သတင်းဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။

Source         https://www.gnlm.com.mm/ myanmar-seeks-global -recognition -for -myanma -pawsan- rice -with -gi-status

တင်ပြသူ         ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ         ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၄) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ