၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ နာနတ်သီး တန်ချိန် ၄၀,၀၀၀ ကျော် တင်ပို့ခဲ့

  • Wed, 27 August 2025

၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ နာနတ်သီး တန်ချိန် ၄၀,၀၀၀ ကျော် တင်ပို့ခဲ့


မြန်မာနိုင်ငံ နာနတ်သီးစိုက်ပျိုးသူများနှင့် တင်ပို့ရောင်းချသူများအသင်း၏ အဆိုအရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ မြန်မာ့နာနတ်သီးတန်ချိန် ၄၀,၀၀၀ ကျော် တင်ပို့နိုင်ရန် စီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။ မြန်မာ့နာနတ်သီးများကို နိုင်ငံတစ်ဝှမ်းလုံးတွင် စိုက်ပျိုးကြ သည်။

ယခင်က   ပြည်တွင်းစားသုံးရန်   အဓိကထား စိုက်ပျိုးခဲ့သော်လည်း   မကြာသေးမီနှစ်များ အတွင်း  ပို့ကုန်ဈေးကွက်အတွက် ရည်ရွယ်သည့်စိုက်ပျိုး  ထုတ်လုပ်မှုဘက်သို့  ပြောင်းလဲစိုက်ပျိုး လာခဲ့ပါသည်။ ယခုနှစ်တွင် နာနတ်သီး တန်ချိန် ၄၀,၀၀၀ ကျော် တင်ပို့ရန် စီစဉ်နေပါသည်။

 “သီပေါကနေ အရည်အသွေးကောင်းတဲ့ နာနတ်သီး အများစုကို တရုတ်နိုင်ငံသို့ တင်ပို့ နေသည်” ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် ပြည်တွင်း၌ နာနတ်သီး ဧက ၂၀,၀၀၀ ကျော် စိုက်ပျိုးထားပြီး ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးလျက်ရှိသည်။

အထူးသဖြင့် ရှမ်းပြည်နယ်မှ အရည်အသွေးကောင်း နာနတ်သီးများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုက်ပျိုးသည့်ဒေသများအနက် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စိုက်ခင်းများသည် တစ်နှစ်လျှင် အရည်အသွေးကောင်းနာနတ်သီး ပျမ်းမျှတန်ချိန် ၈၀,၀၀၀ မှ ၁၀၀,၀၀၀ ကြား ထွက်ရှိသည်။

မြန်မာနိုင်ငံရှိ နာနတ်သီးစိုက်ပျိုးသော ဒေသများတွင် ဒေသတွင်း GAP စိုက်ကွင်းများနှင့် သဘာဝအော်ဂဲနစ် စိုက်ကွင်းများဟူ၍ စိုက်ကွင်းအမျိုးအစား နှစ်ခု ရှိပါသည်။ အဆိုပါ စိုက်ကွင်း များတွင် တရုတ်၊ ထိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့မှ စိုက်ပျိုးထုတ်လုပ်သည့် နည်းလမ်းများကိုလည်း ကျင့်သုံးလျက်ရှိသည်။

ထို့ကြောင့်   နိုင်ငံတကာဈေးကွက်သို့    ထိုးဖောက်ဝင်ရောက်ရန်   အရည်အသွေး ပြည့်မီ သော နာနတ်သီးမျိုးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည်ကို ၂၂.၈.၂၀၂၅ ရက်နေ့က ဖတ်ရှုခဲ့ရ သည့် Global New Light of Myanmar ၏ သတင်းဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။


Source https://www.gnlm.com.mm/myanmar-to-export-over-40000-tonnes-of-pineapples-in-fy2025-26/

တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၂၇) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ