ဗီယက်နမ်နှင့် မလေးရှားတို့တွင် ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုကြောင့် ဒူးရင်းဈေးများ ကျဆင်း
- Tue, 8 July 2025
ဗီယက်နမ်နိုင်ငံ၏ အလယ်ပိုင်းကုန်းမြင့်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒူးရင်းသီး ခူးဆွတ်ခြင်းကို နှောင့်နှေးစေခဲ့ပြီး ရောင်းချရာတွင်လည်း တောင်သူအချို့မှာ သိသိသာ သာ အရှုံးပေါ်ခဲ့ကြောင်း၊ မိုးဒဏ်ထိထားပြီး ရင့်မှည့်ချိန်မတိုင်မီ ခူးဆွတ် အခြောက်ခံ ထားသည့် သစ်သီးများကို ပြည်ပတင်ပို့ရန် ငြင်းပယ်ခံခဲ့ရကြောင်း၊ ဝယ်သူများဘက်မှ စရံငွေကို အဆုံးခံပြီး ဝယ်ယူမှုကို စွန့်လွှတ်ခဲ့ကြောင်း Vietnambiz ၏ ပြောကြားချက်အရ သိရသည်။ ဆုံးရှုံးမှုအနေဖြင့် ဈေးနှုန်းများသည် တစ်ကီလိုလျှင် (၀.၆၆) ဒေါ်လာ ကျဆင်းသွားကြောင်း၊ စိုက်ပျိုးသူ အများစု အတွက် အရင်းကျေဈေးနှုန်းမှတ် ဖြစ်သည့် တစ်ကီလို (၁.၅၅) ဒေါ်လာ အောက်သို့ ရောက်ရှိ သွား ပါကြောင်း ကုန်သည်များက အစီရင်ခံကြသည်။
တစ်ချိန်တည်းမှာပင် အရှေ့တောင်အာရှ၏ အဓိက ဒူးရင်းတင်ပို့ရောင်းချသည့်နိုင်ငံများ တွင် ပါဝင်သည့် မလေးရှားသည် နိုင်ငံတစ်ဝှမ်း စိန်ခေါ်မှုများနှင့် ကြုံတွေ့နေဆဲဖြစ်သည်။ လက်လီ ဈေးကွက်သတင်းများအရ မလေးရှားနိုင်ငံမှ ဒူးရင်းသီးများ၏ (၈၅) % ခန့်ကို တင်သွင်းသည့် စင်ကာပူ သည် ယခုနှစ်အစောပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပန်းပွင့်ခြင်း ကို ထိခိုက် စေခဲ့ပြီး ရာသီစရန် နှောင့်နှေးခဲ့ရကြောင်း သိရသည်။ သို့သော်လည်း ပါဟန်တွင် ရာသီဥတု ကောင်းမွန်သောကြောင့် Musang King ခူးဆွတ်မှုကို ဇူလိုင်လနှင့် သြဂုတ်လတွင် မျှော်မှန်း ထားပြီး နောက်ပိုင်းတွင် အလားအလာများ ပိုမိုကောင်းမွန်လာခဲ့သည်။
ပမာဏများများတင်ပို့ရန် မျှော်လင့်ထားသော်လည်း မတည်ငြိမ်မှုများ ရှိနေဆဲဖြစ်သည်။ ဒူးရင်း လက်လီရောင်းချသူ Rolling Durian သည် မတည်ငြိမ်သည့် ရာသီဥတုကြောင့် အထွက်နှုန်းကို ကန့်သတ်ထားဆဲဖြစ်ပြီး အမြင့်ဆုံးထွက်ရှိသည်ဟု ယူဆထားသည့် ပီနန်တွင်ပင် အထွက်နှုန်းမှာ အကန့်အသတ်ဖြင့်သာရှိကြောင်း သိရှိရသည်။ စျေးနှုန်းများသည် လာမည့်လတွင် (၃၀) % အထိ ကျဆင်းနိုင်မည်ဟု ကုမ္ပဏီက ခန့်မှန်းထားသော်လည်း ခန့်မှန်းမရသော ရာသီဥတုသည် ဝယ်လို အားများကို ပြောင်းလဲနိုင်ဆဲဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါကြောင်းအား (၂၅-၆-၂၀၂၅) ရက်နေ့ထုတ် Fresh Plaza သတင်း ဆောင်းပါးအရ သိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9744351/durian-prices-tumble-in-vietnam-and-malaysia-amid-weather-challenges/
တင်ပြသူ ဒေါ်ဥမ္မာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂) ရက်
တည်းဖြတ်သူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန