မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဒုတိယနှစ်ဝက်တွင် ဆန်တင်ပို့မှု ၁.၈ မက်ထရစ်တန် အထိရောက်ရှိရန် ရည်မှန်းထား

  • Wed, 15 October 2025

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဒုတိယနှစ်ဝက်တွင် ဆန်တင်ပို့မှု ၁.၈ မက်ထရစ်တန် အထိရောက်ရှိရန် ရည်မှန်းထား


မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) သည် လက်ရှိဘဏ္ဍာရေးနှစ် ၂၀၂၅-၂၀၂၆ ဒုတိယ နှစ်ဝက်တွင် ဆန်တန်ချိန် ၁.၈ မက်ထရစ်တန် နှင့် တစ်လလျှင် ဆန်တန်ချိန် ၃၀၀၀၀၀ တင်ပို့နိုင်ရန် ရည်မှန်းထားပါသည်။

ယခုဘဏ္ဍာရေးနှစ် ပထမနှစ်ဝက် (ဧပြီမှသြဂုတ်လ) အတွင်း ဆန်တင်ပို့မှုသည် တန်ချိန် ၁.၂ သန်းကျော်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၀၈ သန်းကျော်ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံသည် ဆန် ၃၄၆,၉၁၉ တန်နှင့် ပုံမှန်အဆင့်ဆန် ၂၄၇,၉၈၅ တန်ကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့ခဲ့ပြီး ဖိလစ်ပိုင်နှင့် စပိန်တို့ကိုလည်း တင်ပို့လျက်ရှိပါသည်။

မြန်မာနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၂.၄၈ သန်း တင်ပို့နိုင်ခဲ့ပြီး ခန့် မှန်းတန်ဖိုး ၁.၁၂ ဘီလီယံကျော်ရှိခဲ့ကြောင်း (၉-၁၀-၂၀၂၅)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော GNLM website ၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source https://www.gnlm.com.mm/mrf-targets-to-reach-1-8mt-of-rice-export-in-h2-fy-2025-2026/

တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ