နယူးဇီလန် ထောပတ်သီး စိုက်ပျိုးသူများသည် ဈေးနှုန်းကျဆင်းမှုနှင့် ရင်ဆိုင်နေရ

  • Mon, 22 September 2025

နယူးဇီလန် ထောပတ်သီး စိုက်ပျိုးသူများသည် ဈေးနှုန်းကျဆင်းမှုနှင့် ရင်ဆိုင်နေရ


နယူးဇီလန်ရှိ အချို့ဒေသများတွင် ထောပတ်သီးဈေးနှုန်းများသည် တစ်ကီလိုဂရမ်တွင် အမေရိကန်ဒေါ်လာ ၀.၁၉ အထိ ကျဆင်းသွားသကဲ့သို့  စားသုံးသူများ၏ ဝယ်လိုအား မြင့်တက်လာ သော်လည်း စိုက်ပျိုးသူများအတွက် ခက်ခဲသော ပတ်ဝန်းကျင်နှင့် ရင်ဆိုင်နေရပါသည်။ 

Woolworths မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထောပတ်သီးသည် နှစ်များစွာအတွင်း တန်ဖိုး အရှိဆုံးအဖြစ်ရပ်တည်ခဲ့ပြီး လာမည့် (၂) လအတွင်း ပမာဏများလာမည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ "မမှည့်ခင် ထောပတ်သီးတစ်လုံးကို အမေရိကန်ဒေါ်လာ ၀.၆၀ နှင့် အမေရိကန် ဒေါ်လာ ၀.၇၂ ကြား ပြီးခဲ့သည့်ကာလက ရောင်းချခဲ့ပြီး ဝယ်လိုအား စံချိန်တင်ခဲ့ပါသည်။ နွေဦးနှင့် နွေရာသီသို့ ဝင်ရောက်လာပါက တန်ဖိုးကြီးသီးနှံအဖြစ် ဆက်လက်တည်ရှိနေမည်ဟု မျှော်လင့်ပါ တယ်" ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

Katikati မှ စိုက်ပျိုးသူ Hugh Moore သည် သစ်သီး အမြောက်အမြား ဈေးနှုန်း ကျဆင်း လာသည်ဟု အစီရင်ခံခဲ့သည်။ Bay of Plenty ရှိသီးနှံ တော်တော်များများမှာ လေတိုက်၍ မခူးဆွတ် ရဟုဆိုပြီး အငြင်းပွားစရာ များရှိသေးကြောင်း၊ ဒါပေမယ့် နယူးဇီလန် ဈေးကွက်တွင် အဆင့် အတန်းမီသည့် သစ်သီးများပင် ရယ်စရာကောင်းလောက်အောင် ဈေးနှုန်းများ ကျဆင်းနေပါတယ်” ဟု ၎င်းက ဆိုသည်။ ပင်ပျိုထောပတ်သီးပင်များစိုက်ခင်းမှ စောစောခူးဆွတ် ရိတ်သိမ်းခြင်းဖြင့် သစ်သီးများပိုလျှံစေသည်ဟု Moore က ဆက်လက်ပြောခဲ့သည်။ "ထောပတ်သီး စိုက်ပျိုးသူများ ဘက်မှကြည့်ပါကယခုအချိန်သည် ကြယ်ရောင်တောက်ပနေသည့် ရာသီဖြစ်မှာမဟုတ်ဘူး ဆို သည်။

ပို့ကုန်အခြေအနေသည် စိုက်ပျိုးသူများအပေါ် သက်ရောက်မှုရှိသည်ကို Moore က ပြော သည်။ "ပို့ကုန်လုပ်ငန်းများသည် ယခင်ထင်ထားတာထက် အနည်းငယ်နှေးကွေးလာကာ၊ အဓိက အားဖြင့် ပီရူးထံမှ ပို့ကုန်များအပေါ် အမေရိကန်မှ အခွန်တိုးမြှင့်ကောက်ခြင်းကြောင့် ဖြစ်သည်။ ပီရူး နိုင်ငံအတွက် ၎င်းသစ်သီးသည် အကြီးမားဆုံး အဓိကသီးနှံဖြစ်ပြီး တန်ချိန် ၁၉ သန်းခန့် ရှိသည်ဟု ခန့်မှန်းထားပါသည်။ ဒါဟာ ကြီးမားတဲ့ပမာဏဖြစ်သည်။ ၎င်း သီးနှံများသည် စျေးကွက်အများ စုတွင်နေရာယူထားပြီး စျေးနှုန်းလည်းကျသွားသည်။ 

နယူးဇီလန် ထောပတ်သီး၏ အမှုဆောင်အရာရှိချုပ် Brad Siebert က ယခုရာသီတွင် ရာသီဥတုအခြေအနေကြောင့် အရည်အသွေးကောင်းမွန်သော်လည်း စျေးကွက်လှုပ်ရှားမှုမှာ ခက်ခဲ နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ "ယခုအချိန်သည် တင်ပို့ရာသီနှင့် ရိတ်သိမ်းရာသီကို အပြည့် အဝကူးပြောင်း နေပြီဖြစ်ပြီး ပြည်တွင်းဈေးကွက်တွင် ပုံမှန်အတိုင်းထွက်ကုန် ပမာဏမြင့်မားတဲ့ ကာလတစ်ခုလို့ ကျွန်တော်ထင်ပါသည်။ ပြင်းထန်သည့် နိုင်ငံတကာ ပြိုင်ဆိုင်မှုသည် စိုက်ပျိုးသူများ အတွက် ကဏ္ဍတစ်ခုလုံးကို အမှန်တကယ် ဖိအားဖြစ်စေပါသည်။ ဒါဟာ အခြားနိုင်ငံတကာ၏ ကုန်သွယ်မှု အရွှေ့အပြောင်းများနှင့် ပတ်ဝန်းကျင်နိုင်ငံများမှ သစ်သီးများကျွန်တော်တို့၏ အဓိက ဈေးကွက်များထဲ အလုံးအရင်းနဲ့ဝင်ရောက်လာခြင်းတို့ဟာ အဓိကစိန်ခေါ်မှုများဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။ 

တစ်နှစ်တာ ခန့်မှန်းချက်သည် မနှစ်ကထက် ဗန်းပေါင်း ၁ သန်းခန့် လျော့နည်းကြောင်း Siebert က မှတ်ချက်ပြုခဲ့သည်။ ပြည်တွင်းစျေးကွက်ပမာဏသည် ယခင်ရာသီများနှင့် တူညီပြီး ဈေးနှုန်းများသည် ရောင်းလိုအားပမာဏထက် စျေးကွက်အခြေအနေကြောင့် ပိုမိုတွန်းအားပေးခံနေ ရကြောင်း အကြံပြုထားသည်ကို (၁၁-၉-၂၀၂၅) ရက်နေ့ထုတ် Fresh Plaza သတင်းဆောင်းပါး အရ သိရှိရပါသည်။

Source https://www.freshplaza.com/asia/article/9764578/new-zealand-avocado-growers-face-low-prices/


တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ  (၁၇) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ