ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖုန်းမုန်တိုင်း ပါအိုလိုကြောင့် ငှက်ပျောနှင့် ဟင်းသီးဟင်းရွက်များ ပျက်စီးဆုံးရှုံး

  • Tue, 21 October 2025

ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖုန်းမုန်တိုင်း ပါအိုလိုကြောင့် ငှက်ပျောနှင့် ဟင်းသီးဟင်းရွက်များ ပျက်စီးဆုံးရှုံး


ဖိလစ်ပိုင်နိုင်ငံ Cagayan Valley ဒေသတွင် တိုင်ဖုန်းမုန်တိုင်း ပါအိုလို (အပြည်ပြည် ဆိုင်ရာအမည် Matmo) ကြောင့် လယ်ယာသီးနှံများ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဖိလစ်ပိုင်ပီဆို ၁၆၂.၅၁ သန်း (အမေရိကန်ဒေါ်လာ ၂.၈၆ သန်း) ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန–သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ ရေးစင်တာ (DA-DRRM) က ထုတ်ပြန်ကြေညာသည်။

အမှတ်စဉ် (၄) သတင်းစာအရ၊ ယခုဘေးဒဏ်သည် လယ်သမား ၃,၈၉၀ ဦး အား ထိခိုက်ခဲ့ပြီး  ဟက်တာ ၅,၁၈၁ မှ ထုတ်လုပ်မှု ကုန်တန်ချိန် ၉,၀၃၉ တန် ဆုံးရှုံးခဲ့ရသည်။ ဆုံးရှုံးမူများတွင် ဆန်၊ ပြောင်းနှင့် တန်ဖိုးမြင့်သီးနှံများပါဝင်ကြောင်း သတင်းပို့ခဲ့သည်။

တန်ဖိုးမြင့် သီးနှံများသည် ဆုံးရှုံးမှု အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး၊ ဟင်းသီးဟင်းရွက် များနှင့် ငှက်ပျောတန်ချိန် ၁,၇၁၀ တန် ဆုံးရှုံးခဲ့ရကာ ၎င်း၏တန်ဖိုးမှာ ဖိလစ်ပိုင်ပီဆို ၈၅.၁၆ သန်း (အမေရိကန်ဒေါ်လာ ၁.၅ သန်း) ဖြစ်သည်။ ပြောင်းသီးနှံဆုံးရှုံးမှုမှာ တန်ချိန် ၁,၀၈၂ တန်ရှိပြီး တန်ဖိုးအားဖြင့် ဖိလစ်ပိုင်ပီဆို ၁၁.၁၈ သန်း (အမေရိကန်ဒေါ်လာ ၁၉၇,၀၀၀) ဖြစ်သည်။ လက်တွေ့ မြေပြင်စစ်ဆေးအတည်ပြုခြင်း လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင် လျက်ရှိသည်။

စိုက်ပျိုးရေးဦးစီးဌာန (DA) ကမူ ယခင်က အခြားသဘာဝဘေး အခြေအနေများကြောင့် ဖြစ်ပေါ်ခဲ့သည့် သီးနှံပျက်စီးမှုများကိုလည်း မှတ်တမ်းတင်ထားသည်။ အနောက်တောင်မုတ်သုံ ရာသီနှင့် အပူပိုင်းမုန်တိုင်းများဖြစ်သော မိရာဆော၊ နန်ဒိုနှင့် အိုပေါင်တို့၏ ပေါင်းစပ်သက်ရောက်မှု များကြောင့် ဖိလစ်ပိုင်ပီဆို ၂.၅၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၄.၁ သန်း) မျှ ဆုံးရှုံးခဲ့ရပြီး လယ်သမား ၈၅,၀၀၀ ကျော် ထိခိုက်ခဲ့ရသည်။

လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသော ပံ့ပိုးကူညီမှုများတွင် စပါးနှင့် ပြောင်းကဲ့သို့ သော တန်ဖိုးမြင့်သီးနှံများအတွက် ဖိလစ်ပိုင်ပီဆို ၇၆၆.၄၂ သန်း (အမေရိကန်ဒေါ်လာ ၁၃.၄ သန်း) တန်ဖိုးရှိသော စိုက်ပျိုးရေးဆိုင်ရာ ပံ့ပိုးပစ္စည်းများ(မျိုးစေ့၊ ဓာတ်မြေဩဇာ စသည်) ထောက်ပံ့ခြင်း။ လယ်သမားတစ်ဦးလျှင် ဖိလစ်ပိုင်ပီဆို ၂၅,၀၀၀ (အမေရိကန် ဒေါ်လာ ၄၃၉) အထိ သုံးနှစ် အရစ်ကျ ပေးဆောင်ရသော အတိုးမဲ့ချေးငွေထုတ်ပေးခြင်း၊ ဖိလစ်ပိုင် သီးနှံအာမခံကော်ပိုရေးရှင်းမှတစ်ဆင့် ဖိလစ်ပိုင်ပီဆို ၂၃၇ သန်း (အမေရိကန်ဒေါ်လာ ၄.၁၆ သန်း) တန်သော အာမခံကြေး ပြန်လည် ပေးချေမှုများ ဆောင်ရွက်ခြင်းတို့ဖြစ်သည်။ ထို့အပြင် စိုက်ပျိုးရေး ဦးစီးဌာန (DA) သည် Kadiwa Centers (ကဒီဝါစင်တာ)များကိုလှုပ်ရှားအသက်သွင်း၍ 

ဆန်ကို ၁ ကီလိုဂရမ်လျှင် ဖိလစ်ပိုင်ပီဆို ၂၀ (အမေရိကန်ဒေါ်လာ ၀.၃၅) ဖြင့် ရောင်းချရန် ကြေညာ ခဲ့ပြီး အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့၏ သိုလှောင်ထားရှိသောအရန် ဆန်များကို ထုတ် ရောင်းရန်လည်း ကြေညာခဲ့သည် ဖြစ်ကြောင်းကို (၉-၁၀-၂၀၂၅) ရက် နေ့ထုတ် Fresh Plaza သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source https://www.freshplaza.com/asia/article/9773176/typhoon-paolo-damages-banana-and-vegetable-crops-in-philippines/


တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ  (၁၅) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ