ထိုင်းနိုင်ငံသည် ဈေးကွက်သစ် ၂ ခုသို့ လောင်ဂန်သီးတင်ပို့မှုကို တိုးချဲ့လျက်ရှိ
- Mon, 22 September 2025
ထိုင်းနိုင်ငံ၏ Platinum Fruit သစ်သီးကုမ္ပဏီ သည် ဗြိတိန်နှင့် နယ်သာလန်နိုင်ငံတို့ကို ပစ်မှတ်ထားပြီး ဥရောပသို့ လတ်ဆတ်သော လောင်ဂန်သီးတင်ပို့မှု တိုးချဲ့ ရန်ပြင်ဆင်နေ သည်။ ကုမ္ပဏီသည် ၎င်း၏ ဒူးရင်းဈေးကွက်ကို တရုတ်နိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ မြောက်ပိုင်းသို့ တိုးချဲ့ ရောင်းချရန် ညှိနှိုင်းနေပြီး ဒူးရင်းနှင့် ကောက်ညှင်းရောစပ်ထားသည့် ထုတ်ကုန် အသစ်နှင့် မိတ်ဆက်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။
အမှုဆောင်အရာရှိချုပ် Natthakrit Eiamsakul က ဟောင်ကောင်တွင် Asia Fruit Logistica 2025 တွင် အစီအစဉ်များကို အတည်ပြုခဲ့သည်။ထိုင်းနိုင်ငံမှ သစ်သီးဝလံများဖြစ်သော အထူးသဖြင့် ဒူးရင်း နှင့်လောင်ဂန်သီးသည် နိုင်ငံတကာ ဝယ်လက်များ အလိုချင်ဆုံးများထဲတွင် ဆက်လက်ပါ ဝင်နေကြောင်း သူက မှတ်ချက်ပြုပြောသည်။
ဥရောပဈေးကွက်များတွင် ယူကေနှင့် နယ်သာလန်ကဲ့သို့သော နိုင်ငံများက စိတ်ဝင်စားမှု တိုးမြင့်လာမှုကြောင့် လတ်ဆတ်သော လောင်ဂန်သီးအတွဲများကို သတိပြုမိလာကြသည်။
“အရင်တုန်းကတော့ တချို့နိုင်ငံတွေက ၎င်းသစ်သီးများအကြောင်း မသိတာ သို့မဟုတ် တခါမှ မမြည်းစမ်းဖူးပေမယ့် ကျွန်တော်တို့ ခင်းကျင်းပြသထားတဲ့ ပရီမီယံအဆင့် လတ်ဆတ်တဲ့ လောင်ဂန်သီးကို မြည်းစမ်းကြည့်တော့ အရသာကို ကြိုက်ကြတယ်” ဟု Eiamsakul က ပြော သည်။
သယ်ယူပို့ဆောင်ရေး ကန့်သတ်ချက်များလျော့ချပေးခြင်းဖြင့် အသီး၏ သက်တမ်းကို ကူညီ ပေးနိုင်သည်ဟု သူက ဆက်လက်ပြောသည်။ လောင်ဂန်သီးသည် အိန္ဒိယနိုင်ငံတွင်လည်း ၎င်း၏ ဖောက်သည်များကို တိုးချဲ့လျက်ရှိပြီး အသေးစိတ်အချက်အလက်များကို အပြီးသတ်နေဆဲဖြစ် သည်။ ကုမ္ပဏီ၏ အဓိကလောင်ဂန်သီးဈေးကွက်မှာ အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံတို့တွင် ကျန် ရှိနေဆဲဖြစ်သည်။
အဆင်သင့်စားသုံးနိုင်သော ထုတ်ကုန်သည် ဥရောပကုန်သည်များထံမှ အာရုံစူးစိုက်မှုကို ရရှိခဲ့သည်။ ကုမ္ပဏီသည် GAP နှင့် Global GAP စံနှုန်းများနှင့် ကိုက်ညီသော သစ်သီး ခြံရင်းမြစ် များမှ အသီးအနှံများကို ရယူကာ ထောက်ပံ့ရေးကွင်းဆက်တစ်လျှောက် အရည်အသွေး ထိန်းသိမ်း ရန် အအေးပေးကွင်းဆက်သယ်ယူပို့ဆောင်ရေးတွင် ရင်းနှီးမြှုပ်နှံထားသည်။
လောင်ဂန်သီးကို လက်ရှိတွင် တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ နယူးဇီလန်နှင့် ဗြိတိန် နိုင်ငံတို့ ကိုတင်ပို့လျက်ရှိကြောင်းကို (၁၂.၉.၂၀၂၅) ဖတ်ရှုခဲ့ရသည့် www.freshplaza.com သတင်းကွန် ယက်၏ ဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။
Source https://www.freshplaza.com/asia/article/9764695/thailand-expands-longan-exports-to-2-new-markets/
တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၇) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန