၂၀၂၅-၂၀၂၆ ရာသီအတွက် ပထမဆုံး ချီလီချယ်ရီသီးများကို တရုတ်နိုင်ငံသို့ လေကြောင်းဖြင့် ပို့ဆောင်ခဲ့

  • Thu, 30 October 2025

၂၀၂၅-၂၀၂၆ ရာသီအတွက် ပထမဆုံး ချီလီချယ်ရီသီးများကို တရုတ်နိုင်ငံသို့ လေကြောင်းဖြင့် ပို့ဆောင်ခဲ့


၂၀၂၅-၂၀၂၆ ရာသီအတွက် ပထမဆုံး ချီလီချယ်ရီသီးများကို တရုတ်နိုင်ငံသို့ လေကြောင်းဖြင့် ပို့ဆောင်ခဲ့၂၀၂၅-၂၀၂၆ ချီလီချယ်ရီသီးတင်ပို့ရောင်းချရေးလှုပ်ရှားမှုကို တရားဝင်စတင်လိုက်ပြီဖြစ်ပြီး ပထမဆုံး လေကြောင်းပို့ဆောင်မှုအနေဖြင့် အောက်တိုဘာ ၂၁ ရက်တွင် ချီလီနိုင်ငံ ဆန်တီယာဂိုမှ ထွက်ခွာမည်ဖြစ်သည်။ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ချယ်ရီသီးတန်ချိန်နှစ်တန်ခန့်ကို တရုတ်နိုင်ငံသို့ LATAM Cargo Group မှတစ်ဆင့် ပို့ဆောင်ခဲ့ပြီး စျေးကွက်ချဲ့ထွင်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။ လေကြောင်းပို့ဆောင်ရေးရာသီသည် ဒီဇင်ဘာလလယ်ထိ ရှိနေမည် ဖြစ်ကာ ချီလီစိုက်ပျိုးထုတ်လုပ်သူများနှင့် အာရှဈေးကွက်ကို ချိတ်ဆက်ပေးပြီး လတ်ဆတ်သော သစ်သီးများအချိန်မီ ရောက်ရှိလာရေး ဆောင်ရွက်သွားမည်ဖြစ်သည်။

တရုတ်နှစ်သစ်ကူးမတိုင်မီ ဝယ်လိုအားမြင့်မားစဉ် အချိန်မီရောက်ရှိစေရန်အတွက် ရာသီအစ တွင် စောလျင်စွာရင့်မှည့်သည့် ချယ်ရီသီးမျိုးများကို ပို့ဆောင်ရန်အတွက် လေကြောင်း ပို့ဆောင်ရေး သည်မရှိမဖြစ် လိုအပ်ပါသည်။ ဤအဆင့်တွင် တင်ပို့ မှုပမာဏတိုးမြင့်ရန်အတွက် ခရီးတစ် လျှောက်လုံး ထုတ်ကုန်အရည်အသွေးကို ထိန်းသိမ်းကိုင်တွယ်ရန် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်း များကို ချိန်ညှိထားသည်။

iQonsulting ၏ 2024 International Cherry Market Yearbook အရ ချီလီသည် ကမ္ဘာ့တောင်ပိုင်း ရှိ ချယ်ရီသီးတင်ပို့မှု၏ ၉၇% ကို ကိုယ်စားပြုပြီး ထုတ်လုပ်မှု၏ ၉၀% ခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့သည်။၂၀၂၄ ခုနှစ်တွင် LATAM Cargo သည် ချီလီနိုင်ငံ၏ ချယ်ရီတင်ပို့မှု ပမာဏအများဆုံးကို လေကြောင်းဖြင့် ပို့ဆောင်ခဲ့သည်။ ၂၀၂၅ ရာသီအတွက် ကုမ္ပဏီ သည် ချယ်ရီ သီးတန်ချိန် ၆၀၀၀ ကျော်ကို တင်ပို့ရန် မျှော်မှန်းထားပြီး ယခင်နှစ်ကထက် ၁၀% နီးပါးတိုးလာ ခဲ့သည်။

သယ်ယူပို့ဆောင်သည့်လုပ်ငန်းများကို LATAM Cargo ၏ တောင်အမေရိက ကွန်ရက်မှ ပံ့ပိုး ပေးထားပြီး နိုင်ငံပေါင်း ၃၁ နိုင်ငံရှိ ခရီးစဉ်ဒေသ ၁၆၅ ခု ပါဝင်ပြီး ၁၂ ခုသည် ကုန်စည်ပို့ဆောင် ရန်အတွက် သီးသန့်ဖြစ်ကာ ယခုဆက်သွယ်မှုကြောင့် တင်ပို့မှု အချိန်အကန့်အသတ်အတွင်း အာရှ နှင့် အခြားဒေသများရှိ အဓိကကျသော သက်တမ်းတို ကုန်ပစ္စည်း ဈေးကွက်ကို ရရှိစေမည်ဖြစ် ကြောင်း (၂၃-၁၀-၂၀၂၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Fresh Plaza website ၏ ဆောင်းပါးအရ သိရှိရပါသည်။


Source https://www.freshplaza.com/asia/article/9777719/first-chilean-cherries-airfreighted-to-china-for-2025-26-season/

တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ