ရန်ကုန်စားအုန်းဆီရည်ညွှန်းဈေးနှုန်းသည် ၃ ပတ်အတွင်း အနိမ့်ဆုံးဈေး ၆,၅၆၅ ကျပ်သို့ ကျဆင်း

  • Sat, 8 November 2025

ရန်ကုန်စားအုန်းဆီရည်ညွှန်းဈေးနှုန်းသည် ၃ ပတ်အတွင်း အနိမ့်ဆုံးဈေး ၆,၅၆၅ ကျပ်သို့ ကျဆင်း


ရန်ကုန်ဈေးကွက်အတွက် သတ်မှတ်ထားသော စားအုန်းဆီ လက်ကားရည်ညွှန်းနှုန်းမှာ လွန်ခဲ့သည့် သုံးပတ်အတွင်း တစ်ပိဿာလျှင် ၆၅၈၅ ကျပ် စံချိန်တင်ဈေးမှ အောက်တိုဘာလ ၃၀ ရက်နေ့ နောက်ဆုံးပတ်တွင် ၆၅၆၅ ကျပ်သို့ အနည်းငယ်ကျဆင်းခဲ့ကြောင်း စားသုံးဆီတင်သွင်း ဖြန့်ဖြူးရေး ကြီးကြပ်မှုကော်မတီမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စားသုံးဆီ တင်သွင်း ဖြန့်ဖြူးမှု ကြီးကြပ်ရေးကော်မတီသည် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံရှိ FOB စျေးနှုန်းများကို အနီး ကပ်စောင့်ကြည့်နေပြီး အပတ်စဉ် စားသုံးဆီလက်ကားဈေးကွက်ရည်ညွှန်းဈေးနှုန်းကို ဆုံးဖြတ်ရန် အတွက် သယ်ယူပို့ဆောင်ရေးစရိတ်များ၊ အခွန်အခများနှင့် ဘဏ်ဝန်ဆောင်မှုများကို ထည့်သွင်း ထားသည်။ 

ငွေပိုကောက်ခံခြင်းကို ထိန်းချုပ်ရန်အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနလက်အောက်ရှိ စားသုံးသူရေးရာ ဦးစီးဌာနမှ ခေါ်ဆိုမှုစင်တာ hotline မှတစ်ဆင့် ဈေးနှုန်းပိုမို တောင်းခံသည့် တိုင်ကြားစာများကို ဩဂုတ်လနှောင်းပိုင်းတွင် စားသုံးသူများထံ အသိပေးခဲ့ပြီး ဈေးနှုန်းများသော စားအုန်းဆီများအား ဝယ်ယူမှုမပြုကြရန် တိုက်တွန်းထားပါသည်။

စျေးကွက်အတွင်း ချုပ်ကိုင်ခြယ်လှယ်ရန် ကြိုးပမ်းသူများနှင့် ဆီသိုလှောင်ခြင်းတွင်ပါဝင် ပတ်သက်သူ မည်သူမဆို မရှိမဖြစ်အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရ မည်ဖြစ်ကြောင်း ကော်မတီမှ အသိပေးထားပါသည်။

ဌာနအနေဖြင့် မြန်မာနိုင်ငံဆီ တင်သွင်းရောင်းချသူများအသင်း၊ စားသုံးဆီ တင်သွင်းသည့် ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စားသုံးသူများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ဈေးနှုန်းပိုတောင်းခံမှုများကို စားသုံးသူရေးရာဦးစီးဌာန၏ hotline 1535 သို့ တိုင်ကြားနိုင်ပြီး သက်ဆိုင်ရာဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဌာနများ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာသို့ ပေးပို့နိုင်ပါ သည်။

ပြည်တွင်းစားအုန်းဆီစားသုံးမှုမှာ တစ်နှစ်လျှင် တန်ချိန် တစ်သန်းခန့်ရှိပြီး ထုတ်လုပ်မှု အနေ ဖြင့် တန်ချိန် လေးသိန်းခန့်သာရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန် အတွက် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ နှစ်စဉ် စားအုန်းဆီ တန်ချိန် ၇ သိန်းခန့် တင်သွင်း လျက်ရှိကြောင်း (၂၅-၁၀-၂၀၂၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar သတင်း အရ သိရှိရပါသည်။

 

Source https://www.gnlm.com.mm/yangon-palm-oil-reference-price-set-3-week-low-of-k6565/

တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန




ဆက်စပ် သတင်းများ