ဗီယက်နမ်ဒူးရင်းတင်ပို့မှုဈေးနှုန်းများ ၂၀ ရာခိုင်နှုန်းမြင့်တက်

  • Fri, 29 August 2025

 ဗီယက်နမ်ဒူးရင်းတင်ပို့မှုဈေးနှုန်းများ ၂၀ ရာခိုင်နှုန်းမြင့်တက်


တရုတ်နိုင်ငံ၏ အရည်အသွေး သတ်မှတ်ချက်များနှင့် လိုက်လျောညီထွေမှု မြင့်တက်လာပြီး ဒူးရင်းသီး ဝင်ရောက်မှု ကျဆင်းခြင်းကြောင့် ဒူးရင်းတင်ပို့ဈေးနှုန်းသည် ယခင်လကထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

ဗီယက်နမ်တွင် စိုက်ပျိုးသော ထိုင်းမျိုးစိတ်ဖြစ်သည့် Monthong ဒူးရင်း၏ ဈေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၈၀၀၀၀-၉၀၀၀၀ (အမေရိကန်ဒေါ်လာ ၃.၀၄-၃.၄၂) သို့ ၁၅-၂၀% မြင့်တက်ခဲ့သည်။ ဗီယက်နမ်မျိုး Ri 6 စျေးနှုန်းများသည် ဗီယက်နမ်ဒေါင် ၄၀၀၀၀–၄၂၀၀၀ (အမေရိကန်ဒေါ်လာ ၁.၅၂–၁.၆၀) တွင် တည်ငြိမ်နေပါသည်။

ယခုနှစ်အစောပိုင်းတွင် တရုတ်နိုင်ငံ၏ တင်းကျပ်သော ဓာတ်ကြွင်းအာနိသင်နှင့် အရည် အသွေး စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက် များကြောင့် ဗီယက်နမ် ဒူးရင်းဈေးနှုန်းသည် ကျဆင်း ခဲ့သည်။ ဇွန်လမှစ၍ ဗီယက်နမ်တွင် တင်းကျပ်သော ထိန်းချုပ်မှုနှင့် စစ်ဆေးမှုများသည် ပို့ကုန် စျေးနှုန်းများ ပြန်လည် ဦးမော့လာစေရန် ပံ့ပိုးပေးခဲ့သည်။

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ၏ အများဆုံး ခူးဆွတ်ရာသီအဆုံးတွင် ဒူးရင်းသီးဝင်ရောက်မှု  နည်းပါးကြောင်း ကုန်သည်များက ပြန်လည် ပြောကြားခဲ့ပါသည်။

Can Tho မြို့ တော်ရှိ Manh Kguong  မှ ဒူးရင်းသီး ရရှိနိုင်မှု လျော့နည်းသွားကြောင်း အတည်ပြုခဲ့သည်။ Dak Lak ဒေသတွင် ဒူးရင်းသီးခူးဆွတ်မှု စတင်နေပြီဖြစ်သော်လည်း အထွက် နှုန်းမှာ အကန့်အသတ်ရှိနေပြီး အသီးအရည်အသွေးမှာလည်း ညီညွတ်မှုမရှိ ကွဲလွဲနေသည်။

 “ပို့ကုန်လိုအပ်ချက် မြင့်တက်လာသည့်အတွက် ဈေးနှုန်းလည်းမြင့်တက်လာပြီး  တစ်ရက် လျှင် တစ်တန်မှ  နှစ်တန်လောက်ပဲ ဝယ်လို့ရသည်” ဟု ကုန်သည်တစ်ဉီးဖြစ်သူ  Thanh မှပြော သည်။

Dong Nai တွင် ကုန်သည် Hieu သည် ထိုင်ဝမ်နှင့် တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် ဒူးရင်း တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၉၅,၀၀၀ (US$ ၃.၆၁) ဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။

အဓိက စိန်ခေါ်မှုမှာ ပို့ကုန်စံချိန်စံညွှန်းနှင့် ကိုက်ညီသော သစ်သီးအလုံ အလောက် ရရှိစေ ရေးဖြစ်သည်။ ဒူးရင်းတင်ပို့မှုသည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် တစ်လလျှင် ပျမ်းမျှ အမေရိ ကန်ဒေါ်လာ သန်း ၁၀၀ အောက်တွင်ရှိသည်။

အဆိုပါ ကိန်းဂဏန်းသည် ဧပြီလတွင် အနည်းငယ် မြင့်တက်ခဲ့ပြီး မေလတွင် အမေရိ ကန် ဒေါ်လာ ၂၀၄ သန်းအထိ ရောက်ရှိခဲ့ပြီး ဇွန်လတွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်လွန် ခဲ့သည်။ ဇူလိုင်လတွင် စုစုပေါင်း တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သန်း ၃၅၀ မှ သန်း ၄၀၀ ခန့်ရှိ မည်ဟု ခန့်မှန်းထားပြီး နှစ်စဉ် ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရှိခဲ့သည်ဖြစ် ကြောင်းကို (၂၀-၈-၂၀၂၅)ရက်နေ့ထုတ် Freshplaza သတင်းဆောင်းပါး အရ သိရှိရပါသည်။


Source https://www.freshplaza.com/asia/article/9757865/vietnam-durian-export-prices-rise-20/

တင်ပြသူ ဒေါ်ဥမ္မာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ  (၂၇) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန






ဆက်စပ် သတင်းများ