ဧပြီလမှ သြဂုတ်လအထိ မြန်မာ့ငါး တန်ချိန် (၁) သိန်း တင်ပို့

  • Mon, 22 September 2025

ဧပြီလမှ သြဂုတ်လအထိ မြန်မာ့ငါး တန်ချိန် (၁) သိန်း တင်ပို့


ဧပြီလ (၁) ရက်နေ့မှ စတင်၍ လက်ရှိဘဏ္ဍာရေးနှစ် (၂၀၂၅ -၂၀၂၆) ၏ လွန်ခဲ့သော (၅) လ အတွင်း အမေရိကန်ဒေါ်လာ (၁၂၇.၈၅) သန်း တန်ဖိုးရှိ ငါး မက်ထရစ်တန်ချိန် (၁၀၀,၀၀၀) ကျော် တင်ပို့ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံသည် ပင်လယ်ရေကြောင်းလမ်းမှ ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ (၈၅.၅) သန်းတန်ဖိုးရှိသော ငါးတန်ချိန် (၅၇,၈၀၀) ကျော် တင်ပို့ခဲ့ပါသည်။ အမေရိကန်ဒေါ်လာ (၄၂.၃) သန်းတန်ဖိုးရှိ ငါး မက်ထရစ်တန် (၅၀,၉၀၀) ကျော်ကို နယ်စပ်လမ်းကြောင်းမှတစ်ဆင့် အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့ခဲ့သည်။ ယခင်၂၀၂၄-၂၀၂၅ (ဧပြီ - မတ်) ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ (၄၂၁) သန်းတန်ဖိုး ရှိသော ငါးတန်ချိန် (၄၀၀၀၀၀ ) ခန့် တင်ပို့နိုင်ခဲ့သည်။

မြန်မာနိုင်ငံသည် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျပန်အပါအဝင် နိုင်ငံပေါင်း (၄၀) သို့ ရေထွက်ပစ္စည်းများကို ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တင်ပို့ လျက်ရှိသည်။ လွန်ခဲ့သော(၅) လအတွင်း မြန်မာ့ရေထွက်ကုန်တင်ပို့မှုသည် မက်ထရစ်တန်ချိန် (၁၅၃,၉၀၀) ကျော်လွန်ခဲ့သည်။

ငါးသလောက်၊ ငါးခူ၊ ကကတစ်ငါး၊ ပင်လယ်ငါးရှဉ့်၊ ပုစွန်နှင့် ကဏန်း အပါအဝင် ရေထွက် ပစ္စည်းများကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရ သည်။ ငါးအအေးခန်းသိုလှောင်ရုံ (၁၄၀) ကျော်ရှိပြီး ဌာနမှလည်း နှစ်စဉ် လိုင်စင်သက်တမ်း တိုးပေး နေပါကြောင်းအား (၁၁- ၉- ၂၀၂၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source https://www.gnlm.com.mm/myanmars-fish-exports-top-100000-tonnes-from-apr-to-aug/#article-title


တင်ပြသူ ဒေါ်ဥမ္မာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ  (၁၇) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

 



ဆက်စပ် သတင်းများ