ကမ္ဘောဒီးယား၏ ကုန်စိမ်း တင်ပို့မှု ၅၈ ရာခိုင်နှုန်း တိုးလာ
- Mon, 7 July 2025
ကမ္ဘောဒီးယား၏ ကုန်စိမ်း ကဏ္ဍသည် ယခုနှစ်အစောပိုင်းတွင် သိသိသာသာ တိုးတက် လာခဲ့ပြီး အဓိကပို့ကုန်များဖြစ်သည့် သစ်သီးနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုမှာ အားကောင်းနေ ခဲ့သည်။ ပြည်ပသို့ အဓိကတင်ပို့သည့် ကုန်စိမ်းများမှာ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ပြောင်း၊ ငရုတ်ကောင်း နှင့် လောင်ဂန်သီး တို့ဖြစ်သည်။
ဇန်နဝါရီလမှ မေလအထိ သီဟိုဠ်စေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၇၃၉) သန်းရရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ထက် (၅၈) % တိုးမြင့်လာခဲ့ပါသည်။ ငှက်ပျောတင်ပို့မှုမှာ (၂၁) % မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၇၆) သန်းရှိခဲ့သည်။ သရက်သီးစိမ်း တင်ပို့မှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၉၅) သန်းရှိပြီး (၁) % လျော့ကျသွားကြောင်း သိရှိရပါသည်။
ပီလောပီနံတင်ပို့မှု စုစုပေါင်း အမေရိကန်ဒေါ်လာ (၄၁၇) သန်းရှိပြီး ကာလတူထက် (၁၃) % ကျဆင်းခဲ့သည်။ ပြောင်း၊ ငရုတ်ကောင်း၊ လောင်ဂန် နှင့် အခြားသော ကုန်ကြမ်းများတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ဒေါ်လာ (၈၃) သန်းခန့် ရရှိခဲ့သည်။
စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး ဒစ်တီနာက ကမ္ဘောဒီးယား၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရာတွင် ကုန်စိမ်းထုတ်ကုန် ကဏ္ဍ၏အရေးပါမှုကို မီးမောင်းထိုးပြပြီး ၎င်းကဏ္ဍ၏ လိုက်လျောညီထွေရှိစွာ ရေရှည်ထိန်းသိမ်းထားနိုင်စွမ်းနှင့် စားနပ်ရိက္ခာဖူလုံမှု၊ ပို့ကုန် တိုးတက်မှုတို့တွင် အဓိကအခန်းကဏ္ဍတွင်တည်ရှိနေသည်ကို သတိပြုမိပါသည်။
တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းတို့သည် ကမ္ဘောဒီးယား၏ ကုန်စိမ်းထွက်ကုန်များ အတွက် ထိပ်တန်းနိုင်ငံအဖြစ် ကျန်ရှိနေပါသည်။ စိုက်ပျိုးရေးသည် ကမ္ဘောဒီးယားနိုင်ငံစီးပွားရေး၏ အဓိက မဏ္ဍိုင်လေးရပ် အနက်မှ တစ်ခုဖြစ်သည်။
စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် အစိုးရက စိုက်ပျိုးရေးလုပ်ငန်း ဖြင့် သမရိုးကျ အသက်မွေးဝမ်း ကြောင်းပြုခြင်းမှ စီးပွားဖြစ်လယ်ယာကဏ္ဍသို့ ကူးပြောင်းရန် ရည်ရွယ်သည့် မဟာဗျူဟာမူဝါဒသစ် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး တန်ဘိုးမြင့်ထုတ်ကုန်များမှ တစ်ဆင့် တောင်သူများ၏ ၀င်ငွေ တိုးမြင့်ရေးကို အဓိကထား ဆောင်ရွက်လျက်ရှိပါသည်။
ဤမူဝါဒ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ်များ ခိုင်မာ စေရန်အတွက် နိုင်ငံတစ်ဝှမ်းရှိ ခရိုင်များတွင် စိုက်ပျိုးရေးအရာရှိများကို တာဝန်ချထားပေးခဲ့ပါသည်။ ၎င်းအရာရှိများသည် သမဝါယမများဖွဲ့စည်းခြင်း၊ ထုတ်လုပ်မှုကွင်းဆက်များ ချောမွေ့စေရေးနှင့်
ထုတ်လုပ်မှုကုန်ကျစရိတ်များ လျှော့ချရေးတို့တွင် လယ်သမားများအား ပံ့ပိုးပေးမည် ဖြစ်ကြောင်း ကို (၂၅-၆-၂၀၂၅) ရက်နေ့ထုတ် Fresh Plaza သတင်း ဆောင်းပါးအရ သိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9744353/cambodia-fresh-produce-exports-up-58/
တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂) ရက်
တည်းဖြတ်သူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန