နောင်တရားမြို့တွင် အာလူးတူးဖော်မှု ပြန်လည်စတင်၊ တောင်သူများအတွက် အလားအလာ ကောင်းမွန်လျက်ရှိ
- Thu, 8 May 2025
နောင်တရားမြို့တွင် အာလူးတူးဖော်မှု စတင်နေပြီဖြစ်ပြီး ထုတ်လုပ်မှုအခြေအနေ ကောင်းမွန်လျက်ရှိသည့်အတွက် တောင်သူများမှာ စိတ်ချမ်းမြေ့လျက်ရှိကြောင်း နောင်တရား အာလူးအသင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
အာလူးဝယ်လိုအား အခြေအနေမှာ ပုံမှန်အတိုင်းဖြစ်နေပြီး ယခုကာလတွင် ဟဲဟိုး၌ အာလူးများ ထွက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
ဈေးကွက်ဝယ်လိုအားအခြေအနေမှာ သာမန်အနေအထားပင်ဖြစ်ကြောင်း၊ ၎င်းအခြေ အနေသည် ဈေးကွက်သဘောသဘာဝအရ ထုတ်လုပ်မှု ပိုလျှံလာပါက ဈေးနှုန်းကျဆင်းမည်ဖြစ်ပြီး ထုတ်လုပ်မှု လျော့နည်းလာပါက ဈေးနှုန်းမြင့်တက်မည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ရာသီဥတု ဆိုးရွားခြင်း မရှိသည့်အတွက် တူးဖော်ချိန်အစ၌ပင် အထွက်နှုန်းကောင်းမည့် အလားအလာ ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။
သင်္ကြန်ကာလနှင့် သင်္ကြန်လွန်ကာလများတွင် အာလူးဈေးနှုန်း အနည်းငယ်မြင့်တက် ခဲ့သော်လည်း ယခုအခါ ပုံမှန်ဈေးနှုန်းသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထုတ်လုပ်မှု အများဆုံးအချိန်ဖြစ်သည့် မေလနှင့် ဇွန်လတွင် ဈေးနှုန်းအနည်းငယ်ကျဆင်းမည်ဖြစ်ပြီး ထုတ်လုပ်မှု အကန့်အသတ်ရှိသည့် ကာလများဖြစ်သော ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ဈေးနှုန်းပြန်လည်မြင့်တက်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။
နောင်တရားမြို့၌ အာလူးကို ဇွန်လတွင် ပထမအကြိမ်၊ ဩဂုတ်လတွင် ဒုတိယအကြိမ်နှင့် ဒီဇင်ဘာနှင့် ဇန်နဝါရီလတို့တွင် တတိယအကြိမ်အဖြစ် နှစ်စဉ်တစ်နှစ်လျှင် (၃)ကြိမ်စိုက်ပျိုးကြောင်းကို (၂၃. ၅. ၂၀၂၅)ရက်နေ့တွင် ထုတ်ပြန်သည့် Global News Light of Myanmar သတင်းဆောင်းပါး အရ သိရှိရပါသည်။
Source https://www.gnlm.com.mm/potato-harvest-resumes-in-naungtaya-farmers-are-happy-with-potential-production/
တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ခုနှစ်၊ ဧပြီလ(၃၀) ရက်