အိန္ဒိယသည် Chittoor ခရိုင်ရှိ သရက်သီးစိုက်တောင်သူများအား ဒေါ်လာ ၁၇.၆ သန်း လွှဲပြောင်းပေးခဲ့
- Thu, 23 October 2025
အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ် ပြည်နယ်၊ Chittoor ခရိုင်ရှိ သရက်စိုက်တောင်သူ ၃၁,၉၂၉ ၏ ဘဏ်စာရင်းသို့ ရူပီး ၁၄၆.၈၄ ကုဋေ (အမေရိကန်ဒေါ်လာ ၁၇.၆ သန်း) တိုက်ရိုက်အကျိုး ခံစားခွင့်ငွေလွှဲမှု (DBT) စနစ်ဖြင့် လွှဲပြောင်းပေးခဲ့ပါသည်။ ထောက်ပံ့ငွေများသည် ယခုရာသီတွင် ထွက်ရှိသော သရက်သီး မက်ထရစ်တန် ၃.၆၇ သိန်း ပေးချေမည်ဖြစ်ကြောင်း ခရိုင် အုပ်ချုပ်ရေးမှူး Sumit Kumar က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကြေညာခဲ့ပါသည်။ ခရိုင် ဥယျာဉ်ခြံအရာရှိ Madhusudan Reddy လည်း တက်ရောက်ခဲ့သည်။
ပြည်နယ်အစိုးရ၏ဆုံးဖြတ်ချက်အရ သရက်စိုက်တောင်သူများအား တစ်ကီလိုလျှင် (၄) ရူပီး ဖြင့် ရူပီး ၁၄၆.၈၄ ကုဋေ (အမေရိကန်ဒေါ်လာ ၁၇.၆ သန်း) ကို အရည်အချင်းပြည့်မီသော တောင်သူ ၃၁၉၂၉ ဦး၏ စာရင်းတွင်ထည့်သွင်းထားကြောင်း၊ အများဆုံးငွေထုတ်ချေးမှုကို Bangarupalem mandal တွင် ထုတ်ချေးထားကြောင်း Kumar က ဆိုပါသည်။ တမီလ်နာဒူးနှင့် ကာနာတာကာ နှင့် မတူဘဲ အန်ဒရာပရာဒတ်ရှ်ပြည်နယ်သည် သရက်သီးစိုက်ပျိုးသူများအတွက် ထောက်ပံ့ကြေးနှင့် အနိမ့်ဆုံး အာမခံစျေးနှုန်းနှစ်ခုလုံးကို ပေးဆောင်သည့် တစ်ခုတည်းသော ပြည်နယ်ဖြစ်ကြောင်း၊ ၎င်းတို့ဘက်က ရပ်တည်ပေးသော နိုင်ငံတော်အစိုးရကို သရက်စိုက် တောင်သူများကိုယ်စား ကျေးဇူးတင်ရှိကြောင်း ၎င်းက ပြောသည်။
ထောက်ပံ့ကြေးအတွက် အရည်အချင်းပြည့်မီမှုကို e-Crop ကြိုတင်စာရင်းသွင်းခြင်းနှင့် ကွင်းဆင်း စစ်ဆေးခြင်းများမှတစ်ဆင့် စစ်ဆေးကြောင်း၊ ပေးချေမှုမရသေးသော်လည်း အရည် အချင်းပြည့်မီသော လယ်သမားများသည် မကျေနပ်ချက်များကို အောက်တိုဘာ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး Rythu Seva Kendras (RSKs) သို့မဟုတ် မြို့နယ်နှင့် ခရိုင်စိုက်ပျိုးရေး တာဝန်ရှိသူများထံ တင်ပြနိုင်ကြောင်း၊ ၎င်းတို့၏ အရည်အချင်းပြည့်မီမှုကို ၄၈ နာရီအတွင်း စိစစ်သွားမည်ဖြစ်ကြောင်း Kumar က ဆိုသည်။
လယ်သမား ၂၁ ဦးသည် တစ်ဦးလျှင် ရူပီး ၅ သိန်း (အမေရိကန်ဒေါ်လာ ၆,၀၀၀) ထက် ကျော်လွန်၍ ထောက်ပံ့ကြေးများရရှိနိုင်ပြီး ၎င်းတို့ကိစ္စများကို အပြီးသတ်မထုတ်ပေးမီ ပြန်လည် သုံးသပ်ထားကြောင်း ၎င်းက ဆက်လက်ပြောပါသည်။
ထောက်ပံ့ကြေးငွေပေးချေမှုသည် ရိတ်သိမ်းရာသီအတွင်း တိုက်ရိုက်ပေးချေမှုနှင့် စျေးကွက်စျေးနှုန်း ဆိုင်ရာ စည်းမျဉ်းများမှတစ်ဆင့် လယ်ယာလုပ်ငန်းဝင်ငွေတည်ငြိမ်စေရန် နိုင်ငံတော်၏ ကျယ်ပြန့် သော မူဝါဒ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း (၁၅-၁၀-၂၀၂၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့ သော Fresh Plaza website ၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9774887/india-transfers-17-6-million-mango-subsidies-to-chittoor-farmers/
တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန