Warning: unlink(D:/Apache24/mis_storage/cache/cache.catalog.language.1761041920): Permission denied in D:\Apache24\htdocs\mis\system\library\cache\file.php on line 68 ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် သစ်သီးဝလံကုန်သွယ်မူတွင် ဒူးရင်းသီး တင်ပို့မှုက စံချိန်တင် မြင့်တက်စေ

ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် သစ်သီးဝလံကုန်သွယ်မူတွင် ဒူးရင်းသီး တင်ပို့မှုက စံချိန်တင် မြင့်တက်စေ

  • Tue, 21 October 2025

ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် သစ်သီးဝလံကုန်သွယ်မူတွင် ဒူးရင်းသီး တင်ပို့မှုက စံချိန်တင် မြင့်တက်စေ


စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ဗီယက်နမ်၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုသည် အမေရိကန် ဒေါ်လာ (၁.၄) ဘီလီယံခန့်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် နှစ်စဉ်  (၅၂.၂) ရာခိုင်နှုန်း တိုးတက်လာ ခဲ့ကာ လစဉ်တန်ဖိုးအားဖြင့် အမြင့်ဆုံးပမာဏအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း စုစုပေါင်း တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ (၆.၂၂) ဘီလီယံ ရှိခဲ့ရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ အလားတူကာလနှင့် နှိုင်းယှဉ်လျှင် (၁၀.၃)ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

တရုတ်၊ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ဗီယက်နမ်၏သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ဝယ်ယူမူ ထိပ်ဆုံးသုံးနိုင်ငံဖြစ်ပြီး  ဗီယက်နမ်၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်း ရွက်တင်ပို့မှု တန်ဖိုး၏ (၇၃.၄) %ကို ဝယ်ယူခဲ့ကြသည်။ အမေရိကန်သို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၄၀၆) သန်း  ရှိခဲ့ပြီး နှစ်စဉ် (၅၉.၈) % တိုးတက်ခဲ့သည်။တောင်ကိုရီးယားသို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၂၃၇) သန်း ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ကကဲ့သို့ပင် နှိုင်းယှဉ်နိုင်သည့် ပမာဏဖြစ်သည်။တရုတ်သို့ တင်ပို့မှုသည် စက်တင်ဘာလ တစ်လထဲတွင်ပင် အမေရိကန်ဒေါ်လာ (၁.၀၇) ဘီလီယံ ရှိခဲ့ပြီး အခြားဈေးကွက် နှင့်နှိုင်းယှဉ်ပါက မှတ်တမ်းတင်ထားသည့် အမြင့်ဆုံး လ ပိုင်းတန်ဖိုးဖြစ်ကာ ၂၀၂၄ ခုနှစ် စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက (၅၀.၇) ရာခိုင်နှုန်းတိုးတက် ခဲ့ပါသည်။ ပထမ (၉) လပတ်အတွင်း တရုတ်သို့ တင်ပို့မှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ (၃.၈၆) ဘီလီယံ ရှိခဲ့ပြီး ယခင်ကျဆင်းနေမှုမှ တစ်နှစ်ထက်တစ်နှစ်နှစ်စဉ် (၁.၈) ရာခိုင်နှုန်း မြင့်တက်ခဲ့ပါ သည်။

ဒူးရင်းသီးသည် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းလများတွင်လည်း အဓိကတင်ပို့ကုန်ထုတ်ကုန်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း Nguyen ကပြောပါသည်။ ပထမ (၉) လပတ်အတွင်း ဒူးရင်းသီး တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၂.၆) ဘီလီယံမှ (၂.၇) ဘီလီယံကြား ဝင်ငွေရရှိခဲ့သည်။ Gia Lai ပြည်နယ်တွင် ခူးဆွတ်မှုများ ဆက်လက်ရှိနေပြီး မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှ ခူးဆွတ်မူများ နောက်ပိုင်းတွင် လိုက်ပါလာမည်ဟု မျှော်မှန်းထားသည်။

တရုတ်ဈေးကွက်တွင် ဈေးကွက်အလားအလာ ကောင်းမွန်နေသော အခြားသစ်သီးများမှာ ငှက်ပျောသီး၊ သရက်သီး၊ ပန္နဲသီးနှင့် အုန်းသီးတို့ ဖြစ်ပြီး ယင်းတို့သည် လာမည့်လပိုင်းအတွင်း တင်ပို့မှု ပိုမိုတိုးတက်လာစေရန် ဆက်လက်အားဖြည့်ပေးသွားမည်ဟု ယုံကြည်ရ သည်။

ဗီယက်နမ်သစ်သီးအသင်း (Vinafruit) ၏ ခန့်မှန်းတွက်ချက်မှုများအရ ဗီယက်နမ်သစ်သီး တင်ပို့သူ များအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း တရုတ်ဈေးကွက်မှ အမေရိကန်ဒေါ်လာ (၅.၅) ဘီလီယံ ခန့် ရရှိမည်ဟု မျှော်မှန်းထားရာ ထိုပမာဏသည် ၂၀၂၄ ခုနှစ်က ရရှိခဲ့သည့် အမေရိကန်ဒေါ်လာ (၄.၆၃) ဘီလီယံ ထက်သာလွန်မည်ဖြစ်ပါကြောင်းကို (၁၀-၁၀-၂၀၂၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့ သော Fresh Plaza သတင်းဆောင်းပါးအရသိရှိရပါသည်။


Source https://www.freshplaza.com/asia/article/9773178/vietnamese-durian-exports-drive-record-fruit-trade-with-china/


တင်ပြသူ ဒေါ်ဥမ္မာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၁၅) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ