ရန်ကုန်မြို့ စားအုန်းဆီရည်ညွှန်းဈေးနှုန်း နှစ်ပတ်အတွင်း တည်ငြိမ်နေ
- Thu, 23 October 2025
အောက်တိုဘာ ၁၉ ရက်ထိ ယခုအပတ်၏ ရန်ကုန်ဈေးကွက်အတွက် သတ်မှတ် ထားသော စားအုန်းဆီလက်ကားရည်ညွှန်းဈေးနှုန်းမှာ ယခင်အပတ်ကဲ့သို့ တစ်ပိဿာလျှင် ၆,၅၈၅ ကျပ် ဖြင့် မပြောင်းလဲဘဲရှိနေကြောင်း စားသုံးဆီ တင်သွင်းဖြန့်ဖြူးမှု ကြီးကြပ်ရေး ကော်မတီထံမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စားသုံးဆီတင်သွင်း ဖြန့်ဖြူးမှုကြီးကြပ်ရေးကော်မတီသည် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံရှိ FOB စျေးနှုန်းများကို အနီးကပ် စောင့်ကြည့်နေပြီး အပတ်စဉ် စားသုံးဆီ လက်ကား ဈေးကွက်ရည်ညွှန်းဈေးနှုန်းကို ဆုံး ဖြတ်ရန်အတွက် သယ်ယူပို့ဆောင်ရေး စရိတ်များ၊ အခွန်အခများနှင့် ဘဏ်ဝန်ဆောင်မှုများကို ထည့် သွင်းထားသည်။
ဌာနမှ စားသုံးသူများအနေဖြင့် စားအုန်းဆီကို ဈေးနှုန်းမြင့်မားစွာဖြင့် မဝယ်ယူကြရန် တိုက် တွန်းထားပါသည်။
စျေးကွက်အတွင်း ဈေးကစားရန် ကြိုးပမ်းခြင်းနှင့် ဈေးကွက်ချုပ်ကိုင်ခြယ်လှယ်ရန် စားသုံး ဆီသိုလှောင်ခြင်းတွင် ပါဝင်ပတ်သက်သူ မည်သူမဆို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ဖြင့် တရားဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ကော်မတီမှ အသိပေးထားသည်။
ဌာနအနေဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်ကြီးများအသင်းနှင့် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ပြီး စားသုံးသူများအတွက် သက်သာသော နှုန်းထားဖြင့် တင် သွင်းသော စားအုန်းဆီများ ရရှိနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ဈေးနှုန်းပိုမိုရောင်းချပါက စားသုံးသူရေးရာဦးစီးဌာန၏ hotline နံပါတ် ၁၅၃၅ သို့ တိုင်ကြား နိုင်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဌာနများ၏ လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် ပေးပို့တိုင်ကြားနိုင်သည်။ ပြည်တွင်းစားအုန်းဆီ ထုတ်လုပ်မှုမှာ တန်ချိန် ၄၀၀,၀၀၀ ခန့် သာရှိသည်။
ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ နှစ်စဉ် စားအုန်းဆီ တန်ချိန် ၇ သိန်းခန့် တင်သွင်းလျက်ရှိသည်ကို (၁၄.၁၀.၂၀၂၅) ရက်နေ့က ဖတ်ရှုခဲ့ ရသည့် Global New Light of Myanmar ၏ သတင်းဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။
Source https://www.gnlm.com.mm/yangon-palm-oil-reference-prices-stable-for-two-weeks/
တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၂) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန