အိန္ဒိယမှ ငှက်ပျောစပ်မျိုးသစ်များသည် ရောဂါဒဏ်ခံနိုင်ရန်နှင့် အထွက်နှုန်းမြင့်မားရေး စိန်ခေါ်မှုများကို ရင်ဆိုင်ရန် ပြင်ဆင်

  • Sat, 8 November 2025

အိန္ဒိယမှ ငှက်ပျောစပ်မျိုးသစ်များသည် ရောဂါဒဏ်ခံနိုင်ရန်နှင့် အထွက်နှုန်းမြင့်မားရေး စိန်ခေါ်မှုများကို ရင်ဆိုင်ရန် ပြင်ဆင်


အိန္ဒိယနိုင်ငံအခြေစိုက် Acres EXIM ကုမ္ပဏီမှ မစ္စတာ Prasad Chavan မှ အိန္ဒိယမှ ငှက်ပျော တင်ပို့မှုများ ယခုလအတွင်း သိသာထင်ရှားစွာ တိုးတက်လာခဲ့သည်" ဟု ပြောပါသည်။ ယခုသုံးလပတ် အတွင်း ကျွန်ုပ်တို့၏ ငှက်ပျောတင်ပို့မှုများ အလွန်ကောင်းမွန်စွာ လည်ပတ် နေပြီး အဓိက ဈေးကွက် များ ဖြစ်သည့် ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသများမှ ဝယ်လိုအား တိုးတက် လာခြင်းကြောင့် ဖြစ်သည်။ ယမန်နှစ် အောက်တိုဘာလနှင့် နှိုင်းယှဉ်ပါက ယခု အောက်တိုဘာလ အတွင်း တင်ပို့မှု ပမာဏမှာ (၁၅) % ခန့် တိုးတက်လာခဲ့ပါသည်" ဟု ရှင်းပြခဲ့သည်။

Chavan သည် ကမ္ဘာ့စျေးကွက်အခြေအနေ မတည်ငြိမ်သည့်တိုင် ပုံမှန်အမှာစာများနှင့် ယုံကြည်ရလောက်သည့် ထောက်ပံ့ရေးစနစ်ကြောင့် ဤအပြုသဘောဆောင်သော ဦးတည်ချက် ဖြစ်ပေါ်ရသည်ဟု ရှင်းပြသည်။ဆက်လက်၍ယခုနှစ်အတွင်း အိန္ဒိယ ငှက်ပျော၏ တင်ပို့ရောင်းချ စျေးနှုန်းများသည် ရောထွေးမှုများရှိနေပါသည်။ ပင်လယ်ရပ်ခြား စျေးကွက်အချို့တွင် စျေးနှုန်းများ အနည်းငယ်လျော့နည်းခဲ့သော်လည်း အခြားစျေးကွက်များတွင် ကုန်သည်များသည် စျေးနှုန်းအဆင့် အတန်းကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယေဘုယျအား ဖြင့် ဈေးကွက်သည် အတော်အသင့် တည်ငြိမ်နေပြီး အရည်အသွေးမြင့် ငှက်ပျောများသည် တင်ပို့ သူများအတွက် ကောင်းမွန်သော ဝင်ငွေကို ဆက်လက် ရရှိနေဆဲဖြစ်သည်။

တင်ပို့ရောင်းချသူများအတွက် ဈေးကွက်စုံလင်အောင် ချဲ့ထွင်ခြင်းသည် ဦးစားပေး လုပ်ငန်း စဉ်တစ်ရပ်ဖြစ်နေသည်။ "တင်ပို့ရောင်းချသူတိုင်းအတွက် တစ်ခုတည်းသော သွင်းကုန်သည် တစ်ဦး သို့မဟုတ် ဈေးကွက်တစ်ခုတည်းအပေါ် မှီခိုရခြင်းသည် စွန့်စားမှုတစ်ရပ်ဖြစ်သည်။ ယင်းအစား ဈေးကွက်အမျိုးမျိုးသို့ ချဉ်းကပ်ရရှိရန်နှင့် ပြောင်းလဲလာသော လိုအပ်ချက်များကို နီးကပ်စွာ စောင့်ကြည့်ရန်ကို အာရုံစိုက်ကြသည်။ဥပမာအားဖြင့် ဥရောပနှင့် ဂျပန်နိုင်ငံတို့သည် အထူးသဖြင့် အမှတ်တံဆိပ်ခတ်ခြင်း၊ ထုပ်ပိုးခြင်းနှင့် ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ စံချိန်စံညွှန်းများအလွန် မြင့်မားကြသည်။ ဤဒေသများရှိ လူငယ်စားသုံးသူများသည် ပိုမိုကောင်းမွန်သော စိုက်ပျိုးရေး နည်းလမ်းများနှင့် မျှတသော ကုန်သွယ်ရေးစနစ်များကိုပါ စိတ်ဝင်စားကြသဖြင့် တင်ပို့ရောင်းချသူ များအနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိရန် လိုက်လျောညီထွေရှိရမည်ဖြစ်ပါသည်" ဟု ရှင်းလင်းခဲ့သည်။

Chavan သည် အိန္ဒိယ၏ ဆန်းသစ်တီထွင်မှုအား အလေးပေးမှုကို အသားပေးဖော်ပြရင်း၊ ငှက်ပျောစိုက်ပျိုးရေးကဏ္ဍကို ပံ့ပိုးကူညီနေသည့် သုတေသနလုပ်ငန်းများနှင့် ဒေသဆိုင်ရာ အားထုတ်မှု များကို ဦးစားပေးပြောခဲ့ပါသည်။" Tamil Nadu ပြည်နယ်၊ Trichy မြို့ရှိ နိုင်ငံတော် ငှက်ပျောသီး သုတေသနစင်တာ (NRCB) သည် ရောဂါဒဏ်ခံနိုင်ရည်နှင့် စွမ်းရည်ပြည့်ဝသော အရည်အသွေးတို့ကို မြှင့်တင်ရန် ငှက်ပျောမျိုး စပ်မျိုး သစ် များ ကို စမ်းသပ် အကောင်အထည် ဖော်လျက်ရှိပါသည်။ ထိုအတောအတွင်း Kerala'sပြည်နယ်မှ 'ငှက်ပျောဘဏ်' ကဲ့သို့သောဒေသ ဆိုင်ရာ အစီအစဉ်များသည် ဗီဇဆိုင်ရာ ကွဲပြားမှုနှင့် ရောဂါဒဏ်ခံနိုင်စွမ်းကို မြှင့်တင်ပေးနေပါ သည်။ ဤပြည်တွင်းဆိုင်ရာ စီမံချက်များသည် အိန္ဒိယလယ်သမားများနှင့် တင်ပို့ရောင်းချသူများ ရရှိ နိုင်သော ရွေးချယ် စရာ များအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါသည်" ဟု ၎င်းက ပြောပါသည်။ ထို့ပြင် Maharashtra ပြည်နယ်ရှိ Jalgaon နှင့် Solapur စသည့် အဓိက ထုတ်လုပ်သည့် ဒေသများသည် ရေပေးသွင်းမှုစနစ် (drip irrigation) မှ အကျိုးကျေးဇူးရရှိပြီး ၎င်းက လယ်ယာများ အနှံ့ ထုတ်လုပ်မှုစွမ်းရည်နှင့် အရည်အသွေးကို မြှင့်တင်ပေးခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။

လာမည့် ရက်သတ္တပတ်များကို မျှော်ကြည့်ပါက လက်ရှိဝယ်လိုအား ဆက်ရှိနေပြီး၊ ရာသီ ဥတု(သို့မဟုတ်) အပင်ရောဂါဆိုင်ရာ ပြဿနာ ကြီးကြီးမားမား မပေါ်ပေါက်ခဲ့ပါလျှင်၊ ငှက်ပျောတင် ပို့မှုများ တည်ငြိမ် (သို့မဟုတ်) တဖြည်းဖြည်းချင်း မြင့်တတ်လာမည်ဖြစ်ကြောင်း၊ အိန္ဒိယ၏ ငှက်ပျောတင်ပို့မှု အခြေခံအဆောက်အအုံများ ပိုမိုကောင်းမွန်နေ၍ နောက်ထပ် သုံးလပတ်ထဲထိပါ ယခုအချိန်ဖြင့် ဆက်လက်ရှိနိုင်မယ်လို့ မျှော်လင့်ရပါကြောင်းအား (၂၉.၁၀.၂၀၂၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Fresh Plaza သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source https://www.freshplaza.com/asia/article/9779406/new-banana-hybrids-from-india-look-to-take-on-disease-and-yield-challenges/

တင်ပြသူ ဒေါ်ဥမ္မာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ (၅) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ