မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီသည် မျိုးစေ့အသစ် ၆၈ မျိုးစာရင်းကို အတည်ပြု

  • Mon, 15 September 2025

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီသည်  မျိုးစေ့အသစ် ၆၈ မျိုးစာရင်းကို အတည်ပြု


မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ မှ မျိုးစေ့အသစ် ၆၈ မျိုး မှတ်ပုံတင်ရန် အတည် ပြု ခဲ့ သည်။ ဩဂုတ်လ ၂၉ ရက်နေ့က နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန ရုံးအမှတ် ၄၃ ၌ ကျင်းပသည့် ၃၁ကြိမ်မြောက်အစည်းအဝေးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ များ ၊ TWGs များတက်ရောက်ခဲ့ပြီး မျိုးစေ့ဆိုင်ရာ အမျိုးသား ကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က အဖွင့်အမှာစ  ကားပြောကြားခဲ့ပါသည်။ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက တက် ရောက်လာသူများမှ သိရှိလိုသည်များကို ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

သီးနှံဆိုင်ရာကျွမ်းကျင်မှုအဖွဲ့ နှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ မှ လယ်ယာသီးနှံ မျိုးစေ့ ၃၁ မျိုး၊ ဥယျာဉ်ခြံမျိုးစေ့ ၂၃ မျိုး၊ စက်မှုသီးနှံ ၃ မျိုးနှင့် မိဘမျိုးစေ့ ၅ မျိုးကို မျိုးစေ့ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြည့်ရှုစစ်ဆေးပြီး မှတ်ပုံတင်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်။

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ သည် အကြိမ် ၃၀ မြောက် ကော်မတီ အစည်းအဝေး အပြီးတွင် မျိုးစေ့အမျိုးပေါင်း ၂၀၃၃ မျိုး အတွက် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ယင်းအထဲတွင် လယ်ယာ သီးနှံမျိုးစေ့ ၇၂၄ မျိုး၊ ဥယျာဉ်ခြံမျိုးစေ့ ၉၃၈ မျိုး၊ စက်မှုသီးနှံမျိုးစေ့ ၁၃၂ မျိုးနှင့် မိဘမျိုးစေ့ ၂၃၉ မျိုးတို့ ပါဝင်ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဗဟိုကော်မတီဝင်များသည် အပင်မျိုး သစ်အကာအကွယ်ပေးရေး ဗဟိုကော်မတီ၏ ပဉ္စမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြပြီး အပင်မျိုးသစ်မွေးမြူခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နည်း ပညာကော်မတီမှ စိစစ်ပြီး အပင်မျိုးသစ်အချို့နှင့် အပင်မျိုးသစ်မွေးမြူသူများအတွက် အခွင့်အလမ်းများ၊ ထောက်ပံ့မှုများနှင့် အနာဂါတ်အစီအစဉ်များကို မီးမောင်းထိုးပြခဲ့ပါသည်။ (၄) ကြိမ်မြောက် အစည်းအဝေးအပြီးတွင် အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေသစ်အရ အပင် မျိုးကွဲ ၄၉ မျိုးအနက် မျိုးကွဲ ၁၂ မျိုးအား အကာအကွယ်ပေးအပ်ခဲ့ကြောင်း (၃-၉-၂၀၂၅) ရက်နေ့ တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။


ဆက်စပ် သတင်းများ