နေကြာစိုက်ပျိုးရေးနှင့် ပျားမွေးမြူရေးလုပ်ငန်းကို ပေါင်းစည်းဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပခဲ့

  • Wed, 15 October 2025

နေကြာစိုက်ပျိုးရေးနှင့် ပျားမွေးမြူရေးလုပ်ငန်းကို ပေါင်းစည်းဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပခဲ့


နေကြာစိုက်ပျိုးခြင်းနှင့်  ပျားထွက်ကုန်တင်ပို့မှုမှ  ဝင်ငွေတိုးပွားစေခြင်းဆိုင်ရာ ဆွေးနွေးပွဲ ကို မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပျားမွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးရုံး၌ အောက်တို ဘာ ၄ ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါ   ဆွေးနွေးပွဲကို   စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယ

ဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းသုတေသနဦးစီးဌာနနှင့် မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပုဂ္ဂလိက ပျား မွေးမြူသူများ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီးက စားသုံးဆီဖူလုံရေး၊ နေကြာစိုက်ပျိုးမှုတိုးချဲ့ရေး၊ ပျားမွေးမြူရေးနှင့် ပျားရည်ထွက်ရှိမှုအခြေအနေ၊ အစိုးရနှင့် ပုဂ္ဂလိက ပျားမွေးမြူရေး၊ ပုဂ္ဂလိက ကဏ္ဍမှ ပျားရည် ထွက်ရှိမှု၊  ပျားရည်နှင့်  ပျားဖယောင်းထုတ်လုပ်သည့်  စက်ရုံတွင်  ပျားရည် သန့်စင်ခြင်းလုပ်ငန်း၊ ပျားရည်တင်ပို့မှု  အလားအလာ၊  နိုင်ငံခြားဝင်ငွေရရှိရေး၊  မျိုးကောင်းမွန်သည့်  ပျားဘုရင်မ သားပေါက် ရောင်းချရေး၊  ပျားမွေးမြူရေးလုပ်ငန်းကို စိတ်ဝင်စားမှုမြင့်မားလာစေရေး၊ သီးနှံများ ဝတ်မှုန်ကူးရန်အတွက် နေကြာစိုက်ခင်း တစ်ဧကတွင် ပျားအိမ်တစ်အိမ်ထားရှိရေး၊ ပျားများ ဝတ်မှုန် နှင့် ဝတ်ရည် စုဆောင်းနိုင်သည့် အပင်များ  စိုက်ပျိုးခြင်းနှင့်  ပိုးမွှားနှင့်ရောဂါထိန်းချုပ်ရေး အစီ အစဉ်များ စသည့် အကြောင်းအရာတို့ကို ဆွေးနွေးသွားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပျားမွေးမြူသူများ၊ နေကြာ စိုက်ပျိုးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ကို ညှိနှိုင်းဆောင်ရွက်ပေးပြီး ပျားရည် သန့်စင်ခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်တို့ကို ကြည့်ရှုစစ်ဆေးသည်။

မြန်မာနိုင်ငံက ပျားရည်ကို တရုတ်၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို တင်ပို့ နေပါသည်။လက်ရှိဘဏ္ဍာရေးနှစ် ၂၀၂၅-၂၀၂၆ ၏ လွန်ခဲ့သည့် ၄လ (ဧပြီမှ ဇူလိုင်လ) အတွင်း ပျားရည်တင်ပို့မှုမှာ ၇၀၉ မက်ထရစ်တန်အထိ ရောက်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ  ၁ ဒသမ ၅ သန်း တန်ဖိုးရှိကြောင်း  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနလက်အောက်ရှိ   ပျားမွေးမြူရေး ဖွံ့ဖြိုးမှုရုံးမှ သိ ရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပျားရည်တင်ပို့မှုသည် မက်ထရစ်တန်ချိန် ၂၂၀၀ ကျော်ရှိသည်။စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများသည် မြန်မာ့ပျားရည်ကို အဓိ ကထုတ်လုပ်သည့် ဒေသများဖြစ်သည်။

မြန်မာ့ပျားမွေးမြူရေးလုပ်ငန်းကို ရန်ကုန်၊ ပဲခူးနှင့် မကွေးတိုင်းဒေသကြီး၊ ကချင်၊ ကယား၊ ကရင်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ လိုင်ချီးပျားရည်နှင့် ပန်းပျားရည်တို့ကို ထုတ်လုပ်သည်။

မြို့နယ် ၃၁ ခုတွင် ပျားအိမ် ၆၂၀၀ နှင့်အတူ နိုင်ငံတော်ပိုင်ပျားမွေးမြူရေးစခန်းနှင့် ပုဂ္ဂလိကပိုင်ပျားမွေးမြူရေးလုပ်ငန်း ၉၅၀ ကျော်ရှိပြီး ပျားအိမ် ၂၀၀,၀၀၀ နီးပါးဖြင့် လုပ်ကိုင်လျက် ရှိသည်။ထို့အပြင် နှစ်စဉ် ပျားဝတ်မှုန်ကူးခြင်းဖြင့် သီးနှံစိုက်ဧက နှစ်သန်းခန့်ကို ပံ့ပိုးပေးနေသည်။

သီးနှံစိုက်ခင်းအနီးရှိ ပျားမွေးမြူရေးလုပ်ငန်းသည် သီးနှံအထွက်နှုန်းနှင့် အရည်အသွေးကို သာမက ကောင်းမွန်သော ပျားရည်ထုတ်လုပ်မှုကို အထောက်အကူပြုကြောင်းကို ၈.၁၀.၂၀၂၅ ရက် နေ့က ဖတ်ရှုခဲ့ရသည့် Global New Light of Myanmar ၏ သတင်းဆောင်းပါးမှတစ်ဆင့် သိရှိ ခဲ့ရသည်။


ဆက်စပ် သတင်းများ